Unicode Version
လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဆယ်ကျော်သက် ကစားသမားဟာ ဘယ်သူလဲလို့ မေးခွန်းထုတ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ တောက်ပနေတဲ့ အင်္ဂလန် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ကိုပဲ လက်ညှိုးထိုးပြရမှာပါ။
လာမယ့် အောက်တိုဘာလ ၁ရက်နေ့မှာ အသက် ၂၀ပြည့်မယ့် ဂရင်းဝုဒ်ဟာ ဆယ်ကျော်သက် ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ဖြတ်ကျော်နေသူ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ သူဟာ ၃ပွဲကစား သွင်းဂိုး ၃ဂိုး ရယူထားနိုင်ပါတယ်။
လူငယ် တိုက်စစ်မှူးတဦး အတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ပွဲဆက်တိုက် သွင်းဂိုးတွေ ရရှိတာဟာ အံ့မခန်း စွမ်းဆောင်ရည်တခုလို့ ပြောလို့ရသလို ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက သွင်းဂိုးတွေ အလိုအပ်ဆုံး ဖြစ်နေတဲ့ အချိန်မှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်နေပါတယ်။
အချက်အလက် မှတ်တမ်းတွေအရ ဂရင်းဝုဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ရယူထားနိုင်တဲ့ ရမှတ် ၇မှတ်စလုံးကို ရယူပေးထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း သိရပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းက လိဒ်အသင်းကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အဖွင့်ပွဲမှာ ပွဲအလှည့်အပြောင်း ဖြစ်စေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး
သူ့ရဲ့ သွင်းဂိုးကြောင့် ၂-၁ ဆိုတဲ့ ရလဒ် ဖြစ်ပေါ်ခဲ့တာကြောင့် အဆိုပါပွဲစဉ်ရဲ့ ရမှတ် ၃မှတ်ကို သူ ယူဆောင်ပေးခဲ့တာ လို့ သတ်မှတ်ထားပါတယ်။
ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျခဲ့တဲ့ပွဲ ၊ မနေ့ညက ဝုဗ်အသင်းကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲတွေမှာတော့ ဂရင်းဝုဒ်ရဲ့
စွမ်းဆောင်ရည်ဟာ အတော်လေးကို မြင်သာထင်သာ ရှိခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရမှတ် ၄မှတ်ကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ် ဆယ်ကျော်သက် ကစားသမားတွေအနက် အသင်းအပေါ် အကျိုးအပြုဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို ရာသီကုန်မှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်တဲ့ တိုက်စစ်မှူး ဆယ်ဦးထဲက တဦး အဖြစ် ပါဝင်နေပါသေးတယ်။
Zawgyi Version
လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဆယ္ေက်ာ္သက္ ကစားသမားဟာ ဘယ္သူလဲလို႔ ေမးခြန္းထုတ္ခဲ့ရင္ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕အတူ ေတာက္ပေနတဲ့ အဂၤလန္ လူငယ္ တိုက္စစ္မႉး ဂရင္းဝုဒ္ကိုပဲ လက္ညွိုးထိုးျပရမွာပါ။
လာမယ့္ ေအာက္တိုဘာလ ၁ရက္ေန႕မွာ အသက္ ၂၀ျပည့္မယ့္ ဂရင္းဝုဒ္ဟာ ဆယ္ေက်ာ္သက္ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ အပိုင္းအျခားကို ျဖတ္ေက်ာ္ေနသူ ျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာေတာ့ သူဟာ ၃ပြဲကစား သြင္းဂိုး ၃ဂိုး ရယူထားနိုင္ပါတယ္။
လူငယ္ တိုက္စစ္မႉးတဦး အတြက္ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၃ပြဲဆက္တိုက္ သြင္းဂိုးေတြ ရရွိတာဟာ အံ့မခန္း စြမ္းေဆာင္ရည္တခုလို႔ ေျပာလို႔ရသလို ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးေတြဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းက သြင္းဂိုးေတြ အလိုအပ္ဆုံး ျဖစ္ေနတဲ့ အခ်ိန္မွာ သြင္းယူေပးခဲ့တဲ့ သြင္းဂိုးေတြ ျဖစ္ေနပါတယ္။
အခ်က္အလက္ မွတ္တမ္းေတြအရ ဂရင္းဝုဒ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္း ရယူထားနိုင္တဲ့ ရမွတ္ ၇မွတ္စလုံးကို ရယူေပးထားနိုင္တဲ့ ကစားသမား တဦး ျဖစ္ေၾကာင္း သိရပါတယ္။
ဂရင္းဝုဒ္ဟာ ယူနိုက္တက္အသင္းက လိဒ္အသင္းကို ၅-၁ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရခဲ့တဲ့ အဖြင့္ပြဲမွာ အသင္းအတြက္ ပြဲအလွည့္အေျပာင္း ျဖစ္ေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး သူ႕ရဲ႕ သြင္းဂိုးေၾကာင့္ ၂-၁ ဆိုတဲ့ ရလဒ္ ျဖစ္ေပၚခဲ့တာေၾကာင့္ အဆိုပါပြဲစဥ္ရဲ႕ ရမွတ္ ၃မွတ္ကို သူ ယူေဆာင္ေပးခဲ့တာ လို႔ သတ္မွတ္ထားပါတယ္။
ေဆာက္သမ္တန္အသင္းကို အေဝးကြင္းမွာ ၁-၁ ဆိုတဲ့ ရလဒ္နဲ႕ သေရက်ခဲ့တဲ့ပြဲ ၊ မေန႕ညက ဝုဗ္အသင္းကို အေဝးကြင္းမွာ ၀-၁ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရခဲ့တဲ့ ပြဲေတြမွာေတာ့ ဂရင္းဝုဒ္ရဲ႕ စြမ္းေဆာင္ရည္ဟာ အေတာ္ေလးကို ျမင္သာထင္သာ ရွိခဲ့ၿပီး သူ႕ရဲ႕ သြင္းဂိုးေတြေၾကာင့္ပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ရမွတ္ ၄မွတ္ကို စုေဆာင္းနိုင္ခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဂရင္းဝုဒ္ဟာ ပရီးမီးယားလိဂ္ ဆယ္ေက်ာ္သက္ ကစားသမားေတြအနက္ အသင္းအေပၚ အက်ိဳးအျပဳဆုံး ကစားသမား အျဖစ္ သတ္မွတ္ခံထားရသလို ရာသီကုန္မွာ ေ႐ႊဖိနပ္ဆု ဆြတ္ခူးနိုင္တဲ့ တိုက္စစ္မႉး ဆယ္ဦးထဲက တဦး အျဖစ္ ပါဝင္ေနပါေသးတယ္။