Spots news

ရော်နယ်ဒိုနဲ့ အတူကစားပြီး သရဲနီလူငယ်တွေတိုးတက်လာမည်ဟု ရွန်းနေပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာကာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို နောက်ဆုံးအချိန်မှ ဝင်ရောက် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုကလည်း အသင်းဟောင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံကာ မန်စီးတီး အသင်းကို ပယ်ချခဲ့ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ် ယူနိုက်တက် ပရိသတ် အများစုကလည်း ရော်နယ်ဒို ရောက်ရှိလာတာကြောင့် ပျော်ရွှင်နေကြပြီး ယူနိုက်တက် ကစားသမားဟောင်းတွေကလဲ အသင်းဖော်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနေကလဲ အသင်းဖော်ဟောင်းရဲ့ အိမ်ပြန်ခရီးမှာ အထူးပျော်ရွှင်နေပြီး ရော်နယ်ဒိုဟာ ယူနိုက်တက် လူငယ်တိုက်စစ်မှူးတွေကို တိုးတက်စေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒို + ရွန်းနေ တိုက်စစ်အတွဲဟာ တချိန်က ပရီးမီးယားလိဂ်မှာ ကြောက်စရာ အကောင်းဆုံး ဖြစ်ခဲ့တာပါ။

ရွန်းနေက ” သူပြန်ရောက် လာတာက ပရိသတ်တွေအတွက်၊ ကလပ်အသင်းမှာ ရှိတဲ့လူတိုင်းအတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ပြီးတော့ သူ့ရဲ့အသင်းဖော် အတွက်ရောပေါ့ဗျာ။အဝတ်လဲခန်းထဲမှာရှိတဲ့ လူငယ် ကစားသမားတစ်ချို့တွေ ဖြစ်တဲ့

မေဆင် ဂရင်းဝုဒ် , မားကပ်ရက်ဖိုဒ့် နဲ့တခြားလူငယ်လေးတွေက သူကစားတာတွေကို အားကျပြီး အရွယ်ရောက် လာခဲ့သူတွေဖြစ်လို့ သူပြန်ရောက် လာတာက လူငယ်တွေရဲ့ ကစားပုံကိုပါ တိုးတက်လာ စေပါလိမ့်မယ်။ သူက အခုချိန်ထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ ဒီခေါ်ယူမှုက အရမ်းကိုကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဂ်ဴဗင္တပ္အသင္း ကေန ထြက္ခြာကာ မန္ခ်က္စတာ စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနတဲ့ အသင္းရဲ႕ ကစားသမားေဟာင္း ေရာ္နယ္ဒိုကို ေနာက္ဆုံးအခ်ိန္မွ ဝင္ေရာက္ ကမ္းလွမ္းခဲ့တာ ျဖစ္ၿပီး ေရာ္နယ္ဒိုကလည္း အသင္းေဟာင္းရဲ႕ ကမ္းလွမ္းမႈကို ခ်က္ခ်င္းလက္ခံကာ မန္စီးတီး အသင္းကို ပယ္ခ်ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ယူနိုက္တက္အသင္းဟာ ေရာ္နယ္ဒိုကို အသင္းထံ ျပန္လည္ ေခၚယူနိုင္ခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္ ယူနိုက္တက္ ပရိသတ္ အမ်ားစုကလည္း ေရာ္နယ္ဒို ေရာက္ရွိလာတာေၾကာင့္ ေပ်ာ္႐ႊင္ေနၾကၿပီး ယူနိုက္တက္ ကစားသမားေဟာင္းေတြကလဲ အသင္းေဖာ္ကို ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုၾကပါတယ္။

ယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းေနကလဲ အသင္းေဖာ္ေဟာင္းရဲ႕ အိမ္ျပန္ခရီးမွာ အထူးေပ်ာ္႐ႊင္ေနၿပီး ေရာ္နယ္ဒိုဟာ ယူနိုက္တက္ လူငယ္တိုက္စစ္မႉးေတြကို တိုးတက္ေစလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ေရာ္နယ္ဒို + ႐ြန္းေန တိုက္စစ္အတြဲဟာ တခ်ိန္က ပရီးမီးယားလိဂ္မွာ ေၾကာက္စရာ အေကာင္းဆုံး ျဖစ္ခဲ့တာပါ။

႐ြန္းေနက ” သူျပန္ေရာက္ လာတာက ပရိသတ္ေတြအတြက္၊ ကလပ္အသင္းမွာ ရွိတဲ့လူတိုင္းအတြက္ အရမ္းကို စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ကိစၥတစ္ခုလည္း ျဖစ္ပါတယ္။ၿပီးေတာ့ သူ႕ရဲ႕အသင္းေဖာ္ အတြက္ေရာေပါ့ဗ်ာ။အဝတ္လဲခန္းထဲမွာရွိတဲ့ လူငယ္ ကစားသမားတစ္ခ်ိဳ႕ေတြ ျဖစ္တဲ့

ေမဆင္ ဂရင္းဝုဒ္ , မားကပ္ရက္ဖိုဒ့္ နဲ႕တျခားလူငယ္ေလးေတြက သူကစားတာေတြကို အားက်ၿပီး အ႐ြယ္ေရာက္ လာခဲ့သူေတြျဖစ္လို႔ သူျပန္ေရာက္ လာတာက လူငယ္ေတြရဲ႕ ကစားပုံကိုပါ တိုးတက္လာ ေစပါလိမ့္မယ္။ သူက အခုခ်ိန္ထိ ကမာၻ႔အေကာင္းဆုံး ကစားသမား တစ္ေယာက္ပါ။ ဒီေခၚယူမႈက အရမ္းကိုေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။