Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ယမန်နေ့ညက ယှဉ်ပြိုင် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဝုလ်ဗ် အသင်းဘက်ကို ဂိုးသွင်းယူခဲ့ပြီးနောက်
အောင်ပွဲခံခဲ့သည့်ပုံစံမှာ “Black Panther” အဖြစ် လူသိများကျော်ကြားလှသည့် နာမည်ကြီးသရုပ်ဆောင် “Chadwick Boseman” ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်ကိုရည်ရွယ်ခြင်းဖြစ်ကြောင်း သူ့ရဲ့ တွစ်တာ စာမျက်နှာ ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
နာမည်ကြီး စူပါဟီးရိုး ဇာတ်လမ်းဖြစ်တဲ့ မာဗယ်ရဲ့ Black Panther ဇာတ်ကောင် သရုပ်ဆောင် Chadwick Boseman ကွယ်လွန်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ဂရင်းဝုဒ်က Boseman ကို လွမ်းဆွတ်ကြောင်း Black Panther ရဲ့ အထိမ်းအမှတ်ပုံစံကို ပြုလုပ်၍ အောင်ပွဲခံခဲ့တာပါ။
Boseman ကွယ်လွန်စဉ်ကလဲ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း အပါအဝင် နာမည်ကျော် ကစားသမားများက ဂိုးသွင်းအပြီး Black Panther ရဲ့ ပုံစံအတိုင်း အောင်ပွဲခံရင်း Chadwick Boseman ကို ဂုဏ်ပြုခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ရဲ့ အနိုင်ဂိုးနဲ့ အဝေးကွင်းမှာ ဝုလ်ဗ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း ရှုံးပွဲမရှိ စံချိန်သစ်ကိုပါ ရယူနိုင်ခဲ့သလို ဂရင်းဝုဒ်ကလဲ အသက် ၁၉ နှစ်အရွှယ်မှာပဲ သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းက ဂိုး ၂၀ အထိကို ရှိလာခဲ့ရပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ေမဆင္ဂရင္းဝုဒ္ဟာ ယမန္ေန႕ညက ယွဥ္ၿပိဳင္ ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ယူနိုက္အသင္း အတြက္ တစ္လုံးတည္းေသာ အနိုင္ဂိုးကို ဝုလ္ဗ္ အသင္းဘက္ကို ဂိုးသြင္းယူခဲ့ၿပီးေနာက္
ေအာင္ပြဲခံခဲ့သည့္ပုံစံမွာ “Black Panther” အျဖစ္ လူသိမ်ားေက်ာ္ၾကားလွသည့္ နာမည္ႀကီးသ႐ုပ္ေဆာင္ “Chadwick Boseman” ကြယ္လြန္ျခင္း တစ္ႏွစ္ျပည့္အထိမ္းအမွတ္ကိုရည္႐ြယ္ျခင္းျဖစ္ေၾကာင္း သူ႕ရဲ႕ တြစ္တာ စာမ်က္ႏွာ ေပၚမွာ ေရးသားေဖာ္ျပထားပါတယ္။
နာမည္ႀကီး စူပါဟီးရိုး ဇာတ္လမ္းျဖစ္တဲ့ မာဗယ္ရဲ႕ Black Panther ဇာတ္ေကာင္ သ႐ုပ္ေဆာင္ Chadwick Boseman ကြယ္လြန္ခဲ့သည္မွာ တစ္ႏွစ္ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ၿပီး ဂရင္းဝုဒ္က Boseman ကို လြမ္းဆြတ္ေၾကာင္း Black Panther ရဲ႕ အထိမ္းအမွတ္ပုံစံကို ျပဳလုပ္၍ ေအာင္ပြဲခံခဲ့တာပါ။
Boseman ကြယ္လြန္စဥ္ကလဲ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္း အပါအဝင္ နာမည္ေက်ာ္ ကစားသမားမ်ားက ဂိုးသြင္းအၿပီး Black Panther ရဲ႕ ပုံစံအတိုင္း ေအာင္ပြဲခံရင္း Chadwick Boseman ကို ဂုဏ္ျပဳခဲ့ၾကပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဂရင္းဝုဒ္ရဲ႕ အနိုင္ဂိုးနဲ႕ အေဝးကြင္းမွာ ဝုလ္ဗ္ကို အနိုင္ယူၿပီး ပရီးမီးယားလိဂ္ရဲ႕ အေဝးကြင္း ရႈံးပြဲမရွိ စံခ်ိန္သစ္ကိုပါ ရယူနိုင္ခဲ့သလို ဂရင္းဝုဒ္ကလဲ အသက္ ၁၉ ႏွစ္အ႐ႊယ္မွာပဲ သူရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး စုစုေပါင္းက ဂိုး ၂၀ အထိကို ရွိလာခဲ့ရပါတယ္။