Spots news

ပင်နယ်တီ ရော်နယ်ဒို ကန်သင့်ပြီး ဖရီးကစ်ကို ဘရူနို ကန်သင့်ကြောင်း ဖာဒီနန်ပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဖာဒီနန်က အသင်းကို ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ပင်နယ်တီများကို ရော်နယ်ဒိုက ကန်သင့်ပြီး ဖရီးကစ်ကိုမူ ဖာနန်ဒက်စ်ကသာ ဆက်ကန်သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၉.၈ သန်း ဖြင့် ယူနိုက်တက်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် အလွတ်တည် ကန်ဘောများ ကန်နေသူဖြစ်ပြီး ၂၀၂၀ မှာ ယူနိုက်တက်သို့ ရောက်ရှိလာပြီးနောက် ပင်နယ်တီ ၂၁ ဂိုးနှင့် ဖရီးကစ် ၂ ဂိုး သွင်းယူထားနိုင်ပါတယ် ။ ဖာဒီနန်ကတော့ ပင်နယ်တီ ကန်ရန် တာဝန်ကို ရော်နယ်ဒို ပြန်ယူသင့်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဖာဒီနန်က “ဖာနန်ဒက်စ် အနေနဲ့ ပင်နယ်တီကန်တာကို ရော်နယ်ဒိုကို လွှဲပေးသင့်ပါတယ်။ ဒါပေမယ့် ဖရီးကစ်နဲ့ ထောင့်ကန်ဘောကိုတော့ မဟုတ်ဘူးပေါ့။ ရော်နယ်ဒို ပင်နယ်တီကန်သင့်တာကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ ဒါပေမယ့် ပြိုင်ဘက်ဧရိယာနားမှာရတဲ့ ဖရီးကစ်တွေကိုတော့ ဖာနန်ဒက်စ်ပဲ ကန်သင့်ပါတယ်။ ဖာနန်ဒက်စ်က ဖန်တီးပြီး ရော်နယ်ဒို ဂိုးသွင်းလို့ရတယ်လေ”ဟု ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိမှာ အသက် ၃၆ နှစ်ရှိနေပြီ ဖြစ်ပြီး တစ်ချိန်က ကြောက်ရွံ့ဖွယ် ဖရီးကစ် သွင်းဂိုးများ သွင်းယူ ပြခဲ့သူ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဖရီးကစ်ကန်ရာတွင် လွဲချော်မှု များလာခဲ့ပြီး ဂျူဗင်တပ်အသင်းမှာ ၃ နှစ်အတွင်း ဖရီးကစ် အလုံး ၇၀ ကန်ရာ ၁ လုံးသာ ဂိုးဝင်ခဲ့ပါတယ် ။ ပင်နယ်တီ ၃၂ လုံးကန်ရာတွင်မူ ၂၇ လုံး ဝင်ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ဖာဒီနန္က အသင္းကို ေရာ္နယ္ဒို ေရာက္ရွိလာၿပီးေနာက္ ပင္နယ္တီမ်ားကို ေရာ္နယ္ဒိုက ကန္သင့္ၿပီး ဖရီးကစ္ကိုမူ ဖာနန္ဒက္စ္ကသာ ဆက္ကန္သင့္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၉.၈ သန္း ျဖင့္ ယူနိုက္တက္သို႔ ျပန္လည္ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဖာနန္ဒက္စ္ဟာ ယူနိုက္တက္အတြက္ အလြတ္တည္ ကန္ေဘာမ်ား ကန္ေနသူျဖစ္ၿပီး ၂၀၂၀ မွာ ယူနိုက္တက္သို႔ ေရာက္ရွိလာၿပီးေနာက္ ပင္နယ္တီ ၂၁ ဂိုးႏွင့္ ဖရီးကစ္ ၂ ဂိုး သြင္းယူထားနိုင္ပါတယ္ ။ ဖာဒီနန္ကေတာ့ ပင္နယ္တီ ကန္ရန္ တာဝန္ကို ေရာ္နယ္ဒို ျပန္ယူသင့္သည္ဟု ေျပာဆိုလိုက္ျခင္း ျဖစ္ပါတယ္။

ဖာဒီနန္က “ဖာနန္ဒက္စ္ အေနနဲ႕ ပင္နယ္တီကန္တာကို ေရာ္နယ္ဒိုကို လႊဲေပးသင့္ပါတယ္။ ဒါေပမယ့္ ဖရီးကစ္နဲ႕ ေထာင့္ကန္ေဘာကိုေတာ့ မဟုတ္ဘူးေပါ့။ ေရာ္နယ္ဒို ပင္နယ္တီကန္သင့္တာကေတာ့ ၁၀၀ ရာခိုင္ႏႈန္းပါပဲ။ ဒါေပမယ့္ ၿပိဳင္ဘက္ဧရိယာနားမွာရတဲ့ ဖရီးကစ္ေတြကိုေတာ့ ဖာနန္ဒက္စ္ပဲ ကန္သင့္ပါတယ္။ ဖာနန္ဒက္စ္က ဖန္တီးၿပီး ေရာ္နယ္ဒို ဂိုးသြင္းလို႔ရတယ္ေလ”ဟု ေျပာဆိုခဲ့ပါတယ္။

ေပၚတူဂီ လက္ေ႐ြးစင္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ လက္ရွိမွာ အသက္ ၃၆ ႏွစ္ရွိေနၿပီ ျဖစ္ၿပီး တစ္ခ်ိန္က ေၾကာက္႐ြံ႕ဖြယ္ ဖရီးကစ္ သြင္းဂိုးမ်ား သြင္းယူ ျပခဲ့သူ ျဖစ္ပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ ဖရီးကစ္ကန္ရာတြင္ လြဲေခ်ာ္မႈ မ်ားလာခဲ့ၿပီး ဂ်ဴဗင္တပ္အသင္းမွာ ၃ ႏွစ္အတြင္း ဖရီးကစ္ အလုံး ၇၀ ကန္ရာ ၁ လုံးသာ ဂိုးဝင္ခဲ့ပါတယ္ ။ ပင္နယ္တီ ၃၂ လုံးကန္ရာတြင္မူ ၂၇ လုံး ဝင္ခဲ့ပါတယ္