Spots news

ဂရစ်ဇ်မန်းကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့ အက်သလက်တီကို

Unicode Version

စပိန် လာလီဂါ ထပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပြိုင်ဘက် ဘာစီလိုနာအသင်းဆီကို ရောင်းချထားခဲ့တဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း ပြင်သစ်လက်ရွေးစင် ကစားသမား ဂရစ်ဇ်မန်းကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ဂရစ်ဇ်မန်း အတွက် ဘာစီလိုနာ အသင်းထံသို့ တရာသီ အငှားကြေး ယူရို ၁၀သန်း ပေးချေရမှာ ဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူချင်ပါက ယူရို ၄၀သန်း ထပ်မံ ပေးချေရဖို့ ရှိပါတယ်။

တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အက်သလက်တီကို အသင်းဆီသို့ အငှားချခဲ့တဲ့ ဘာစီလိုနာအသင်း ကတော့ ပြန်လည်အင်အား ဖြည့်တင်းမှူ အဖြစ် ဆီဗီးလားအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး လုခ်ဒီဂျောင်ကို တရာသီအငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ အသင်းကနေ ပြောင်းရွေ့ကစားဖို့ အလိုရှိနေတဲ့ ကွင်းလယ်ကစားသမား ဆာအူလ်ကို ပရီးမီးယားလိဂ်ကလပါ ချယ်လ်ဆီးအသင်းထံ တရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ လက်လွှတ်ခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ အငှားခေါ်ယူခဲ့တဲ့ ဆာအူလ်အတွက် တစ်ရာသီ အငှားကြေး ယူရို ၅သန်း ပေးချေရမှာ ဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ် ဝယ်ယူချင်ရင်တော့ အပြီးသတ် ပြောင်းရွေ့ကြေး ယူရို ၄၀သန်း ထပ်မံပေးချေရမှာ ဖြစ်ပါတယ်။

Zawgyi Version




