Spots news

ကျောနံပါတ် ၇ ကို ပေးဖို့ အသင့်ရှိနေတဲ့ ကာဗာနီနဲ့ မနက်ခင်း သတင်းတိုများ

Unicode Version

ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီဟာ ရော်နယ်ဒိုကို ကျောနံပါတ် ၇ လွှဲပြောင်းပေးရန် အသင့်ရှိနေပေမယ့် ပရီးမီးယားလိဂ်ရဲ့ “ဘောလုံးရာသီစတင် နေစဥ်ကာလအတွင်း နံပါတ်အပြောင်း အလဲ လုပ်ခွင့်မရှိ” ဟူတဲ့ စည်းမျဥ်းက အတားအဆီး ဖြစ်နေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ထံမှ အထူးခွင့်ပြုချက်ရမှသာ ရောနယ်ဒိုနဲ့ ကာဗာနီတို့ ကျောနံပါတ် အပြောင်းအလဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ရော်နယ်ဒို အသင်းပြောင်းပြီးနောက် ကျောနံပါတ် ၇ ဖြင့် ကာဗာနီ တစ်ဦးသာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ကာဗာနီဟာ ယူနိုက်တက် ကျောနံပါတ် ၇ ကျိန်စာဆိုးကို‌ ချေဖျက်နိုင်သူ အဖြစ်သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။

မန်စီးတီး ၅-၀ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ်အသင်းပရိသတ်များဟာ ပွဲချိန် ၅၃ မိနစ်မှာ မန်စီးတီး အသင်းအတွက် စတုတ္ထဂိုးကို ရိုဒရီသွင်းယူခဲ့ပြီးနောက် မန်စီးတီး ပရိသတ်များနှင့်အတူ လက်ခုပ်တီးကာ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဆင်နယ် အသင်းပရိသတ်အချို့ဟာ မန်စီးတီးအသင်းအား ၀-၂ ဂိုးဖြင့်ရှုံးနိမ့်နေချိန် ပွဲချိန် ၃၅ မိနစ်မှာ အာဆင်နယ် ကွင်းလယ်လူချာကာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ပွဲကြည့်စင်ပေါ်မှ ထွက်ခွာသွားခဲ့ကြပါတယ်။

စပါးနည်းပြကြီး ဆန်းတိုစ့် ကတော့ အသင်းသားတွေရဲ့ အကြားမှာ ဟယ်ရီကိန်း ရဲ့ ကောလဟာလ သတင်းတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်မှုမျိုး မရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ် ။ စပါးဟာ ဟယ်ရီကိန်း ကို စာချုပ် ဖျက်သိမ်းကြေး မပါတဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version

ယူနိုက္တက္ တိုက္စစ္မႈး ကာဗာနီဟာ ေရာ္နယ္ဒိုကို ေက်ာနံပါတ္ ၇ လႊဲေျပာင္းေပးရန္ အသင့္ရွိေနေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ “ေဘာလုံးရာသီစတင္ ေနစဥ္ကာလအတြင္း နံပါတ္အေျပာင္း အလဲ လုပ္ခြင့္မရွိ” ဟူတဲ့ စည္းမ်ဥ္းက အတားအဆီး ျဖစ္ေနေၾကာင္း သိရပါတယ္။

ပရီးမီးယားလိဂ္ ဘုတ္အဖြဲ႕ထံမွ အထူးခြင့္ျပဳခ်က္ရမွသာ ေရာနယ္ဒိုနဲ႕ ကာဗာနီတို႔ ေက်ာနံပါတ္ အေျပာင္းအလဲ လုပ္နိုင္မွာ ျဖစ္ပါတယ္။ ေရာ္နယ္ဒို အသင္းေျပာင္းၿပီးေနာက္ ေက်ာနံပါတ္ ၇ ျဖင့္ ကာဗာနီ တစ္ဦးသာ အေကာင္းဆုံး ေျခစြမ္းျပနိုင္ခဲ့ၿပီး ကာဗာနီဟာ ယူနိုက္တက္ ေက်ာနံပါတ္ ၇ က်ိန္စာဆိုးကို‌ ေခ်ဖ်က္နိုင္သူ အျဖစ္သတ္မွတ္ ခံထားရသူ ျဖစ္ပါတယ္။

မန္စီးတီး ၅-၀ အာဆင္နယ္ ပြဲစဥ္မွာ အာဆင္နယ္အသင္းပရိသတ္မ်ားဟာ ပြဲခ်ိန္ ၅၃ မိနစ္မွာ မန္စီးတီး အသင္းအတြက္ စတုတၳဂိုးကို ရိုဒရီသြင္းယူခဲ့ၿပီးေနာက္ မန္စီးတီး ပရိသတ္မ်ားႏွင့္အတူ လက္ခုပ္တီးကာ ေအာင္ပြဲခံမႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

ဒါ့အျပင္ အာဆင္နယ္ အသင္းပရိသတ္အခ်ိဳ႕ဟာ မန္စီးတီးအသင္းအား ၀-၂ ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္ ပြဲခ်ိန္ ၃၅ မိနစ္မွာ အာဆင္နယ္ ကြင္းလယ္လူခ်ာကာ တိုက္ရိုက္အနီကတ္ျဖင့္ ထုတ္ပယ္ခံရၿပီးေနာက္ ပြဲၾကည့္စင္ေပၚမွ ထြက္ခြာသြားခဲ့ၾကပါတယ္။

စပါးနည္းျပႀကီး ဆန္းတိုစ့္ ကေတာ့ အသင္းသားေတြရဲ႕ အၾကားမွာ ဟယ္ရီကိန္း ရဲ႕ ေကာလဟာလ သတင္းေတြေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္မႈမ်ိဳး မရွိခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္ ။ စပါးဟာ ဟယ္ရီကိန္း ကို စာခ်ဳပ္ ဖ်က္သိမ္းေၾကး မပါတဲ့ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတယ္လို႔လည္း သိရပါတယ္။