Spots news

အာဆင်နယ်ရဲ့ အချိန်မှီ အင်အားဖြည့်တင်းမှုဖြစ်တဲ့ နောက်ခံလူ တိုမီယာဆု

Unicode Version

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းဟာ အသင်းရဲ့ ရလဒ်တွေ ပြန်လည်ကောင်းမွန်စေဖို့ အပြောင်း အရွေ့မပိတ်မီ အင်အားဖြည့်တင်းမှု မဖြစ် ဘိုလော့ဂ်နာအသင်းမှ ဂျပန်လက်ရွေးစင်နောက်ခံလူ တိုမီယာဆုကို ပေါင် ၁၇ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အသက် ၂၂ အရွယ်သာရှိသေးတဲ့ တိုမီယာဆုအား နှစ်ရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ကစားသမားအနေနဲ့ အသင်းသစ် အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

တိုမီယာဆုဟာ ယခုနွေရာ သီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်အသင်းရဲ့ အင်အားဖြည့်တင်းမှု အဖြစ် ၆ ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်ပြီး အသင်းရဲ့ ယခုနွေရာသီအတွင်း အပြောင်းအရွှေ့ အသုံးစရိတ်မှာလည်း ပေါင် ၁၄၃ သန်းအထိ ရှိလာခဲ့ပါတယ်။

ထို့ပြင်အခြား တစ်ဖက်တွင်လည်း ဘက်တစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် စပိန်ဝါရင့် နောက်ခံလူ ဘယ်လာရင် ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Zawgyi Version



