Spots news

ရော်နယ်ဒိုရဲ့ နေရာကို ဟာဇက်နဲ့ အစားထိုးဖို့ ပြင်ဆင်လာတဲ့ ဂျူဗင်တပ်

Unicode Version

ဂျုဗင်တပ်အသင်းဟာ ယူနိုက်တက်ကို ပြောင်းရွေ့သွားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့နေရာ အတွက် အသင်းမှာ အနာဂတ်သေချာမှု မရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားပါတယ်။

ဟာဇက်ဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး ရီးရဲလ်ကလဲ ဂျူဗင်တပ်ကို ပြောင်းရွေ့သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့ ချယ်လ်ဆီးအသင်းကနေ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒဏ်ရာ ပြသာနာတွေနဲ့ ရုန်းကန်နေရခဲ့သလို အသင်းမှာလည်း ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန် နေခဲ့ရပါတယ်။

လက်ရှိမှာလဲ ရီးရဲလ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေကို ခေါ်ယူသွားဖို့ စံချိန်တင်ပြောင်းရွေ့ကြေး များနဲ့ ကမ်းလှမ်းနေတာကြောင့် ဟာဇက်ကို ရောင်းချသွားချင်နေပြီး ရော်နယ်ဒိုကို လက်လွတ်ထားရတဲ့ ဂျူဗင်ကလဲ ဟာဇက်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဂျုဗင်တပ် အသင်းဟာ ဟာဇက်ကို တစ်ရာသီအငှားစာချုပ်မျိုးနဲ့ ကမ်းလှမ်း သွားချင်နေတာ ဖြစ်ပေမယ့် ရီးရဲလ်ဘက်က ဟာဇက်ကို အပြီးသတ်သာ ရောင်းချသွားဖို့ ဆန္ဒရှိနေတာကြောင့် ဂျုဗီနဲ့ ရီးရဲလ်တို့ကြား ဆက်လက်ဆွေးနွေးရဖွယ် ရှိနေပါတယ်။

အသင်းဘဏ္ဍာရေးပိုင်း အဆင်မပြေ ဖြစ်လို့နေတဲ့ ဂျုဗင်တပ် အသင်းအနေနဲ့ ပစ်မှတ်ကစားသမားတွေကို အငှားစာချုပ်နဲ့သာ ကမ်းလှမ်းရနိုင်ပြီး အငှားပြည့်မှသာ အပြီးသတ် ခေါ်ယူခွင့်ဆိုတာကို ထည့်သွင်းကမ်းလှမ်း ရနိုင်တာကြောင့် တချို့အပြောင်းအရွှေ့တွေက အဆင်မပြေ ဖြစ်လာရနိုင်ပါတယ်။

Zawgyi Version

ဂ်ဳဗင္တပ္အသင္းဟာ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕သြားတဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ေနရာ အတြက္ အသင္းမွာ အနာဂတ္ေသခ်ာမႈ မရွိေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္ကစားသမား အီဒင္ဟာဇက္ကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ စပိန္အေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

ဟာဇက္ဟာ အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္ၿပီး ရီးရဲလ္ကလဲ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ြ႕သြားခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ ေနရာကို အစားထိုးဖို႔ ခ်ယ္လ္ဆီးအသင္းကေန စံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေခၚယူခဲ့တာျဖစ္ၿပီး ဒဏ္ရာ ျပသာနာေတြနဲ႕ ႐ုန္းကန္ေနရခဲ့သလို အသင္းမွာလည္း ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ ေနခဲ့ရပါတယ္။

လက္ရွိမွာလဲ ရီးရဲလ္ဟာ ပီအက္စ္ဂ်ီ တိုက္စစ္မႉး ကီလီယန္ အမ္ဘာေပကို ေခၚယူသြားဖို႔ စံခ်ိန္တင္ေျပာင္းေ႐ြ႕ေၾကး မ်ားနဲ႕ ကမ္းလွမ္းေနတာေၾကာင့္ ဟာဇက္ကို ေရာင္းခ်သြားခ်င္ေနၿပီး ေရာ္နယ္ဒိုကို လက္လြတ္ထားရတဲ့ ဂ်ဴဗင္ကလဲ ဟာဇက္ကို ေခၚယူဖို႔ ျပင္ဆင္လာခဲ့တာ ျဖစ္ပါတယ္။

ဂ်ဳဗင္တပ္ အသင္းဟာ ဟာဇက္ကို တစ္ရာသီအငွားစာခ်ဳပ္မ်ိဳးနဲ႕ ကမ္းလွမ္း သြားခ်င္ေနတာ ျဖစ္ေပမယ့္ ရီးရဲလ္ဘက္က ဟာဇက္ကို အၿပီးသတ္သာ ေရာင္းခ်သြားဖို႔ ဆႏၵရွိေနတာေၾကာင့္ ဂ်ဳဗီနဲ႕ ရီးယဲလ္တို႔ၾကား ဆက္လက္ေဆြးေႏြးရဖြယ္ ရွိေနပါတယ္။

အသင္းဘ႑ာေရးပိုင္း အဆင္မေျပ ျဖစ္လို႔ေနတဲ့ ဂ်ဳဗင္တပ္ အသင္းအေနနဲ႕ ပစ္မွတ္ကစားသမားေတြကို အငွားစာခ်ဳပ္နဲ႕သာ ကမ္းလွမ္းရနိုင္ၿပီး အငွားျပည့္မွသာ အၿပီးသတ္ ေခၚယူခြင့္ဆိုတာကို ထည့္သြင္းကမ္းလွမ္း ရနိုင္တာေၾကာင့္ တခ်ိဳ႕အေျပာင္းအေ႐ႊ႕ေတြက အဆင္မေျပ ျဖစ္လာရနိုင္ပါတယ္။