Unicode Version
မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရိုင်းသည် မန်စီးတီးအသင်း စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ရန်ရှိကြောင်း သတင်းများထွက်ပေါ်လာပါတယ်။
လက်ရှိ ဒီဘရိုင်း သည် မန်ချက်စတာစီးတီး အသင်းနဲ့ စာချုပ် သက်တမ်း ၂ နှစ်ခွဲ ကျန်ရှိနေသူဖြစ်ပြီး တစ်ပတ်ကို ပေါင် ၂၈၀၀၀၀ ရရှိနေသူလဲ ဖြစ်ပါတယ်။
၂၀၁၅ မှာ ဒီဘရိုင်းဟာ မန်စီးတီးအသင်းသို့ ရောက်ရှိ လာခဲ့ပြီး ပရီးမီးယားလိဂ် ဖလား နှစ်ကြိမ် ၊ Fa cup တစ်ကြိမ် ၊EFL cup လေးကြိမ်နဲ့ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုလဲ ရရှိထားသူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဘရိုင်းဟာ သူ၏ လုပ်ခလစာကိုလည်း ခြေစွမ်းနှင့် လျော်ညီစွာရယူလိုနေကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။
မန်စီးတီးအသင်းက လက်ရှိလစာ ဖြင့် ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုသော်လည်း ဒီဘရိုင်းက အသင်း၏ ကမ်းလှမ်းမှုကို မကျေမနပ်ဖြစ်နေပြီး ပရီးမီးယားလိဂ်တွင် လစာအများဆုံးရရှိသောာ ကစားသမားဖြစ်သည့် အိုဇေးလ်ကဲ့သို့ ပေါင် ၃၅၀၀၀၀ ခန့်ရရှိလိုနေသည်။
သို့ပေမယ့် စာချုပ်သစ် သက်တမ်းတိုးရေးမှာ ဆက်လက်ဆွေးနွေးရန်ရှိနေပြီး ဒီဘရိုင်း အနေနဲ့ မန်စီးတီးအသင်းကို စွန့်ခွာရန်အကြောင်းမရှိဟု သတင်းများက ဖော်ပြထားပါတယ်။
Zawgyi Version