Spots news

ပိုင်ရှင်သစ်ကြောင့် ပီအက်စ်ဂျီထက် ငွေသုံးကြမ်းလာနိုင်ချေရှိလာတဲ့ အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအား ဝယ်ယူရန် အတွက် ကာတာစီးပွားရေးလုပ်ငန်းရှင်များက ပစ်မှတ်ထားလျက်ရှိနေပြီး  အသင်းပိုင်ရှင် ကရွန်ကီထံ ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရပါတယ်။

Qatar Investment Authority(QIA) မှ တာဝန်ရှိသူများဟာ အာဆင်နယ်အသင်းကို ဝယ်ယူရန် ဆွေးနွေးလျက်ရှိနေကြောင်း ဒေသခံသတင်းစာတစ်စောင်ဖြစ်သည့် Alqabas က ဖော်ပြထားပါတယ်။

ပြင်သစ်ကလပ် PSG အသင်းကို ပိုင်ဆိုင်တဲ့ Qatar Sports Investment စီးပွားရေးအဖွဲ့အစည်းဟာ Qatar Investment Authority ရဲ့ လက်အောက်ခံ စီးပွားရေးအဖွဲ့ဖြစ်ပြီး အကယ်၍

ကာတာ စီးပွားရေး လုပ်ငန်းရှင်များလက်အောက်သို့ ရောက်ရှိသွားခဲ့ပါက အာဆင်နယ်အသင်းအနေဖြင့် ငွေကြေးများစွာ သုံးစွဲပြီး အောင်မြင်မှုများကို ပြန်လည် ရှာဖွေနိုင်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြပါတယ်။

လက်ရှိအချိန်ထိတော့ QIA အနေဖြင့် အာဆင်နယ်အသင်းအား တန်ဖိုးမည်ရွေ့မည်မျှသတ်မှတ်၍ ကမ်းလှမ်းမည်ဆိုသည်ကို လက်ရှိအချိန်တွင် ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့် အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချပြီး ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ အာဆင်နယ် အသင်းပိုင်ရှင်ဖြစ်သူ ကရွန်ကီဟာ ၂၀၀၈ ခုနှစ်မှ စတင်၍ အာဆင်နယ်အသင်းမှာ စတင်ရင်းနှီးမြှုပ်နှံခဲ့ကာ လက်ရှိအချိန်မှာ အသင်းရဲ့ရှယ်ယာ ၉၀% အထိကို

ပိုင်ဆိုင်လျက် ရှိနေပြီး မကြာသေးမီက ဆွီဒင်စီးပွားရေးလုပ်ငန်းရှင် ဒန်နီယဲလ်အက်ဒ်က အာဆင်နယ်အသင်းအား ဝယ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် ကရွန်ကီက ကမ်းလှမ်းမှုအား ပယ်ချခဲ့ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းအား ဝယ္ယူရန္ အတြက္ ကာတာစီးပြားေရးလုပ္ငန္းရွင္မ်ားက ပစ္မွတ္ထားလ်က္ရွိေနၿပီး  အသင္းပိုင္ရွင္ က႐ြန္ကီထံ ကမ္းလွမ္းမႈျပဳလုပ္ရန္ စီစဥ္လ်က္ရွိေနေၾကာင္း သိရွိရပါတယ္။

Qatar Investment Authority(QIA) မွ တာဝန္ရွိသူမ်ားဟာ အာဆင္နယ္အသင္းကို ဝယ္ယူရန္ ေဆြးေႏြးလ်က္ရွိေနေၾကာင္း ေဒသခံသတင္းစာတစ္ေစာင္ျဖစ္သည့္ Alqabas က ေဖာ္ျပထားပါတယ္။

ျပင္သစ္ကလပ္ PSG အသင္းကို ပိုင္ဆိုင္တဲ့ Qatar Sports Investment စီးပြားေရးအဖြဲ႕အစည္းဟာ Qatar Investment Authority ရဲ႕ လက္ေအာက္ခံ စီးပြားေရးအဖြဲ႕ျဖစ္ၿပီး အကယ္၍

ကာတာ စီးပြားေရး လုပ္ငန္းရွင္မ်ားလက္ေအာက္သို႔ ေရာက္ရွိသြားခဲ့ပါက အာဆင္နယ္အသင္းအေနျဖင့္ ေငြေၾကးမ်ားစြာ သုံးစြဲၿပီး ေအာင္ျမင္မႈမ်ားကို ျပန္လည္ ရွာေဖြနိုင္ဖြယ္ရွိေၾကာင္း ၿဗိတိန္သတင္းစာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ QIA အေနျဖင့္ အာဆင္နယ္အသင္းအား တန္ဖိုးမည္ေ႐ြ႕မည္မွ်သတ္မွတ္၍ ကမ္းလွမ္းမည္ဆိုသည္ကို လက္ရွိအခ်ိန္တြင္ ရွင္းရွင္းလင္းလင္း မသိရွိရေသးေပမယ့္ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီး ျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိ အာဆင္နယ္ အသင္းပိုင္ရွင္ျဖစ္သူ က႐ြန္ကီဟာ ၂၀၀၈ ခုႏွစ္မွ စတင္၍ အာဆင္နယ္အသင္းမွာ စတင္ရင္းႏွီးျမႇုပ္ႏွံခဲ့ကာ လက္ရွိအခ်ိန္မွာ အသင္းရဲ႕ရွယ္ယာ ၉၀% အထိကို

ပိုင္ဆိုင္လ်က္ ရွိေနၿပီး မၾကာေသးမီက ဆြီဒင္စီးပြားေရးလုပ္ငန္းရွင္ ဒန္နီယဲလ္အက္ဒ္က အာဆင္နယ္အသင္းအား ဝယ္ယူရန္ ႀကိဳးပမ္းခဲ့ေပမယ့္ က႐ြန္ကီက ကမ္းလွမ္းမႈအား ပယ္ခ်ခဲ့ပါတယ္။