Spots news

မန်ယူရဲ့ နံပါတ် ၇ ဟာ ရော်နယ်ဒို ပြန်ဖြစ်စေဖို့ အဓိကပြုလုပ်ရမယ့် အချက် ၂ ချက်

Unicode Version

ယူနိုက်တက် အသင်းအနေနဲ့ အသင်းကို ပြန်လည် ရောက်ရှိလာတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ကျောနံပါတ် ၇ အကျီကို ပြန်လည်ဝတ်ဆင်‌ စေမည်ဆိုပါက အဓိကအချက် ၂ ချက်ထဲမှ တစ်ခုခုကိုရရှိမှသာ အဆင်ပြေမည်ဖြစ် ကြောင်း ဗြိတိန်မီဒီယာများက ထောက်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကျောနံပတ် ၇ ဟာ တိုက်စစ်မှုးကြီး အီဒင်ဆင် ကာဗာနီက ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ရော်နယ်ဒို အသင်းကို ရောက်ရှိလာပြီး နောက်မှာတော့ ကျောနံပတ် ၇ ကို လွဲပြောင်းရယူရမှာ ဖြစ်သလို ကာဗာနီကိုယ်တိုင်က လိုလိုလားလား ဆန္ဒရှိနေပါတယ်။

ကျောနံပါတ် ၇ ကို ရော်နယ်ဒို ပြန်လည် လွှဲပြောင်းရယူရန်အတွက် လိုအပ်ချက် ၂ ချက်ရှိပြီး ကာဗာနီ အသင်းပြောင်းရွှေ့မှ (သို့မဟုတ်) ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံမှ အထူးခွင့်ပြုချက်ရမှ ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းသတ်မှတ်ချက် M-5 အရ ကာဗာနီဟာ ရာသီကုန်အထိ သူ၏ ကျောနံပါတ် ၇ အကျီကို ဆက်လက်ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ သူအသင်း ပြောင်းရွှေ့ပြီး ကျောနံပါတ် ၇ အကျီ လစ်လပ်သွားမှ ရော်နယ်လ်ဒိုအနေဖြင့် ဝတ်ဆင်ခွင့်ရရှိမှာ ဖြစ်တဲ့ အတွက်

ယူနိုက်တက်အနေနဲ့ ကာဗာနီကို အသင်းပြောင်းရွှေ့ပေးရန် လိုအပ်ကြောင်း၊ အကယ်၍ ထိုကဲ့သို့မဟုတ်ပါက ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဘုတ်အဖွဲ့ထံမှ အထူးခွင့်ပြုချက်ကို တောင်းခံရန်လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ထိုကဲ့သို့ ရာသီစ ကစားသမား စာရင်းသွင်းပြီး နောက်ပိုင်း ကျောနံပါတ် ပြောင်းလဲခြင်းမျိုး တစ်ခါမှ မဖြစ်ခဲ့ဘူးပဲ ခွင့်ပြုချက်ရရှိ လာပါက ယူနိုက်တက် အသင်းဟာ ပထမဆုံး ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

Zawgyi Version

ယူနိုက္တက္ အသင္းအေနနဲ႕ အသင္းကို ျပန္လည္ ေရာက္ရွိလာတဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ေက်ာနံပါတ္ ၇ အက်ီကို ျပန္လည္ဝတ္ဆင္‌ ေစမည္ဆိုပါက အဓိကအခ်က္ ၂ ခ်က္ထဲမွ တစ္ခုခုကိုရရွိမွသာ အဆင္ေျပမည္ျဖစ္ ေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေထာက္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေက်ာနံပတ္ ၇ ဟာ တိုက္စစ္မႈးႀကီး အီဒင္ဆင္ ကာဗာနီက ဝတ္ဆင္ထားတာ ျဖစ္ပါတယ္။ ေရာ္နယ္ဒို အသင္းကို ေရာက္ရွိလာၿပီး ေနာက္မွာေတာ့ ေက်ာနံပတ္ ၇ ကို လြဲေျပာင္းရယူရမွာ ျဖစ္သလို ကာဗာနီကိုယ္တိုင္က လိုလိုလားလား ဆႏၵရွိေနပါတယ္။

ေက်ာနံပါတ္ ၇ ကို ေရာ္နယ္ဒို ျပန္လည္ လႊဲေျပာင္းရယူရန္အတြက္ လိုအပ္ခ်က္ ၂ ခ်က္ရွိၿပီး ကာဗာနီ အသင္းေျပာင္းေ႐ႊ႕မွ (သို႔မဟုတ္) ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္ထံမွ အထူးခြင့္ျပဳခ်က္ရမွ ျဖစ္နိုင္လိမ့္မည္ျဖစ္ေၾကာင္း ၿဗိတိန္သတင္းစာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ စည္းမ်ဥ္းသတ္မွတ္ခ်က္ M-5 အရ ကာဗာနီဟာ ရာသီကုန္အထိ သူ၏ ေက်ာနံပါတ္ ၇ အက်ီကို ဆက္လက္ဝတ္ဆင္ရမည္ျဖစ္ေၾကာင္း၊ သူအသင္း ေျပာင္းေ႐ႊ႕ၿပီး ေက်ာနံပါတ္ ၇ အက်ီ လစ္လပ္သြားမွ ေရာ္နယ္လ္ဒိုအေနျဖင့္ ဝတ္ဆင္ခြင့္ရရွိမွာ ျဖစ္တဲ့ အတြက္

ယူနိုက္တက္အေနနဲ႕ ကာဗာနီကို အသင္းေျပာင္းေ႐ႊ႕ေပးရန္ လိုအပ္ေၾကာင္း၊ အကယ္၍ ထိုကဲ့သို႔မဟုတ္ပါက ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္ဘုတ္အဖြဲ႕ထံမွ အထူးခြင့္ျပဳခ်က္ကို ေတာင္းခံရန္လိုအပ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ထိုကဲ့သို႔ ရာသီစ ကစားသမား စာရင္းသြင္းၿပီး ေနာက္ပိုင္း ေက်ာနံပါတ္ ေျပာင္းလဲျခင္းမ်ိဳး တစ္ခါမွ မျဖစ္ခဲ့ဘူးပဲ ခြင့္ျပဳခ်က္ရရွိ လာပါက ယူနိုက္တက္ အသင္းဟာ ပထမဆုံး ျဖစ္နိုင္ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။