Spots news

ကမ်းလှမ်းမှု‌တွေကို မလေးစားလို့ အမ်ဘာ‌ပေကို အလွတ်နဲ့ပဲ ခေါ်ယူတော့မယ့် ရီးရဲလ်

Unicode Version

ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘတ်ပီအတွက် ကမ်းလှမ်းမှု နှစ်ကြိမ် လုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းဘက်က နှစ်ကြိမ်လုံး ငြင်းဆန်ခံခဲ့ရတာကြောင့် ထပ်မံ ကမ်းလှမ်းမှုအစား ဘာပေကို အပိုင်ချုပ်ပြီး အလွတ်ဖြင့်ပဲ ခေါ်ယူဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နဲ့ ပီအက်စ်ဂျီတို့ဟာ ကြာသပတေးနေ့က ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုဖြစ်တဲ့ ပေါင် ၁၄၅.၆ သန်းတန် ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့ စကားပြောခဲ့ကြတယ်။ သို့ပေမယ့် နှစ်သင်းစလုံး သဘောတူညီမှုရဖို့ လုံးဝ မနီးစပ်ခဲ့ကြပါဘူး။

ရီးရဲလ်မက်ဒရစ် အသင်းဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ တိုက်စစ်မှူး အမ်ဘာပေကို ဗုဒ္ဓဟူးနေ့တုန်းက ပေါင် ၁၃၇ သန်းတန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရအပြီးမှာပဲ ဒုတိယမြောက် ကမ်းလှမ်းမှုကို ပေးခဲ့ခြင်းဖြစ်တယ်။ နှစ်ကြိမ်တိုင် ညိနှိုင်းမှု အဆင်မပြေတဲ့နောက်

ကလပ်နှစ်သင်းလုံးက အမ်ဘာပေရဲ့ အပြောင်း အရွေ့ အတွက် ဆွေးနွေးမှုကို ဆက်မလုပ်ဖို့ ဆုံးဖြတ်လာခဲ့တယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဇန်နဝါရီထိ စောင့်ဆိုင်းပြီး အမ်ဘတ်ပီကို ပီအက်စ်ဂျီ အသင်းထံမှ အလွတ်ဖြင့် ခေါ်ယူနိုင်ရေး စည်းရုံးဖို့ကိုပဲ ပိုအားသန်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ အမ်ဘာပေဟာ စာချုပ်သစ် ထပ်မံ မချုပ်ဆိုခဲ့ပါက ပြင်ပလိဂ်က ကလပ်အသင်းတစ်သင်းနဲ့ ဆွေးနွေးခွင့် ရရှိမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာ‌ပေကို နောက်နှစ် နွေမှာ ခေါ်ယူနိုင်ရေးအတွက် အကြို သဘောတူညီမှုရရေး ညိနှိုင်းသွားမှာဖြစ်ပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ဟာ အသင္းရဲ႕ အဓိက ပစ္မွတ္ျဖစ္တဲ့ ပီအက္စ္ဂ်ီ တိုက္စစ္မႉး အမ္ဘတ္ပီအတြက္ ကမ္းလွမ္းမႈ ႏွစ္ႀကိမ္ လုပ္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီ အသင္းဘက္က ႏွစ္ႀကိမ္လုံး ျငင္းဆန္ခံခဲ့ရတာေၾကာင့္ ထပ္မံ ကမ္းလွမ္းမႈအစား ဘာေပကို အပိုင္ခ်ဳပ္ၿပီး အလြတ္ျဖင့္ပဲ ေခၚယူဖို႔ ႀကိဳးစားသြားေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ နဲ႕ ပီအက္စ္ဂ်ီတို႔ဟာ ၾကာသပေတးေန႕က ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာေပအတြက္ ဒုတိယေျမာက္ ကမ္းလွမ္းမႈျဖစ္တဲ့ ေပါင္ ၁၄၅.၆ သန္းတန္ ကမ္းလွမ္းမႈနဲ႕ ပတ္သက္လို႔ စကားေျပာခဲ့ၾကတယ္။ သို႔ေပမယ့္ ႏွစ္သင္းစလုံး သေဘာတူညီမႈရဖို႔ လုံးဝ မနီးစပ္ခဲ့ၾကပါဘူး။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ တိုက္စစ္မႉး အမ္ဘာေပကို ဗုဒၶဟူးေန႕တုန္းက ေပါင္ ၁၃၇ သန္းတန္ ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရအၿပီးမွာပဲ ဒုတိယေျမာက္ ကမ္းလွမ္းမႈကို ေပးခဲ့ျခင္းျဖစ္တယ္။ ႏွစ္ႀကိမ္တိုင္ ညိႏွိုင္းမႈ အဆင္မေျပတဲ့ေနာက္

ကလပ္ႏွစ္သင္းလုံးက အမ္ဘာေပရဲ႕ အေျပာင္း အေ႐ြ႕ အတြက္ ေဆြးေႏြးမႈကို ဆက္မလုပ္ဖို႔ ဆုံးျဖတ္လာခဲ့တယ္။ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ ဇန္နဝါရီထိ ေစာင့္ဆိုင္းၿပီး အမ္ဘတ္ပီကို ပီအက္စ္ဂ်ီ အသင္းထံမွ အလြတ္ျဖင့္ ေခၚယူနိုင္ေရး စည္း႐ုံးဖို႔ကိုပဲ ပိုအားသန္လာခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႕မွာေတာ့ အမ္ဘာေပဟာ စာခ်ဳပ္သစ္ ထပ္မံ မခ်ဳပ္ဆိုခဲ့ပါက ျပင္ပလိဂ္က ကလပ္အသင္းတစ္သင္းနဲ႕ ေဆြးေႏြးခြင့္ ရရွိမွာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာ‌ေပကို ေနာက္ႏွစ္ ေႏြမွာ ေခၚယူနိုင္ေရးအတြက္ အႀကိဳ သေဘာတူညီမႈရေရး ညိႏွိုင္းသြားမွာျဖစ္ပါတယ္။