Spots news

ယူနိုက်တက်ဆိုရင် လစာလျော့ယူမယ်လို့ ကြိုတင်ကမ်းလှမ်းထားတဲ့ ရော်နယ်ဒို

Unicode Version

ဂျူဗင်တပ် အသင်းကနေ ထွက်ခွာလာခဲ့တဲ့ တိုက်စစ်မှူး ရော််နယ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည်ပြောင်းရွေ့ခဲ့ပြီး အသင်းဟောင်းမှာတော့ သူ့ရဲ့ လုပ်ခလစာကို လျော့ယူပေးမယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ပေါင် ၆ သန်းအထိ လျှော့ယူသွားမှာ ဖြစ်ပြီ ဒီလိုလျှော့ယူခဲ့ပေမယ့်လည်း အသင်းရဲ့ လစာအများဆုံးရကစားသမားအဖြစ်တော့ ရှိနေမှာလို့ ဆိုပါတယ်။

တစ်ပတ်လုပ်ခပေါင် ၃၈၅၀၀၀ အထိ ရော်နယ်ဒိုက ရရှိမယ်လို့ သိရပြီး တစ်နှစ်လုပ်ခအားအနေနဲ့ ပေါင်သန်း ၂၀ အထိ ရော်နယ်ဒိုရရှိမယ်လို့ သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်က ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ ဒါဟာ ဂျူဗင်တပ်မှာ သူရရှိခဲ့တဲ့ တစ်နှစ်စာလုပ်ခပမာဏထက် နည်းပါးတာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ကစားသမားဘက်က လိုလိုလားလား ရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုက ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်ကာ စာချုပ်လက်မှတ်ထိုးဖို့။ ဆေးစစ်ဖို့အတွက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဆေးစစ်မှုတွေကိုတော့ ဒီနေ့မှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ သိရပြီး ပေါ်တူဂီ၊ လစ္စဘွန်းမှာပဲ ပြုလုပ်နိုင်ကာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အသင်းနဲ့ပူးပေါင်းပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ကစားရမယ့် နယူးကာဆယ်နဲ့ပွဲကို ပါဝင်ကစားဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ ဒရာမာဆန်လွန်းတဲ့ ယူနိုက်တက်အပြန်လမ်းခရီးဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ မန်စီးတီးကိုပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့ပြီးခါမှ နာရီပိုင်းအတွင်းမှာပဲ ယူနို်က်တက်နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ မက်ဆီရဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် နောက်ထပ်ကမ္ဘာကျော်ကစားသမားတစ်ဦးရဲ့ ထင်မှတ်မထားတဲ့ ပြောင်းရွှေ့မှုလည်းဖြစ်လာခဲ့ပါတယ်။

Zawgyi Version

ဂ်ဴဗင္တပ္ အသင္းကေန ထြက္ခြာလာခဲ့တဲ့ တိုက္စစ္မႉး ေရာ္္နယ္ဒိုဟာ အသင္းေဟာင္း ယူနိုက္တက္ကို ျပန္လည္ေျပာင္းေ႐ြ႕ခဲ့ၿပီး အသင္းေဟာင္းမွာေတာ့ သူ႕ရဲ႕ လုပ္ခလစာကို ေလ်ာ့ယူေပးမယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ ေပါင္ ၆ သန္းအထိ ေလွ်ာ့ယူသြားမွာ ျဖစ္ၿပီ ဒီလိုေလွ်ာ့ယူခဲ့ေပမယ့္လည္း အသင္းရဲ႕ လစာအမ်ားဆုံးရကစားသမားအျဖစ္ေတာ့ ရွိေနမွာလို႔ ဆိုပါတယ္။

တစ္ပတ္လုပ္ခေပါင္ ၃၈၅၀၀၀ အထိ ေရာ္နယ္ဒိုက ရရွိမယ္လို႔ သိရၿပီး တစ္ႏွစ္လုပ္ခအားအေနနဲ႕ ေပါင္သန္း ၂၀ အထိ ေရာ္နယ္ဒိုရရွိမယ္လို႔ သူ႕ရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က ေျပာဆိုခဲ့ေၾကာင္း ဆိုပါတယ္။ ဒါဟာ ဂ်ဴဗင္တပ္မွာ သူရရွိခဲ့တဲ့ တစ္ႏွစ္စာလုပ္ခပမာဏထက္ နည္းပါးတာျဖစ္ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ ကစားသမားဘက္က လိုလိုလားလား ရွိခဲ့တယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ ေရာ္နယ္ဒိုက ယူနိုက္တက္နဲ႕ သေဘာတူညီမႈရရွိထားၿပီးျဖစ္ကာ စာခ်ဳပ္လက္မွတ္ထိုးဖို႔။ ေဆးစစ္ဖို႔အတြက္သာ က်န္ရွိေတာ့တာျဖစ္ပါတယ္။ ေဆးစစ္မႈေတြကိုေတာ့ ဒီေန႕မွာ ျပဳလုပ္သြားဖြယ္ရွိတယ္လို႔ သိရၿပီး ေပၚတူဂီ၊ လစၥဘြန္းမွာပဲ ျပဳလုပ္နိုင္ကာ နိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာေတာ့ အသင္းနဲ႕ပူးေပါင္းၿပီး စက္တင္ဘာလ ၁၁ ရက္ေန႕ ကစားရမယ့္ နယူးကာဆယ္နဲ႕ပြဲကို ပါဝင္ကစားဖြယ္ရွိေနပါတယ္။

ေရာ္နယ္ဒိုရဲ႕ ဒရာမာဆန္လြန္းတဲ့ ယူနိုက္တက္အျပန္လမ္းခရီးဟာ ေဘာလုံးေလာကတစ္ခုလုံးကို အံ့အားသင့္ေစခဲ့ရပါတယ္။ မန္စီးတီးကိုေျပာင္းေ႐ႊ႕မယ္လို႔ သတင္းေတြထြက္ခဲ့ၿပီးခါမွ နာရီပိုင္းအတြင္းမွာပဲ ယူနို္က္တက္နဲ႕ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ မက္ဆီရဲ႕ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ေနာက္ထပ္ကမာၻေက်ာ္ကစားသမားတစ္ဦးရဲ႕ ထင္မွတ္မထားတဲ့ ေျပာင္းေ႐ႊ႕မႈလည္းျဖစ္လာခဲ့ပါတယ္။