Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိ လာပြီး နောက်မှာတော့ ဝတ်ဆင်မယ့် ကျောနံပတ် ကို အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ တရားဝင်ဝဘ်ဆိုက် ကနေ ကြေညာလိုက်တာ ဖြစ်ပါ တယ်။
ခရစ္စတီယာနို ဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက် စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွါခဲ့ပြီးနောက် နှစ်ပေါင်း(၁၂)နှစ် အကြာမှာ မန်ချက် စတာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှုး အနေနဲ့မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြခဲ့စဉ်က ကျောနံပတ် (၇)ကို ဝတ်ဆင် ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်အထိ ယူနိုက်တက်မှာ နံပတ် ၇ ဟာ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ တွဲပြီး ဖြစ်တည်နေတာ ဖြစ်ပါ တယ်။
သို့ပေမယ့်လည်း လက်ရှိအချိန်မှာ ကျောနံ ပတ်(၇)ဟာ တိုက်စစ်မှုးကြီး အီဒင်ဆင်ကာဗာနီက ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ရော်နယ်ဒို အသင်းကို ရောက်ရှိလာပြီး နောက်မှာတော့ ကျောနံပတ် (၇) ကို လွဲပြောင်းပေးဖို့ကာဗာနီကိုယ်တိုင်က လိုလိုလားလား ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း FA ရဲ့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက် စည်းမျဉ်းအရ ရာသီအစမှာ အဖွဲ့ချုပ်ထံ စာရင်းသွင်းထားတဲ့ ကစားသမား သာလျှင် ကျောနံပတ်ကို ဝတ်ဆင်ရမည်ဖြစ်ပြီး၊ ၎င်းကစားသမား အသင်းကနေ ထွက်ခွါမှုမရှိမခြင်း ကျောနံပတ်ကို အခြားကစားသမား ထံလွဲပြောင်းခွင့် မရှိဘူးလို့ ထုတ်ပြန်ထား ပါ တယ်။
သို့ပေမယ့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး ၂ယောက်အတွက် ဘောလုံး အဖွဲ့ချုပ်က ကျောနံပတ် (၇)နဲ့ ပတ်သက်ပြီး စဉ်းစားနေစဉ်မှာပဲ ပရီးမီးယားလိဂ် ရဲ့ တရားဝင်ဝဘ်ဆိုဒ် ကတော့ခရစ္စတီယာနိုရဲ့ ဂျာစီနံပတ်ကို တရားဝင်ကြေညာ လိုက်ပါတယ်။
ဒီကျောနံပတ်ကတော့ ကျောနံပတ် (၇)ပဲ ဖြစ်ပါ တယ်။ ဟုတ်ပါတယ် လက်ရှိမှာ ခရစ္စတီယာနို ရဲ့ ကျောနံပတ် ကို (၇) အဖြစ် သတ်မှတ် ပေးထား သလို၊ တိုက်စစ်မှုးကာဗာနီရဲ့ ကျောနံပတ် ကို လည်း (၇) အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပြီး၊ လွဲပြောင်းထားခြင်း မရှိသေး ပါဘူး။
