Spots news

လူစုံထုတ်၍ မန်ချက်စတာကို အနီရောင်သုတ်မယ့် ဆိုလ်းရှား

Unicode Version

ကြာသပတေးနေ့မှာယှဉ် ပြိုင်မယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် မန်ချက်စတာ ယူနိုက်တက် ရဲ့ ဒဏ်ရာရ / ပွဲပယ် ကစားသမား စာရင်းကို ကြေငြာလိုက်ပါတယ်။

တိုက်စစ်မှူး ကာဗာနီ တစ်ဦးသာလျှင် ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားများထဲမှ ပွဲပယ်ပြစ်ဒဏ် ကြောင့် မန်စီတီး နဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပြီး ပွဲထွက်ခွင့်မရရှိတာ ကြာပြီဖြစ်တဲ့ ဖီးလ်ဂျုံး ကလဲ ပါဝင်မှာ မဟုတ်ပါဘူး။

“ ကျွန်တော်တို့ လာမည့်ပွဲမှာ ကာဗာနီ ရဲ့ ပွဲပယ် ပြစ်ဒဏိကြောင့် ပါဝင်ခွင့်မရရှိတာ အရမ်းနစ်နာပါတယ်။ သူ့လိုတိုက်စစ်ကစားပုံမျိုး ယူနိုက်တက်မှာ တစ်ယောက်တည်းရှိတာပါ။ ဖီးလ်ဂျုံးကတော့ အသင်းနဲ့ ကွဲကွာနေတာ တစ်နှစ်ကျော်လောက်ရှိပြီ ဖြစ်ပါတယ်။ စီးတီးနဲ့ ပွဲစဉ်အတွက် သူတို့ နှစ်ဦးပဲ လွဲချော်မှာပါ ” ဟု မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ကြေငြာလိုက်ပါတယ်။

နည်းပြဆိုလ်းရှား လက်ထက် မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့တွေ့ဆုံမှု မှာ မန်ချက်စတာ ယူနိုက်တက်က သုံးပွဲနိုင် တစ်ပွဲ သရေဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိထားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာလဲ တစ်‌ပွဲလျော့ ဂိုးကွာ နဲ့ ထိပ်ဆုံးမှ လီဗာပူးကို ဆက်တိုက်ဖိအားပေးနေပြီး စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပါ ထိပ်ဆုံးရောက်ရှိနေတာပါ။

တိုက်စစ်ပိုင်းမှာလဲ မန်ယူ အသင်းက ပရီးမီးယားလိဂ်မှာ ကိုးဂိုး အထိ မန်စီးတီးအသင်းထက် ပိုမိုသွင်းယူထားပါတယ်။ သို့ပေမယ့် စီးတီး ဟာလဲ ချဲဆီး အသင်းရဲ့ အိမ်ကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်ဖြင့် ပူပူနွေးနွေး အနိုင်ရရှိထားတာမို့ စုစည်းမှုပိုင်း မှာ ပြောစရာရှိမနေပါဘူး။

သို့ပေမယ့် မန်ချက်စတာစီးတီး အသင်းအနေနဲ့ ကိုဗစ် ကူးစက်ခံထားရဲ့ အဓိကစားသမား ငါးဦး အထိ ရှိနေပြီး အဓိက ဂိုးသမား အီဒါဆန်လဲ မပါဝင်တာမလို့ ဖာနန်ဒက်စ် ၊ပေါ့ဘာ၊ ရပ်ရှ်ဖို့ တို့ရဲ့ တိုက်စစ်အားကို တောင့်ခံနိုင်ဖို့ အတော်လေး ကြိုးစားရုန်းကန်ရပါမယ်။ ဆိုလ်းရှား အနေနဲ့ ပွဲတိုင်းကို ဖိုင်နယ်လို ကန်မည်ဆိုတဲ့ စကားအရ လူစုံထုတ်ပြီး ယှဉ်ပြိုင်လာမည်မို့ မန်ချက်စတာ မြို့ရဲ့ ကောင်းကင်ယံ ဟာ အနီရောင် သမ်းဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။

Zawgyi Version

ၾကာသပေတးေန႕မွာယွဥ္ ၿပိဳင္မယ့္ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ အတြက္ မန္ခ်က္စတာ ယူနိုက္တက္ ရဲ႕ ဒဏ္ရာရ / ပြဲပယ္ ကစားသမား စာရင္းကို ေၾကျငာလိုက္ပါတယ္။

