Unicode Version
တစ်ချိန်က အသင်းရဲ့ ပရိတ်သတ် အချစ်တော် ကစားသမားဟောင်း ခရစ်စတီယာနို ရော်နယ်ဒိုဟာ၂ နှစ်စာချုပ်နဲ့ ယူနိုက်တက်သို့ ပြန်လာရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် လက်ရှိ ကျောနံပါတ် ၇ ပိုင်ရှင် တိုက်စစ်မှူး ကာဗာနီရဲ့ အနာဂတ်ကိုလဲ ယူနိုက်တက်က အတည်ပြူခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် အကြိမ်ကြိမ် သက်သေပြထားခဲ့တဲ့ ရော်နယ်ဒိုဟာ အောင်မြင်မှုတွေရဲ့အစ အိုးထရက်ဖို့ကစားသမားဘဝမှာတော့ တောင်ပံတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြ ကစားခဲ့ပေမယ့် ယခုအခါ အထောင်တိုက်စစ်မှူးအဖြစ်ကစားပြီး ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးထဲမှ တစ်ယောက်အဖြစ်လဲ သတ်မှတ်ခံထားရသူပါ။
ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းက ယူနိုက်တက် တိုက်စစ်အတွက် အရေးပါသော ခေါ်ယူမှု တစ်ခုဖြစ်ပြီး ရော်နယ်ဒိုကို ခေါ်ယူခြင်းကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်မြှားဦးနေရာမှာ ကစားတဲ့ ကာဗာနီအတွက် ပွဲထွက်ကစားသမားနေရာ အပြိုင်အဆိုင် ဖြစ်လာနိုင်သော်လည်း ယူနိုက်တက်က ကာဗာနီကို ရောင်းထုတ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး ကာဗာနီသည် သူရဲ့ ယူနိုက်တက် ကစားသမားဘဝတစ်လျှောက်လုံး အိုးထရက်ဖို့တွင် ကွင်းပိတ်ပြီးသာ ကစားခဲ့ရပြီး ယခုရာသီမှ ပရိသတ်ဝင်ရောက်ခွင့်ရ၍ အိုးထရက်ဖို့ပရိသတ် ၇၅၀၀၀ ရှေ့၌ ကစားခွင့်ရခြင်းဖြစ်ပြီး ကာဗာနီဟာ ပရိသတ်များနဲ့ ထိတွေ့လိုတဲ့ အတွက် ယူနိုက်တက်မှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို အသင်းပြောင်းပြီးနောက် ကျောနံပါတ် ၇ ဝတ်ဆင်ကစားသော ကစားသမားများအနက် ကာဗာနီ တစ်ဦးသာ ထိုက်ထိုက်တန်တန် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ကာဗာနီဟာ ယူနိုက်တက် ကျောနံပါတ် ၇ ကျိန်စာဆိုးကို ချေဖျက်နိုင်သူ အဖြစ်သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။
Zawgyi Version
တစ္ခ်ိန္က အသင္းရဲ႕ ပရိတ္သတ္ အခ်စ္ေတာ္ ကစားသမားေဟာင္း ခရစ္စတီယာနို ေရာ္နယ္ဒိုဟာ၂ ႏွစ္စာခ်ဳပ္နဲ႕ ယူနိုက္တက္သို႔ ျပန္လာရန္ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ လက္ရွိ ေက်ာနံပါတ္ ၇ ပိုင္ရွင္ တိုက္စစ္မႉး ကာဗာနီရဲ႕ အနာဂတ္ကိုလဲ ယူနိုက္တက္က အတည္ျပဴခဲ့ပါတယ္။
လက္ရွိ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား အျဖစ္ အႀကိမ္ႀကိမ္ သက္ေသျပထားခဲ့တဲ့ ေရာ္နယ္ဒိုဟာ ေအာင္ျမင္မႈေတြရဲ႕အစ အိုးထရက္ဖို႔ကစားသမားဘဝမွာေတာ့ ေတာင္ပံတိုက္စစ္မႉးအျဖစ္ ေျခစြမ္းျပ ကစားခဲ့ေပမယ့္ ယခုအခါ အေထာင္တိုက္စစ္မႉးအျဖစ္ကစားၿပီး ကမာၻ႔အေကာင္းဆုံး အေထာင္တိုက္စစ္မႉးထဲမွ တစ္ေယာက္အျဖစ္လဲ သတ္မွတ္ခံထားရသူပါ။
ေရာ္နယ္ဒိုကို ေခၚယူနိုင္ျခင္းက ယူနိုက္တက္ တိုက္စစ္အတြက္ အေရးပါေသာ ေခၚယူမႈ တစ္ခုျဖစ္ၿပီး ေရာ္နယ္ဒိုကို ေခၚယူျခင္းေၾကာင့္ ယူနိုက္တက္ရဲ႕ တိုက္စစ္ျမႇားဦးေနရာမွာ ကစားတဲ့ ကာဗာနီအတြက္ ပြဲထြက္ကစားသမားေနရာ အၿပိဳင္အဆိုင္ ျဖစ္လာနိုင္ေသာ္လည္း ယူနိုက္တက္က ကာဗာနီကို ေရာင္းထုတ္မွာ မဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ တိုက္စစ္မႉး ကာဗာနီသည္ သူရဲ႕ ယူနိုက္တက္ ကစားသမားဘဝတစ္ေလွ်ာက္လုံး အိုးထရက္ဖို႔တြင္ ကြင္းပိတ္ၿပီးသာ ကစားခဲ့ရၿပီး ယခုရာသီမွ ပရိသတ္ဝင္ေရာက္ခြင့္ရ၍ အိုးထရက္ဖို႔ပရိသတ္ ၇၅၀၀၀ ေရွ႕၌ ကစားခြင့္ရျခင္းျဖစ္ၿပီး ကာဗာနီဟာ ပရိသတ္မ်ားနဲ႕ ထိေတြ႕လိုတဲ့ အတြက္ ယူနိုက္တက္မွာ ဆက္ရွိဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒို အသင္းေျပာင္းၿပီးေနာက္ ေက်ာနံပါတ္ ၇ ဝတ္ဆင္ကစားေသာ ကစားသမားမ်ားအနက္ ကာဗာနီ တစ္ဦးသာ ထိုက္ထိုက္တန္တန္ အေကာင္းဆုံး ေျခစြမ္းျပနိုင္ခဲ့ၿပီး ကာဗာနီဟာ ယူနိုက္တက္ ေက်ာနံပါတ္ ၇ က်ိန္စာဆိုးကို ေခ်ဖ်က္နိုင္သူ အျဖစ္သတ္မွတ္ ခံထားရသူ ျဖစ္ပါတယ္။