လက်ရှိအချိန်ထိတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာ ချပြထားခြင်း မရှိသေးပေမယ့်၊ စက်တင်ဘာလ ထဲ ရော်နယ်ဒို အသင်းသို့ လာရောက်ပူးပေါင်း ချိန်ကျမှ တရားဝင် ကြေညာသွားမှာ ဖြစ်ပါ တယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႈး ခရစၥတီယာနို ေရာ္နယ္ဒို ေရာက္ရွိ လာၿပီး ေနာက္မွာေတာ့ ဝတ္ဆင္မယ့္ ေက်ာနံပတ္ ကို အဂၤလန္ ပရီးမီးယားလိဂ္ ရဲ႕ တရားဝင္ဝဘ္ဆိုက္ ကေန ေၾကညာလိုက္တာ ျဖစ္ပါ တယ္။
ခရစၥတီယာနို ဟာ ၂၀၀၉ ခုႏွစ္မွာ မန္ခ်က္ စတာ ယူနိုက္တက္ အသင္းကေန ထြက္ခြါခဲ့ၿပီးေနာက္ ႏွစ္ေပါင္း(၁၂)ႏွစ္ အၾကာမွာ မန္ခ်က္ စတာယူနိုက္တက္နဲ႕အတူ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္ေရာက္ရွိလာ ခဲ့တာျဖစ္ပါတယ္။
တိုက္စစ္မႈး အေနနဲ႕မန္ခ်က္စတာ ယူနိုက္တက္မွာ ေျခစြမ္းျပခဲ့စဥ္က ေက်ာနံပတ္ (၇)ကို ဝတ္ဆင္ ခဲ့တာျဖစ္ၿပီး၊ လက္ရွိအခ်ိန္အထိ ယူနိုက္တက္မွာ နံပတ္ ၇ ဟာ ခရစၥတီယာနို ေရာ္နယ္ဒို နဲ႕ တြဲၿပီး ျဖစ္တည္ေနတာ ျဖစ္ပါ တယ္။
သို႔ေပမယ့္လည္း လက္ရွိအခ်ိန္မွာ ေက်ာနံ ပတ္(၇)ဟာ တိုက္စစ္မႈးႀကီး အီဒင္ဆင္ကာဗာနီက ဝတ္ဆင္ထားတာ ျဖစ္ပါတယ္။ ေရာ္နယ္ဒို အသင္းကို ေရာက္ရွိလာၿပီး ေနာက္မွာေတာ့ ေက်ာနံပတ္ (၇) ကို လြဲေျပာင္းေပးဖို႔ကာဗာနီကိုယ္တိုင္က လိုလိုလားလား ဆႏၵရွိေနခဲ့တာ ျဖစ္ပါတယ္။
သို႔ေပမယ့္လည္း FA ရဲ႕ ထုတ္ျပန္ထားတဲ့ သတ္မွတ္ခ်က္ စည္းမ်ဥ္းအရ ရာသီအစမွာ အဖြဲ႕ခ်ဳပ္ထံ စာရင္းသြင္းထားတဲ့ ကစားသမား သာလွ်င္ ေက်ာနံပတ္ကို ဝတ္ဆင္ရမည္ျဖစ္ၿပီး၊ ၎ကစားသမား အသင္းကေန ထြက္ခြါမႈမရွိမျခင္း ေက်ာနံပတ္ကို အျခားကစားသမား ထံလြဲေျပာင္းခြင့္ မရွိဘူးလို႔ ထုတ္ျပန္ထား ပါ တယ္။
သို႔ေပမယ့္ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႈး ၂ေယာက္အတြက္ ေဘာလုံး အဖြဲ႕ခ်ဳပ္က ေက်ာနံပတ္ (၇)နဲ႕ ပတ္သက္ၿပီး စဥ္းစားေနစဥ္မွာပဲ ပရီးမီးယားလိဂ္ ရဲ႕ တရားဝင္ဝဘ္ဆိုဒ္ ကေတာ့ခရစၥတီယာနိုရဲ႕ ဂ်ာစီနံပတ္ကို တရားဝင္ေၾကညာ လိုက္ပါတယ္။
ဒီေက်ာနံပတ္ကေတာ့ ေက်ာနံပတ္ (၇)ပဲ ျဖစ္ပါ တယ္။ ဟုတ္ပါတယ္ လက္ရွိမွာ ခရစၥတီယာနို ရဲ႕ ေက်ာနံပတ္ ကို (၇) အျဖစ္ သတ္မွတ္ ေပးထား သလို၊ တိုက္စစ္မႈးကာဗာနီရဲ႕ ေက်ာနံပတ္ ကို လည္း (၇) အျဖစ္ သတ္မွတ္ထားဆဲ ျဖစ္ၿပီး၊ လြဲေျပာင္းထားျခင္း မရွိေသး ပါဘူး။
လက္ရွိအခ်ိန္ထိေတာ့ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တရားဝင္ ဝဘ္ဆိုဒ္မွာ ခ်ျပထားျခင္း မရွိေသးေပမယ့္၊ စက္တင္ဘာလ ထဲ ေရာ္နယ္ဒို အသင္းသို႔ လာေရာက္ပူးေပါင္း ခ်ိန္က်မွ တရားဝင္ ေၾကညာသြားမွာ ျဖစ္ပါ တယ္။