Unicode Version
အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီ ဝုဗ်အသင်းနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ရာသီအဖွင့် ၃ ပွဲစလုံးရှုံးနိမ့်ပြီး ဂိုးကွာခြားချက် -၉ ရှိတဲ့ ဒုတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၁၉၅၄-၅၅ ရာသီ အင်္ဂလန်ပထမတန်းပြိုင်ပွဲ ယခုအခေါ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရာသီအဖွင့် ၃ ပွဲဆက်ရှုံးနိမ့်ပြီး နောက်ပိုင်း အသင်းသမိုင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ရာသီအဖွင့် ၃ ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။
သို့ပေမယ့် ၁၉၅၄-၅၅ ရာသီတုန်းက အဖွင့်ပွဲစဉ် ၃ ပွဲဆက်ရှုံးနိမ့်ရာမှာ သွင်းဂိုး ၂ ဂိုး၊ ပေးဂိုး ၇ ဂိုးသာရှိခဲ့ ပေမယ့် ယခု ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲဆက်ရှုံးနိမ့်မှုမှာ သွင်းဂိုး မရှိ နှင့် ပေးဂိုး ၉ ဂိုးအထိရှိခဲ့ပါတယ် ။
မန်စီးတီးအသင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ရာသီအစ အိမ်ကွင်းပွဲစဉ် ၂ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်တဲ့ တတိယမြောက်အသင်းဖြစ်လာခဲ့ပြီး ယခင် ၂ သင်းမှာ အာဆင်နယ် (၂၀၁၀-၁၁ ရာသီ)နှင့် မန်ယူ (၂၀၁၁-၁၂) ရာသီတို့ဖြစ်ပါတယ်။
၂၀၁၆-၁၇ ရာသီမှ စတင်ရေတွက်ပါက အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာသည် အနီကတ် ၄ ကြိမ်ပြသခံထားရပြီး ဖာနန်ဒင်ဟို (မန်စီးတီး)၊ ဒေးဗစ်လူးဝစ်ဇ် (ချယ်လ်ဆီး၊ အာဆင်နယ်) (၄ ကြိမ်)တို့နှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနီကတ်အများဆုံး ပြခံရသူအဖြစ် မှတ်တမ်းဝင်နေပါတယ်။
Zawgyi Version
အာဆင္နယ္အသင္းဟာ ၂၀၀၃-၀၄ ရာသီ ဝုဗ္အသင္းေနာက္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ရာသီအဖြင့္ ၃ ပြဲစလုံးရႈံးနိမ့္ၿပီး ဂိုးကြာျခားခ်က္ -၉ ရွိတဲ့ ဒုတိယေျမာက္ အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ၁၉၅၄-၅၅ ရာသီ အဂၤလန္ပထမတန္းၿပိဳင္ပြဲ ယခုအေခၚ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ရာသီအဖြင့္ ၃ ပြဲဆက္ရႈံးနိမ့္ၿပီး ေနာက္ပိုင္း အသင္းသမိုင္းတြင္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ရာသီအဖြင့္ ၃ ပြဲဆက္ရႈံးနိမ့္ခဲ့ျခင္းျဖစ္ပါတယ္။
သို႔ေပမယ့္ ၁၉၅၄-၅၅ ရာသီတုန္းက အဖြင့္ပြဲစဥ္ ၃ ပြဲဆက္ရႈံးနိမ့္ရာမွာ သြင္းဂိုး ၂ ဂိုး၊ ေပးဂိုး ၇ ဂိုးသာရွိခဲ့ ေပမယ့္ ယခု ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲ ၃ ပြဲဆက္ရႈံးနိမ့္မႈမွာ သြင္းဂိုး မရွိ ႏွင့္ ေပးဂိုး ၉ ဂိုးအထိရွိခဲ့ပါတယ္ ။
မန္စီးတီးအသင္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတြင္ ရာသီအစ အိမ္ကြင္းပြဲစဥ္ ၂ ပြဲမွာ ၁၀ ဂိုး သြင္းယူနိုင္တဲ့ တတိယေျမာက္အသင္းျဖစ္လာခဲ့ၿပီး ယခင္ ၂ သင္းမွာ အာဆင္နယ္ (၂၀၁၀-၁၁ ရာသီ)ႏွင့္ မန္ယူ (၂၀၁၁-၁၂) ရာသီတို႔ျဖစ္ပါတယ္။
၂၀၁၆-၁၇ ရာသီမွ စတင္ေရတြက္ပါက အာဆင္နယ္အသင္းရဲ႕ ဆြစ္ဇာလန္ကြင္းလယ္လူ ခ်ာကာသည္ အနီကတ္ ၄ ႀကိမ္ျပသခံထားရၿပီး ဖာနန္ဒင္ဟို (မန္စီးတီး)၊ ေဒးဗစ္လူးဝစ္ဇ္ (ခ်ယ္လ္ဆီး၊ အာဆင္နယ္) (၄ ႀကိမ္)တို႔ႏွင့္အတူ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အနီကတ္အမ်ားဆုံး ျပခံရသူအျဖစ္ မွတ္တမ္းဝင္ေနပါတယ္။