Spots news

ဘိုင်ယန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၀၀ အထိ သွင်းယူပြထားတဲ့ လီဝန်ဒေါစကီး

Unicode Version

လီဝန်ဒေါစကီးဟာ မနေ့ညက ဟာသာဘာလင်အသင်းနဲ့ ပွဲစဉ်အတွင်းမှာ ဟက်ထရစ်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီအတွင်း ဘွန်ဒစ်လီဂါသွင်းဂိုး စုစုပေါင်း ၅ ဂိုးအထိ ရှိလာပြီး ဘိုင်ယန်အတွက် သူ သွင်းယူထားနိုင်ခဲ့တဲ့ စုံသွင်းဂိုး စုစုပေါင်းမှာလည်း ၃၀၁ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ပိုလန်ဝါရင့် လက်ရွေးစင် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး ဘိုင်ယန်အသင်းနဲ့ ဘောလုံးရာသီ ၇ ရာသီ ဖြတ်သန်းခဲ့သလို ဘောလုံးရာသီတိုင်းမှာလည်း ပထမရာသီကလွဲပြီး လိဂ်သွင်းဂိုးကို အနည်းဆုံး ဂိုး ၂၀ လောက်အထိ သွင်းယူနိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံသွင်းဂိုး ၄၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို အခုလည်း ရာသီသစ်အစ ၄ ပွဲမှာလဲ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်အတွက် သူသွင်းယူနိုင်ခဲ့တဲ့ ဘွန်ဒစ်လီဂါသွင်းဂိုး စုစုပေါင်းက ၃၀၀ ပြည့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဟာသာဘာလင်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဒုတိယမြောက် သွင်းဂိုးကတော့ သူရဲ့ဘိုင်ယန်ကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း ၃၀၀ အတိ ပြည့်မြောက်ခဲ့တဲ့ အမှတ်တရသွင်းဂိုး ဖြစ်စေခဲ့ပြီး ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါတယ်။

အခုဆိုရင် လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီ ဘွန်ဒစ်လီဂါ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း သွင်းဂိုး ၅ ဂိုးနဲ့ ထိပ်ဆုံးနေရာကနေ ရပ်တည်လျက်ရှိနေပြီး ဒုတိယနေရာကို ရောက်ရှိနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းထက်ကို သွင်းဂိုး ၂ ဂိုး သာလွန်လျက် ရှိနေပါတယ်။

Zawgyi Version

လီဝန္ေဒါစကီးဟာ မေန႕ညက ဟာသာဘာလင္အသင္းနဲ႕ ပြဲစဥ္အတြင္းမွာ ဟက္ထရစ္သြင္းဂိုးကို သြင္းယူေပးနိုင္ခဲ့ၿပီး ယခုႏွစ္ ေဘာလုံးရာသီအတြင္း ဘြန္ဒစ္လီဂါသြင္းဂိုး စုစုေပါင္း ၅ ဂိုးအထိ ရွိလာၿပီး ဘိုင္ယန္အတြက္ သူ သြင္းယူထားနိုင္ခဲ့တဲ့ စုံသြင္းဂိုး စုစုေပါင္းမွာလည္း ၃၀၁ ဂိုးအထိ ရွိလာခဲ့ပါတယ္။

ပိုလန္ဝါရင့္ လက္ေ႐ြးစင္ တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ေဒါ့မြန္ကေန ဘိုင္ယန္ျမဴးနစ္ အသင္းကို ေျပာင္းေ႐ႊ႕ လာခဲ့တာျဖစ္ၿပီး ဘိုင္ယန္အသင္းနဲ႕ ေဘာလုံးရာသီ ၇ ရာသီ ျဖတ္သန္းခဲ့သလို ေဘာလုံးရာသီတိုင္းမွာလည္း ပထမရာသီကလြဲၿပီး လိဂ္သြင္းဂိုးကို အနည္းဆုံး ဂိုး ၂၀ ေလာက္အထိ သြင္းယူနိုင္ခဲ့ပါတယ္။

လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ၿပိဳင္ပြဲစုံသြင္းဂိုး ၄၈ ဂိုးအထိ သြင္းယူထားနိုင္ခဲ့သလို အခုလည္း ရာသီသစ္အစ ၄ ပြဲမွာလဲ ၇ ဂိုးအထိ သြင္းယူနိုင္ခဲ့တာေၾကာင့္ ဘိုင္ယန္အတြက္ သူသြင္းယူနိုင္ခဲ့တဲ့ ဘြန္ဒစ္လီဂါသြင္းဂိုး စုစုေပါင္းက ၃၀၀ ျပည့္သြားခဲ့ရတာ ျဖစ္ပါတယ္။

ဟာသာဘာလင္အသင္းဘက္ကို သြင္းယူခဲ့တဲ့ ဒုတိယေျမာက္ သြင္းဂိုးကေတာ့ သူရဲ႕ဘိုင္ယန္ကစားသမားဘဝ ၿပိဳင္ပြဲစုံသြင္းဂိုး စုစုေပါင္း ၃၀၀ အတိ ျပည့္ေျမာက္ခဲ့တဲ့ အမွတ္တရသြင္းဂိုး ျဖစ္ေစခဲ့ၿပီး ဟက္ထရစ္ပါ သြင္းယူနိုင္ခဲ့ပါတယ္။

အခုဆိုရင္ လီဝန္ေဒါစကီးဟာ ဒီႏွစ္ေဘာလုံးရာသီ ဘြန္ဒစ္လီဂါ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာလည္း သြင္းဂိုး ၅ ဂိုးနဲ႕ ထိပ္ဆုံးေနရာကေန ရပ္တည္လ်က္ရွိေနၿပီး ဒုတိယေနရာကို ေရာက္ရွိေနတဲ့ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းထက္ကို သြင္းဂိုး ၂ ဂိုး သာလြန္လ်က္ ရွိေနပါတယ္။