တိုက္စစ္မႉး ကာဗာနီ တစ္ဦးသာလွ်င္ ပြဲထြက္ခြင့္ရေနတဲ့ ကစားသမားမ်ားထဲမွ ပြဲပယ္ျပစ္ဒဏ္ ေၾကာင့္ မန္စီတီး နဲ႕ ယွဥ္ၿပိဳင္မယ့္ ပြဲစဥ္ကို လြဲေခ်ာ္မွာ ျဖစ္ၿပီး ပြဲထြက္ခြင့္မရရွိတာ ၾကာၿပီျဖစ္တဲ့ ဖီးလ္ဂ်ဳံး ကလဲ ပါဝင္မွာ မဟုတ္ပါဘူး။

“ ကြၽန္ေတာ္တို႔ လာမည့္ပြဲမွာ ကာဗာနီ ရဲ႕ ပြဲပယ္ ျပစ္ဒဏိေၾကာင့္ ပါဝင္ခြင့္မရရွိတာ အရမ္းနစ္နာပါတယ္။ သူ႕လိုတိုက္စစ္ကစားပုံမ်ိဳး ယူနိုက္တက္မွာ တစ္ေယာက္တည္းရွိတာပါ။ ဖီးလ္ဂ်ဳံးကေတာ့ အသင္းနဲ႕ ကြဲကြာေနတာ တစ္ႏွစ္ေက်ာ္ေလာက္ရွိၿပီ ျဖစ္ပါတယ္။ စီးတီးနဲ႕ ပြဲစဥ္အတြက္ သူတို႔ ႏွစ္ဦးပဲ လြဲေခ်ာ္မွာပါ ” ဟု မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားက ေၾကျငာလိုက္ပါတယ္။

နည္းျပဆိုလ္းရွား လက္ထက္ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ မန္စီးတီး တို႔ေတြ႕ဆုံမႈ မွာ မန္ခ်က္စတာ ယူနိုက္တက္က သုံးပြဲနိုင္ တစ္ပြဲ သေရဆိုတဲ့ မွတ္တမ္းေကာင္းကို ရရွိထားပါတယ္။ လက္ရွိ ပရီးမီးယားလိဂ္မွာလဲ တစ္‌ပြဲေလ်ာ့ ဂိုးကြာ နဲ႕ ထိပ္ဆုံးမွ လီဗာပူးကို ဆက္တိုက္ဖိအားေပးေနၿပီး စိတ္ဓာတ္ပိုင္းေရာ ေျခစြမ္းပါ ထိပ္ဆုံးေရာက္ရွိေနတာပါ။

တိုက္စစ္ပိုင္းမွာလဲ မန္ယူ အသင္းက ပရီးမီးယားလိဂ္မွာ ကိုးဂိုး အထိ မန္စီးတီးအသင္းထက္ ပိုမိုသြင္းယူထားပါတယ္။ သို႔ေပမယ့္ စီးတီး ဟာလဲ ခ်ဲဆီး အသင္းရဲ႕ အိမ္ကြင္းမွာ ၃-၁ ဆိုတဲ့ ရလဒ္ျဖင့္ ပူပူေႏြးေႏြး အနိုင္ရရွိထားတာမို႔ စုစည္းမႈပိုင္း မွာ ေျပာစရာရွိမေနပါဘူး။

သို႔ေပမယ့္ မန္ခ်က္စတာစီးတီး အသင္းအေနနဲ႕ ကိုဗစ္ ကူးစက္ခံထားရဲ႕ အဓိကစားသမား ငါးဦး အထိ ရွိေနၿပီး အဓိက ဂိုးသမား အီဒါဆန္လဲ ပပါဝင္တာမလို႔ ဖာနန္ဒက္စ္ ၊ေပါ့ဘာ၊ ရပ္ရွ္ဖို႔ တို႔ရဲ႕ တိုက္စစ္အားကို ေတာင့္ခံနိုင္ဖို႔ အေတာ္ေလး ႀကိဳးစား႐ုန္းကန္ရပါမယ္။ ဆိုလ္းရွား အေနနဲ႕ ပြဲတိုင္းကို ဖိုင္နယ္လို ကန္မည္ဆိုတဲ့ စကားအရ လူစုံထုတ္ၿပီး ယွဥ္ၿပိဳင္လာမည္မို႔ မန္ခ်က္စတာ ၿမိဳ႕ရဲ႕ ေကာင္းကင္ယံ ဟာ အနီေရာင္ သမ္းဖို႔ အေျခအေနေကာင္းလ်က္ ရွိေနပါတယ္။