Spots news

စံချိန်သစ်တင်တဲ့ ဂရင်းဝုဒ် ၊ နံပါတ် ၇ အတွက် ညှိနှိုင်းပေးနေတဲ့ မန်ယူနဲ့ သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လူငယ်ကြယ်ပွင့်လေး ဂရင်းဝုဒ်ရဲ့ အနိုင်ဂိုးနဲ့ အဝေးကွင်းမှာ ဝုလ်ဗ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း ရှုံးပွဲမရှိ စံချိန်သစ်ကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ကတော့ အသက် ၁၉ နှစ်အရွှယ်မှာပဲ သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းက ဂိုး ၂၀ အထိကို ရှိလာခဲ့ရပါတယ်

ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်အသင်း ကတော့ လတ်တလောမှာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ သူတို့အသင်းရဲ့ ကစားသမား ဟာလန်းကို ဒီနွေရာသီမှာ ဘယ်လောက်ပေးပေး ရောင်းချသွားမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောကြားသွားပါတယ်။

ဝုလ်ဗ်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဟွမ်ဟီချန်ကို တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ ဟွမ်ဟီချန်ကို ပေါင် ၁၂ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်ကိုလည်း စာချုပ်တွင် ထည့်သွင်းထားသည်။ ဝုလ်ဗ်အသင်းဟာ မန်ယူနှင့်ပွဲမစတင်မီ ဟွမ်ဟီချန်ကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကျောနံပါတ် ၇ ကိုသာ ပြန်လည်၀တ် ဆင်သွားဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် နဲ့ ယူနိုက်တက် တာ၀န်ရှိသူများက ကျောနံပါတ် ပြသာနာအားညှိုနှိုင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ တိုက်စစ်မှူး ကာဗာနီကလဲမှာ ရော်နယ်ဒိုထံ ကျောနံပါတ် ၇ အားလိုလိုလားလား ပေးအပ်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

ဝုလ်ဗ်အသင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဥ်မှာ ရူဘင်နီးဗက်စ် နှင့် ဘောလုံးယှဥ်လုခဲ့တဲ့ ဖြစ်ရပ်အတွက် ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို မကျေနပ်၍ “လူလိမ်! လူလိမ်! လူလိမ် ” ဟူ၍ သံပြိုင်အော်နေတဲ့ ဝုလ်ဗ်ပရိသတ်များကို ပွဲအပြီးမှာ ပေါ့ဘာက သူဝတ်ခဲ့တဲ့ ဂျာစီအား လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လူငယ္ၾကယ္ပြင့္ေလး ဂရင္းဝုဒ္ရဲ႕ အနိုင္ဂိုးနဲ႕ အေဝးကြင္းမွာ ဝုလ္ဗ္ကို အနိုင္ယူၿပီး ပရီးမီးယားလိဂ္ရဲ႕ အေဝးကြင္း ရႈံးပြဲမရွိ စံခ်ိန္သစ္ကိုပါ ရယူနိုင္ခဲ့ပါတယ္။ ဂရင္းဝုဒ္ကေတာ့ အသက္ ၁၉ ႏွစ္အ႐ႊယ္မွာပဲ သူရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး စုစုေပါင္းက ဂိုး ၂၀ အထိကို ရွိလာခဲ့ရပါတယ္

ဘြန္ဒက္လီဂါ နာမည္ႀကီးကလပ္ ေဒါ့မြန္အသင္း ကေတာ့ လတ္တေလာမွာ ပီအက္စ္ဂ်ီအသင္းနဲ႕ အေျပာင္းအေ႐ႊ႕ သတင္းေတြ ထြက္ေပၚေနတဲ့ သူတို႔အသင္းရဲ႕ ကစားသမား ဟာလန္းကို ဒီေႏြရာသီမွာ ဘယ္ေလာက္ေပးေပး ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ ယတိျပတ္ ေျပာၾကားသြားပါတယ္။

ဝုလ္ဗ္အသင္းဟာ လိုက္ပ္ဇစ္အသင္းမွ ေတာင္ကိုရီးယား တိုက္စစ္ကစားသမား ဟြမ္ဟီခ်န္ကို တစ္ရာသီအငွားျဖင့္ ေခၚယူခဲ့ေၾကာင္း အတည္ျပဳေၾကညာခဲ့သည္။ ဟြမ္ဟီခ်န္ကို ေပါင္ ၁၂ သန္းျဖင့္ အၿပီးသတ္ဝယ္ယူခြင့္ကိုလည္း စာခ်ဳပ္တြင္ ထည့္သြင္းထားသည္။ ဝုလ္ဗ္အသင္းဟာ မန္ယူႏွင့္ပြဲမစတင္မီ ဟြမ္ဟီခ်န္ကို ပရိသတ္ႏွင့္ မိတ္ဆက္ေပးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေက်ာနံပါတ္ ၇ ကိုသာ ျပန္လည္၀တ္ ဆင္သြားဖြယ္ ရွိေနပါတယ္။ ပရီးမီးယားလိဂ္ နဲ႕ ယူနိုက္တက္ တာ၀န္ရွိသူမ်ားက ေက်ာနံပါတ္ ျပသာနာအားညွိုႏွိုင္းနိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ တိုက္စစ္မႉး ကာဗာနီကလဲမွာ ေရာ္နယ္ဒိုထံ ေက်ာနံပါတ္ ၇ အားလိုလိုလားလား ေပးအပ္သြားမည္ ျဖစ္ေၾကာင္းသိရပါတယ္။

ဝုလ္ဗ္အသင္း ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ ႐ူဘင္နီးဗက္စ္ ႏွင့္ ေဘာလုံးယွဥ္လုခဲ့တဲ့ ျဖစ္ရပ္အတြက္ ယူနိုက္တက္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို မေက်နပ္၍ “လူလိမ္! လူလိမ္! လူလိမ္ ” ဟူ၍ သံၿပိဳင္ေအာ္ေနတဲ့ ဝုလ္ဗ္ပရိသတ္မ်ားကို ပြဲအၿပီးမွာ ေပါ့ဘာက သူဝတ္ခဲ့တဲ့ ဂ်ာစီအား လက္ေဆာင္အျဖစ္ ေပးခဲ့ပါတယ္။