Spots news

ကျွန်တော့်ဆရာ့အတွက် ကျွန်တော်ပြန်လာခဲ့တာပါ ဆိုတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

Unicode Version

ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူဟာ ဆရာဟောင်း နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကြောင့် မန်ယူနိုက်တက် အသင်းဆီ ပြန်လာတာပါလို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်းဖြင့် ဂျူဗင်တပ်အသင်း ကနေ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုက ယူနိုက်တက်အသင်းနဲ့ ၂နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို အသင်းရဲ့ ဝတ်စုံနဲ့ တရားဝင် ကြေညာမှု ပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုကလည်း အသင်း‌ဟောင်းကို ပြောင်းရွှေ့ရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ သူဟာ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကြောင့် ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း အဓိက ပြောကြားသွားပါတယ်။

ရော်နယ်ဒိုက “ ကျွန်တော့်ကိုသိတဲ့သူတိုင်း ကျွန်တော်ယူနိုက်တက် ကိုဘယ်လောက်ချစ်ကြောင်းသိကြပါတယ်။ ကျွန်တော် ဒီအသင်းနဲ့အတူ ဖြတ်ကျော်ခဲ့တဲ့ အချိန်တွေ အမှတ်တရတွေကတကယ့်ကိုကြီးမြတ်တဲ့ရွှေရောင်
အတိတ်သမိုင်းတွေပါ။

ကျွန်တော့်ကို ယူနိုက်တက် ကစားသမားအဖြစ်ပြန် လည်အသိမှတ်ပြုခံရတဲ့ အခိုက်တန့်ကို ကျွန်တော် ဘယ်လိုခံစားချက်မျိုးနဲ့ ပြန်ပြောရမလဲတောင်မသိ ပါဘူး။ကျွန်တော်အရာအားလုံးယူပြီး ယူနိုက်တက် ကိုပြန်လာမယ်ဆိုတဲ့ အိမ်မက်ဟာအခုတော့တယ် ဖြစ်လာခဲ့ပါပြီ။

ကျွန်တော့်ကိုဒီမှာရှိတဲ့သူတွေအား လုံးက အခုချိန်ထိကျနော့်ကို လေးစားကြတာက ကျွန်တော့်ကို ပြန်လာစေဖို့ တွန်းအားပေးနေကြသလိုပါဘဲ။
ကစားသမားဘဝ အောင်မြင်မူ၊ ဖြစ်တည်မူ၊ ဆုဖလားတွေအားလုံးဟာ ယူနိုက်တက်နဲ့

စတင်ခဲ့တာ ပါ။ ကျွန်တော့်အတွက် ပထမဆုံး ကမ္ဘာ့အကောင်း ဆုံးကစားသမားဆုကိုရောပေါ့။ အခုမှာလဲ နောက် တခါ ဒါတွေကို ထိုက်ထိုက်တန်တန် လုပ်ပြချင်ပါတယ်။ ဒါကြောင်းကျွန်တော် ယူနိုက်တက်ကို ပြန် လာတာပါ။

ဒါနဲ့တင် မကသေးပဲ ရော်နယ်ဒိုက သူ ပြန်လာရတာဟာ ဆရာဟောင်း ဆာအဲလက်စ် ဖာဂူဆန် အတွက် ဖြစ်ကြောင်း ယခုလို ပြောခဲ့ပါသေးတယ်။ ရော်နယ်ဒို “ဆာအဲလက်စ်… ကျွန်တော် ပြန်လာတာ ဆရာ့အတွက်ပါ” လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

