Spots news

ဗန်ဒီဘိခ်ရဲ့ တက်လမ်းတွေကို မန်ယူက တားဆီးနေတယ်လို့ အေးဂျင့်ဖြစ်သူပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် လောက်လောက်လားလား မရရှိတဲ့ အတွက် အသင်းကွင်းလယ်လူ ဗန်ဒီဘိခ် ရဲ့အေးဂျင့်ဟာမနေ့က နယ်သာလန် ရုပ်သံနဲ့တွေ့ဆုံမေးမြန်းခဲ့စဉ်က သူ့ရဲ့ ကစားသမား အတွက် ဖွင့်ဟ ပေါက်ကွဲပြောဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ လက်ရှိရာသီမှာလဲ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် လုံးဝမရရှိသေးပဲ နယ်သာလန်နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ယူနိုက်တက် နည်းပြဟောင်း လူး၀စ်ဗန်ဟား ရွေးချယ်တဲ့ နယ်သာလန် လူစားရင်းမှာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

ဗန်ဒီဘိခ်ရဲ့ အေးဂျင့် ဖြစ်သူက “ ကျွန်တော် သူ့အတွက် သင့်တော်မယ့်အသင်းသစ်တွေနဲ့ ရှာဖွေချိတ်ဆက် ခဲ့ပါတယ်။လက်ရှိ သူ့ရဲ့ အနေအထားကို အားလုံးမြင်တွေ့ သိရှိပြီးသားပါ။ ကျွန်တော်တို့ ကာယံကံရှင် ကစားသမားအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ကိုင်ခဲ့ပေမယ့် အရာအားလုံးကို ယူနိုက်တက်အသင်းကပဲ ဟန့်တားနေတာပါ ”

“ သူ့ကို ခေါ်ယူဖို့အီတလီ၊ဂျာမဏီ၊အဂ်လန် ကလပ် အသင်းများစွာ က စိတ်ဝင်စားခဲ့ပါသေးတယ်။ဒီလို ကမ်းလှမ်းမှု့များ ရှိနေကြောင်း သူကြားသိရတော့ သူ့အနေနဲ့ ကျေနပ်နေခဲ့ပါတယ်။ တကယ်လို့ ဗန်ဒီဘိခ် အနေနဲ့ယူနိုက်တက်အသင်းမှာပဲ ပျော်ရွင် ကျေနပ်မယ်ဆို ကျွန်တော်ဒီလို လုပ်ဆောင်လာမှာ မဟုတ်ပါဘူး။

“ သူ့လိုကစားသမားက ပုံမှန်ကစားခွင့် အတွက် ရုန်းကန်နေရပါတယ် ။ သူဟာ ထိုက်သင့်သလောက်တော့ ကစားခွင့်ရချင်နေတာပါ။သူဟာ ဘောလုံးကစားရတာကိုချစ် မြတ်နိုးတဲ့ သူပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ယခုလိုစောဒကတက် ဖြေရှင်း ပြောကြားရခြင်းပဲဖြစ်ပါတယ်။ ကျွန်တော် ဘာကိုဆိုလိုလဲ နားလည်ကြမှာပါ ” ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ပြဲထြက္ခြင့္ ေလာက္ေလာက္လားလား မရရွိတဲ့ အတြက္ အသင္းကြင္းလယ္လူ ဗန္ဒီဘိခ္ ရဲ႕ေအးဂ်င့္ဟာမေန႕က နယ္သာလန္ ႐ုပ္သံနဲ႕ေတြ႕ဆုံေမးျမန္းခဲ့စဥ္က သူ႕ရဲ႕ ကစားသမား အတြက္ ဖြင့္ဟ ေပါက္ကြဲေျပာဆိုခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ လက္ရွိရာသီမွာလဲ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ လုံးဝမရရွိေသးပဲ နယ္သာလန္နည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ ယူနိုက္တက္ နည္းျပေဟာင္း လူး၀စ္ဗန္ဟား ေ႐ြးခ်ယ္တဲ့ နယ္သာလန္ လူစားရင္းမွာ ယူနိုက္တက္ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ေ႐ြးခ်ယ္ျခင္း မခံခဲ့ရပါဘူး။

ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္ ျဖစ္သူက “ ကြၽန္ေတာ္ သူ႕အတြက္ သင့္ေတာ္မယ့္အသင္းသစ္ေတြနဲ႕ ရွာေဖြခ်ိတ္ဆက္ ခဲ့ပါတယ္။လက္ရွိ သူ႕ရဲ႕ အေနအထားကို အားလုံးျမင္ေတြ႕ သိရွိၿပီးသားပါ။ ကြၽန္ေတာ္တို႔ ကာယံကံရွင္ ကစားသမားအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစား လုပ္ကိုင္ခဲ့ေပမယ့္ အရာအားလုံးကို ယူနိုက္တက္အသင္းကပဲ ဟန့္တားေနတာပါ ”

“ သူ႕ကို ေခၚယူဖို႔အီတလီ၊ဂ်ာမဏီ၊အဂ္လန္ ကလပ္ အသင္းမ်ားစြာ က စိတ္ဝင္စားခဲ့ပါေသးတယ္။ဒီလို ကမ္းလွမ္းမႈ႕မ်ား ရွိေနေၾကာင္း သူၾကားသိရေတာ့ သူ႕အေနနဲ႕ ေက်နပ္ေနခဲ့ပါတယ္။ တကယ္လို႔ ဗန္ဒီဘိခ္ အေနနဲ႕ယူနိုက္တက္အသင္းမွာပဲ ေပ်ာ္႐ြင္ ေက်နပ္မယ္ဆို ကြၽန္ေတာ္ဒီလို လုပ္ေဆာင္လာမွာ မဟုတ္ပါဘူး။

“ သူ႕လိုကစားသမားက ပုံမွန္ကစားခြင့္ အတြက္ ႐ုန္းကန္ေနရပါတယ္ ။ သူဟာ ထိုက္သင့္သေလာက္ေတာ့ ကစားခြင့္ရခ်င္ေနတာပါ။သူဟာ ေဘာလုံးကစားရတာကိုခ်စ္ ျမတ္နိုးတဲ့ သူပါ။ ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႕ ယခုလိုေစာဒကတက္ ေျဖရွင္း ေျပာၾကားရျခင္းပဲျဖစ္ပါတယ္။ ကြၽန္ေတာ္ ဘာကိုဆိုလိုလဲ နားလည္ၾကမွာပါ ” ဟု ေျပာၾကားခဲ့ပါတယ္။