Spots news

သုံးပွဲကန် သုံးပွဲနိုင် သုံးဂိုးသွင်းပြီး အဆင့်တစ်နေရာ ရယူထားနိုင်တဲ့ စပါး

Unicode Version

ဒီနေ့ပွဲမှာ မန်စီးတီးနဲ့ သတင်းများ ရပ်တန့်သွားပြီ ဖြစ်တဲ့ တိုက်စစ်မှုး ဟယ်ရီကိန်း လည်း ပြန်လည်ပါဝင်လာပြီး စပါးကနေ ထွက်ခွာခဲ့တဲ့ ဆစ်ဆိုကိုကလည်း အသင်းဟောင်းနဲ့ပွဲကို ချက်ချင်းပြန်လည်ပါဝင်လာခဲ့ပါတယ်။

ပွဲစတာနဲ့ ဝက်ဖိုဒ့်ဘက်က တစ်သင်းလုံး ခံစစ်ပိတ်ဆော့ခဲ့တာမို့ စပါးအသင်းဂိုးရဖို့ တော်တော်ကြာကြာလေး ရုန်းကန်ခဲ့ရပါတယ်။ပထမပိုင်းပြီးခါနီးလောက်မှ ဆွန်ဟောင်မင်ရဲ့ Freekick ကို ဂိုးသမားနဲ့နောက်တန်းပေါ့ဆမှုကြောင့် အံဩဖွယ်ဂိုးပေးခဲ့ရပါတယ်။

ဆွန်ဟောင်မင်ဟာ ယခုပွဲမှာ ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး ဝက်ဖို့ဒ်အသင်းနှင့် ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲတွင် ဆွန်ဟောင်မင်က ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဂိုးရပြီးနောက်ပိုင်းတောင် စပါးအသင်းရဲ့ ဂိုးကန်သွင်းမှုတွေကလွဲလို့ ကျန်တာတွေက တော်တော်ပျင်းဖို့ကောင်းပြီး ဆွန်ဟောင်မင်ရဲ့ ဂိုးနဲ့ ဆစ်ဆိုကို နည်းပြကို ဘောလုံးကန်တာလောက်ဘဲ စိတ်ဝင်စားစရာရှိပါတယ်။

ပွဲအပြီးမှာတော့ ၁-၀ ဖြင့်သာ ပြီးဆုံးခဲ့ပြီး နည်းပြသစ် နူနိုဆန်းတိုစ့်ရဲ့စပါးကတော့ သုံးပွဲကစား သုံးပွဲနိုင် သုံးဂိုးသွင်းယူကာ ပုံစံကောင်းတွေပြနေပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်လို့ နေပါတယ်။

Zawgyi Version

ဒီေန႕ပြဲမွာ မန္စီးတီးနဲ႕ သတင္းမ်ား ရပ္တန႔္သြားၿပီ ျဖစ္တဲ့ တိုက္စစ္မႈး ဟယ္ရီကိန္း လည္း ျပန္လည္ပါဝင္လာၿပီး စပါးကေန ထြက္ခြာခဲ့တဲ့ ဆစ္ဆိုကိုကလည္း အသင္းေဟာင္းနဲ႕ပြဲကို ခ်က္ခ်င္းျပန္လည္ပါဝင္လာခဲ့ပါတယ္။

ပြဲစတာနဲ႕ ဝက္ဖိုဒ့္ဘက္က တစ္သင္းလုံး ခံစစ္ပိတ္ေဆာ့ခဲ့တာမို႔ စပါးအသင္းဂိုးရဖို႔ ေတာ္ေတာ္ၾကာၾကာေလး ႐ုန္းကန္ခဲ့ရပါတယ္။ပထမပိုင္းၿပီးခါနီးေလာက္မွ ဆြန္ေဟာင္မင္ရဲ႕ Freekick ကို ဂိုးသမားနဲ႕ေနာက္တန္းေပါ့ဆမႈေၾကာင့္ အံဩဖြယ္ဂိုးေပးခဲ့ရပါတယ္။

ဆြန္ေဟာင္မင္ဟာ ယခုပြဲမွာ ပရီးမီးယားလိဂ္ ပြဲ ၂၀၀ ျပည့္ေျမာက္ခဲ့တာ ျဖစ္ၿပီး ဝက္ဖို႔ဒ္အသင္းႏွင့္ ရင္ဆိုင္ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၀ ပြဲတြင္ ဆြန္ေဟာင္မင္က ၆ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဂိုးရၿပီးေနာက္ပိုင္းေတာင္ စပါးအသင္းရဲ႕ ဂိုးကန္သြင္းမႈေတြကလြဲလို႔ က်န္တာေတြက ေတာ္ေတာ္ပ်င္းဖို႔ေကာင္းၿပီး ဆြန္ေဟာင္မင္ရဲ႕ ဂိုးနဲ႕ ဆစ္ဆိုကို နည္းျပကို ေဘာလုံးကန္တာေလာက္ဘဲ စိတ္ဝင္စားစရာရွိပါတယ္။

ပြဲအၿပီးမွာေတာ့ ၁-၀ ျဖင့္သာ ၿပီးဆုံးခဲ့ၿပီး နည္းျပသစ္ ႏူနိုဆန္းတိုစ့္ရဲ႕စပါးကေတာ့ သုံးပြဲကစား သုံးပြဲနိုင္ သုံးဂိုးသြင္းယူကာ ပုံစံေကာင္းေတြျပေနၿပီး ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁ ေနရာမွာ ရပ္တည္လို႔ ေနပါတယ္။