Spots news

တိုက်စစ်မှူး ရော်နယ်‌ဒို စတင်ကစားမယ့် ပွဲစဉ်ကို အတည်ပြုပေးလိုက်တဲ့ ဆိုးလ်ရှား

Unicode Version

ဘောလုံးလမ်းခရီးမှာ ခရီးရှည်ကြီးထွက်ပြီး နောက်ဆုံးတော့ အသင်းဟောင်းကို ပြန်လည်ရောက်ရှိ လာခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး လစ္စဘွန်မြို့မှာ ဆေးစစ်မှုခံယူခဲ့ပါတယ်။ ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ပေါ်တူဂီ နိုင်ငံမှာပဲ ဆက်လက်ရှိနေခဲ့ကာ မကြာမီ အသင်းကို လာရောက်ပူးပေါင်းတော့ မှာပါ။

ယူနိုက်တက်ဟာ မနေ့ညက ဝုလ်ဗ်နဲ့ ပွဲစဥ်မှာ ဂရင်းဝုဒ်ရဲ့ တစ်လုံးထဲသောသွင်းဂိုးနဲ့ အနိုင်ရရှိပြီး ဂိုးသမား ဒေးဗစ်ဒီဂီယာ လက်စွမ်းကောင်း ပြနိုင်လို့သာ မရှုံးနိမ့်တာဖြစ်ပါတယ်။ ဒါ့အပြင် ဝုလ်ဗ်အသင်းအတွက် ဦးဆောင်ဂိုး ရရှိမယ့် အပိုင် အခွင့်အရေးကိုလဲ ဝမ်ဘစ်ဆာကာက ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ဝုလ်ဗ်အသင်း နဲ့ပွဲအပြီးမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ‌တိုက်စစ်မှူး ရော်နယ်ဒို အသင်းနဲ့ လာရောက် ပူးပေါင်းပြီး ပွဲထွက်လာမယ့် အချိန်ကို မီဒီယာများကို အသိပေး သွားခဲ့ပါတယ်။ “ရော်နယ်ဒို နယူးကာဆယ်နဲ့ ပွဲမှာဝင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အပြီးသတ် လုပ်စရာရှိတာတွေလုပ်နေတယ်”

“ကျနော်သူ့ကို ဂိုးဧရိယာထဲနေပြီး ဂိုးတွေ အများကြီး သွင်းစေချင်တယ်။ ယူနိုက်တက်ကိုချစ်တဲ့ ပရိတ်သတ်‌တွေသာမက ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတွေ ကစားသမားအသစ်တွေကပါ သူ့ကို ယူနိုက်တက်ကို ပြန်လာဖို့ မျှော်လင့်ခဲ့ကြတယ်။ ကူညီခဲ့ ကြပါတယ် ”

“ ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ့ အချက်ကတော့ ရော်နယ်ဒို ကိုယ်တိုင် ယူနိုက်တက်ကို ပြန်လာချင် ခဲ့တာပါ။ သူ အရန်ခုံပေါ်ထိုင်ဖို့ ဒီကိုပြန်လာတာမဟုတ်ဘူး။ ကျနော်တို့အသင်းကို ဒီထက်ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင်လုပ်ပေးဖို့ သူပြန်လာတာပါ” လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ေဘာလုံးလမ္းခရီးမွာ ခရီးရွည္ႀကီးထြက္ၿပီး ေနာက္ဆုံးေတာ့ အသင္းေဟာင္းကို ျပန္လည္ေရာက္ရွိ လာခဲ့တဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယူနိုက္တက္ အသင္းနဲ႕ သေဘာတူညီမႈ ရရွိခဲ့ၿပီး လစၥဘြန္ၿမိဳ႕မွာ ေဆးစစ္မႈခံယူခဲ့ပါတယ္။ ေဆးစစ္မႈေအာင္ျမင္ခဲ့ၿပီး ေပၚတူဂီ နိုင္ငံမွာပဲ ဆက္လက္ရွိေနခဲ့ကာ မၾကာမီ အသင္းကို လာေရာက္ပူးေပါင္းေတာ့ မွာပါ။

ယူနိုက္တက္ဟာ မေန႕ညက ဝုလ္ဗ္နဲ႕ ပြဲစဥ္မွာ ဂရင္းဝုဒ္ရဲ႕ တစ္လုံးထဲေသာသြင္းဂိုးနဲ႕ အနိုင္ရရွိၿပီး ဂိုးသမား ေဒးဗစ္ဒီဂီယာ လက္စြမ္းေကာင္း ျပနိုင္လို႔သာ မရႈံးနိမ့္တာျဖစ္ပါတယ္။ ဒါ့အျပင္ ဝုလ္ဗ္အသင္းအတြက္ ဦးေဆာင္ဂိုး ရရွိမယ့္ အပိုင္ အခြင့္အေရးကိုလဲ ဝမ္ဘစ္ဆာကာက ရွင္းထုတ္နိုင္ခဲ့ပါတယ္။

ဝုလ္ဗ္အသင္း နဲ႕ပြဲအၿပီးမွာေတာ့ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားဟာ ‌တိုက္စစ္မႉး ေရာ္နယ္ဒို အသင္းနဲ႕ လာေရာက္ ပူးေပါင္းၿပီး ပြဲထြက္လာမယ့္ အခ်ိန္ကို မီဒီယာမ်ားကို အသိေပး သြားခဲ့ပါတယ္။ “ေရာ္နယ္ဒို နယူးကာဆယ္နဲ႕ ပြဲမွာဝင္ကစားနိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီအတြက္လည္း က်ေနာ္တို႔ အၿပီးသတ္ လုပ္စရာရွိတာေတြလုပ္ေနတယ္”

“က်ေနာ္သူ႕ကို ဂိုးဧရိယာထဲေနၿပီး ဂိုးေတြ အမ်ားႀကီး သြင္းေစခ်င္တယ္။ ယူနိုက္တက္ကိုခ်စ္တဲ့ ပရိတ္သတ္‌ေတြသာမက ယူနိုက္တက္ရဲ႕ ကစားသမားေဟာင္းေတြ ကစားသမားအသစ္ေတြကပါ သူ႕ကို ယူနိုက္တက္ကို ျပန္လာဖို႔ ေမွ်ာ္လင့္ခဲ့ၾကတယ္။ ကူညီခဲ့ ၾကပါတယ္ ”

“ ဒါေပမယ့္ ဒီထက္ပို အေရးႀကီးတဲ့ အခ်က္ကေတာ့ ေရာ္နယ္ဒို ကိုယ္တိုင္ ယူနိုက္တက္ကို ျပန္လာခ်င္ ခဲ့တာပါ။ သူ အရန္ခုံေပၚထိုင္ဖို႔ ဒီကိုျပန္လာတာမဟုတ္ဘူး။ က်ေနာ္တို႔အသင္းကို ဒီထက္ပိုေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ေအာင္လုပ္ေပးဖို႔ သူျပန္လာတာပါ” လို႔ေျပာဆိုခဲ့ပါတယ္။