ဂ်ဴဗင္တပ္အသင္းကေန အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ျပန္လည္ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ခရစၥတီယာနို ေရာ္နယ္ဒို ကေတာ့ သူဟာ ဆရာေဟာင္း နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ေၾကာင့္ မန္ယူနိုက္တက္ အသင္းဆီ ျပန္လာတာပါလို႔ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကစားသမားေဟာင္း ေရာ္နယ္ဒိုအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅သန္း + အပိုဆုေၾကး ယူရို ၈သန္းျဖင့္ ဂ်ဴဗင္တပ္အသင္း ကေန ေခၚယူနိုင္ခဲ့တာ ျဖစ္ၿပီး ရိုနယ္ဒိုက ယူနိုက္တက္အသင္းနဲ႕ ၂ႏွစ္ + ၁ႏွစ္ ဆိုတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ ေရာ္နယ္ဒိုကို အသင္းရဲ႕ ဝတ္စုံနဲ႕ တရားဝင္ ေၾကညာမႈ ျပဳလုပ္ခဲ့ၿပီး ေရာ္နယ္ဒိုကလည္း အသင္း‌ေဟာင္းကို ေျပာင္းေ႐ႊ႕ရတဲ့ အေပၚ သူ႕ရဲ႕ ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ သူဟာ ဆရာေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္ေၾကာင့္ ယူနိုက္တက္အသင္းဆီ ျပန္လည္ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ေၾကာင္း အဓိက ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုက “ ကြၽန္ေတာ့္ကိုသိတဲ့သူတိုင္း ကြၽန္ေတာ္ယူနိုက္တက္ ကိုဘယ္ေလာက္ခ်စ္ေၾကာင္းသိၾကပါတယ္။ ကြၽန္ ေတာ္ ဒီအသင္းနဲ႕အတူ ျဖတ္ေက်ာ္ခဲ့တဲ့ အခ်ိန္ေတြ အမွတ္တရေတြကတကယ့္ကိုႀကီးျမတ္တဲ့ေ႐ႊေရာင္
အတိတ္သမိုင္းေတြပါ။

ကြၽန္ေတာ့္ကို ယူနိုက္တက္ ကစားသမားအျဖစ္ျပန္ လည္အသိမွတ္ျပဳခံရတဲ့ အခိုက္တန့္ကို ကြၽန္ေတာ္ ဘယ္လိုခံစားခ်က္မ်ိဳးနဲ႕ ျပန္ေျပာရမလဲေတာင္မသိ ပါဘူး။ကြၽန္ေတာ္အရာအားလုံးယူၿပီး ယူနိုက္တက္ ကိုျပန္လာမယ္ဆိုတဲ့ အိမ္မက္ဟာအခုေတာ့တယ္ ျဖစ္လာခဲ့ပါၿပီ။

ကြၽန္ေတာ့္ကိုဒီမွာရွိတဲ့သူေတြအား လုံးက အခုခ်ိန္ထိက်ေနာ့္ကို ေလးစားၾကတာက ကြၽန္ေတာ့္ကို ျပန္လာေစဖို႔ တြန္းအားေပးေနၾကသလိုပါဘဲ။
ကစားသမားဘဝ ေအာင္ျမင္မူ၊ ျဖစ္တည္မူ၊ ဆုဖလားေတြအားလုံးဟာ ယူနိုက္တက္နဲ႕

စတင္ခဲ့တာ ပါ။ ကြၽန္ေတာ့္အတြက္ ပထမဆုံး ကမာၻ႔အေကာင္း ဆုံးကစားသမားဆုကိုေရာေပါ့။ အခုမွာလဲ ေနာက္ တခါ ဒါေတြကို ထိုက္ထိုက္တန္တန္ လုပ္ျပခ်င္ပါတယ္။ ဒါေၾကာင္းကြၽန္ေတာ္ ယူနိုက္တက္ကို ျပန္ လာတာပါ။

ဒါနဲ႕တင္ မကေသးပဲ ေရာ္နယ္ဒိုက သူ ျပန္လာရတာဟာ ဆရာေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္ အတြက္ ျဖစ္ေၾကာင္း ယခုလို ေျပာခဲ့ပါေသးတယ္။ ေရာ္နယ္ဒို “ဆာအဲလက္စ္… ကြၽန္ေတာ္ ျပန္လာတာ ဆရာ့အတြက္ပါ” လို႔ ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။