Spots news

ဘာပေအတွက် သန်း ၂၂၀ ပေးတာကို လက်မခံလို့ လက်လျော့လိုက်တဲ့ ရီးရဲလ်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် နောက်ဆုံး ကမ်းလှမ်းမှုအဖြစ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၂၀သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက အကြောင်းပြန်ခြင်း မရှိတာကြောင့် ယခုနွေဈေးကွက်မှာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမှုအား ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ယနေ့မှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့်အ​ဝ ရှိခဲ့ကာ အမ်ဘာပေ အတွက် စိတ်ကြိုက် စာချုပ် ၅ခု အထိ ပြင်ဆင်ထားကာ စာချုပ် ချုပ်ဆိုဖို့ အတွက် ရှေ့နေ ၄ဦးကိုလည်း ခေါ်ယူထားခဲ့ပါသေးတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို အရေးမလုပ်ခဲ့ပဲ တရားဝင် တုံ့ပြန်စကား ပြောဆိုခြင်းတောင် မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ယခုနှစ် နွေဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ထက် လာမယ့် ရာသီကုန်မှာ

အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ရန် အတွက် ဇန်နဝါရီလမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့သာ ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။ တဖက်မှာလည်း ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ထားကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပ အတြက္ ေနာက္ဆုံး ကမ္းလွမ္းမႈအျဖစ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၂၂၀သန္းတန္ ကမ္းလွမ္းမႈကို ျပဳလုပ္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက အေၾကာင္းျပန္ျခင္း မရွိတာေၾကာင့္ ယခုေႏြေဈးကြက္မွာ အမ္ဘာေပကို ေခၚယူဖို႔ ႀကိဳးစားမႈအား ရပ္တန႔္လိုက္ၿပီလို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပကို ယေန႕မွာ ေခၚယူနိုင္လိမ့္မယ္လို႔ ယုံၾကည္မႈ အျပည့္အ​ဝ ရွိခဲ့ကာ အမ္ဘာေပ အတြက္ စိတ္ႀကိဳက္ စာခ်ဳပ္ ၅ခု အထိ ျပင္ဆင္ထားကာ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ အတြက္ ေရွ႕ေန ၄ဦးကိုလည္း ေခၚယူထားခဲ့ပါေသးတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္း ကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကမ္းလွမ္းမႈေတြကို အေရးမလုပ္ခဲ့ပဲ တရားဝင္ တုံ႕ျပန္စကား ေျပာဆိုျခင္းေတာင္ မရွိဘူးလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပကို ယခုႏွစ္ ေႏြေဈးကြက္အတြင္းမွာ ေခၚယူဖို႔ထက္ လာမယ့္ ရာသီကုန္မွာ

အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္ရန္ အတြက္ ဇန္နဝါရီလမွာ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရယူနိုင္ဖို႔သာ ႀကိဳးစားဖို႔ ျပင္ဆင္ေနပါတယ္။ တဖက္မွာလည္း ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္မယ္လို႔ ရာႏႈန္းျပည့္ ယုံၾကည္ထားေၾကာင္း နီးစပ္သူေတြက ဆိုထားပါတယ္။