Spots news
ပွဲဦးထွက်မှာ ခြေစွမ်းပြပြီး ဂိုးဖန်တီးခဲ့တဲ့ ဗာရန်းနဲ့ ဂရင်းဝုဒ်ကြောင့် အနိုင်ရခဲ့တဲ့ မန်ယူ
Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ရဲ့ အနိုင်ဂိုးနဲ့ အဝေးကွင်းမှာ ဝုလ်ဗ်ကို ၀-၁ ဖြင့် အနိုင်ယူပြီး ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း ရှုံးပွဲမရှိ စံချိန်သစ်ကိုပါ ရယူခဲ့ပါတယ်။ အဝေးကွင်းမှာ အနိုင်သုံးမှတ် ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ခြေစွမ်းကတော့ ကျေနပ်ဖွယ် မရှိသေးပါဘူး။
ကွင်းလယ်လူ ဖရက်ဒ်ရဲ့ ပေါ့လျော့တဲ့ ကစားပုံကြောင့် ယူနိုက်က်တက်ရဲ့ ကွင်းလယ်ခံစစ်ဟာ ထရာအိုရေးရဲ့ ရုန်းအားတွေအောက်မှာ ဂိုးမပေးရဖို့ ကာကွယ်ခဲ့ရပြီး ဝုလ်ဗ်ရဲ့ အဆုံးသတ်ညံ့ဖျင်းမှုကြောင့် ဂိုးမရရှိခဲ့တာပါ။
ဝုလ်ဗ်အသင်းရဲ့ ထရာအို‌ရေး၊ ထရန်ကာအိုတို့ က ယူနိုက်တက် ခံစစ်ကို ယူနိုက်တက်ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပြီး ကစားသမားသစ် ဗာရန်း ခြေစွမ်းပြမှု၊ ဂိုးသမား ဒီဂီယာ လက်စွမ်းပြကာကွယ်ခဲ့မှု များကြောင့်သာ ယူနိုက်တက် ရှုံးပွဲ မတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသစ်ခေါ်ယူထားတဲ့ ကစားသမား နှစ်ဦးဖြစ်တဲ့ တောင်ပံကစားသမား ဆန်ချို နဲ့ နောက်ခံလူ ဗာရန်းတို့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းလာပါတယ်။ ဆန်ချိုက ခြေစွမ်းမပြ နိုင်ခဲ့ပေမယ့် ဗာရန်းကတော့ ထိပ်သီး ခြေစွမ်းပြသနိုင်ခဲ့ပြီး ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကိုပါ ဖန်တီးသွားခဲ့ပါတယ်။
ပွဲချိန် ၈၀ မိနစ်မှာ နောက်ခံကစားသမားသစ် ဗာရန်းရဲ့ ဖန်တီးပေးမှုကနေ ဂရင်းဝုဒ်က သူ့ရဲ့ ဂိုးသွင်းယူနေကျ ပုံစံအတိုင်း အပြင်းကန်သွင်းယူပြီး ယူနိုက်တက်ကို အသက်ရှူချောင်စေခဲ့ပါတယ်။ ဂရင်းဝုဒ်ကတော့ အသက် ၁၉ နှစ်အရွှယ်မှာပဲ သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းက ဂိုး ၂၀ အထိကို ရှိလာခဲ့ရပါတယ်
Zawgyi Version