Spots news

နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ စတင်ပွဲထွက်လာတော့မယ့် စီရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြန်လည် ပြောင်းရွေ့လာခဲ့ပြီ ဖြစ်တဲ့ ကစားသမားဟောင်း ခရစ်စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာဘဲ ပေါ်တူဂီနိုင်ငံမှာဘဲ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ဖို့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ် ။

ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အချစ်‌တော် ရော်နယ်ဒိုဟာ သူရဲ့ အေးဂျင့် ဂျော့မန်းဒက် နဲ့အတူ ပေါ်တူဂီမှာ ယူနိုက်တက်နဲ့လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၃ ခုနှစ်ထိ ၂နှစ်သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုထားသလို ယူနိုက်တက်ဘုတ်အဖွဲ့ကလဲ ရပိုင်ခွင့်အားလုံးကို ပေးအပ်ထားပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ အပြောင်းအရွှေ့ အပြီးသတ်ရန် အတွက် စာရွက်စာတမ်းကိစ္စ အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး ရော်နယ်ဒိုဟာ မကြာခင်မှာပဲ အသင်းနဲ့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ် အသင်းထံသို့ ပြောင်းရွေ့ကြေး ပေါင်သန်း ၂၀ ကျော်ပေးချေ ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့လစာမှာ တစ်ပတ်လျှင် ပေါင် ၄၈၀,၀၀၀ ခန့် ရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုကို နယူးကာဆယ် အသင်းနဲ့ပွဲမှာ ပွဲထွက်ခွင့် အဆင်သင့် ဖြစ်အောင် အခုကတည်းက အင်္ဂလန်နိုင်ငံမှာ အလုပ်ဗီစာကိစ္စတွေကို အဆုံးသတ်နေပြီဖြစ်သလို လစာငွေဟာလည်း ပုံရိပ်အသုံးပြုခတွေ အပြင် အပိုဆုကြေးငွေတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို ျပန္လည္ ေျပာင္းေ႐ြ႕လာခဲ့ၿပီ ျဖစ္တဲ့ ကစားသမားေဟာင္း ခရစ္စတီယာနို ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ နာရီပိုင္းအတြင္းမွာဘဲ ေပၚတူဂီနိုင္ငံမွာဘဲ ယူနိုက္တက္အသင္းကို ေျပာင္းေ႐ြ႕ဖို႔ ေဆးစစ္မႈ ေအာင္ျမင္ခဲ့ၿပီ ျဖစ္ပါတယ္ ။

ယူနိုက္တက္ ပရိတ္သတ္ေတြရဲ႕ အခ်စ္‌ေတာ္ ေရာ္နယ္ဒိုဟာ သူရဲ႕ ေအးဂ်င့္ ေဂ်ာ့မန္းဒက္ နဲ႕အတူ ေပၚတူဂီမွာ ယူနိုက္တက္နဲ႕လက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၂၃ ခုႏွစ္ထိ ၂ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္ကို ခ်ဳပ္ဆိုထားသလို ယူနိုက္တက္ဘုတ္အဖြဲ႕ကလဲ ရပိုင္ခြင့္အားလုံးကို ေပးအပ္ထားပါတယ္။

ေရာ္နယ္ဒိုနဲ႕ ယူနိုက္တက္တို႔ အေျပာင္းအေ႐ႊ႕ အၿပီးသတ္ရန္ အတြက္ စာ႐ြက္စာတမ္းကိစၥ အနည္းငယ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး ေရာ္နယ္ဒိုဟာ မၾကာခင္မွာပဲ အသင္းနဲ႕ လာေရာက္ပူးေပါင္းမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ေရာ္နယ္ဒိုအတြက္ ဂ်ဴဗင္တပ္ အသင္းထံသို႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၂၀ ေက်ာ္ေပးေခ် ခဲ့ရပါတယ္။ ေရာ္နယ္ဒိုရဲ႕လစာမွာ တစ္ပတ္လွ်င္ ေပါင္ ၄၈၀,၀၀၀ ခန႔္ ရွိမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္မည္ျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ တိုက္စစ္မႉး ေရာ္နယ္ဒိုကို နယူးကာဆယ္ အသင္းနဲ႕ပြဲမွာ ပြဲထြက္ခြင့္ အဆင္သင့္ ျဖစ္ေအာင္ အခုကတည္းက အဂၤလန္နိုင္ငံမွာ အလုပ္ဗီစာကိစၥေတြကို အဆုံးသတ္ေနၿပီျဖစ္သလို လစာေငြဟာလည္း ပုံရိပ္အသုံးျပဳခေတြ အျပင္ အပိုဆုေၾကးေငြေတြပါ ပါဝင္တယ္လို႔ သိရပါတယ္။