Spots news

စပါး Vs ယူနိုက်တက် (ကာရာဘောင်ဖလားဖိုင်နယ် ) မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းချက်

Unicode Version

ဒီကြားရက်မှာတော့ ကာရာဘောင် ဖလားပွဲတွေ ရှိနေပြီး စပါး Vs ဘရန်ဖို့ဒ် နဲ့ ယူနိုက်တက် Vs စီးတီးတို့ရဲ့ ပွဲစဉ်တွေက ပရိတ်သတ် အကြိုက်ဖြစ်နေမှာပါ။ တစ်ချိန်က ဘက်ကန် ရလေ့ရှိတဲ့ ကျွန်တော်တို့ရဲ့ အင်္ဂလန် လင်းမူကတော့ ကာရာဘောင် ဖလား ဖိုင်နယ် ပွဲစဉ် အဖြစ် ယူနိုက်တက် Vs စပါး ပွဲ လို့ ခန့်မှန်းသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ယခု နောက်ပိုင်းမှာ အင်္ဂလန် လင်းမူ မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်လာသည်ကို  တွေ့ရသည်မို့ တစ်ချိန်က ဘက်ကန်ခဲ့တဲ့ ညီကို များလဲ သတိထား စေချင်ပါတယ်။

BetVictor Brand Ambassador ဖြစ်တဲ့ မိုက်ကယ် အိုဝင်ကတော့ က EFL ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်း ပေးသွားခဲ့ပါတယ်။

စပါး ၃ – ၁ ဘရန်ဘို့ဒ်

ကာရာဘောင်ဖလားဟာ စပါးရဲ့ လက်တစ်ကမ်း မှာ ရှိနေသည်မို့ ပရီးမီးယားလိဂ် အတွက် မျှော်လင့်ချက် အနည်းငယ် လျော့ပါးလာပြီ ဖြစ်တဲ့ မော်ရင်ဟို ဟာ အင်အားပြည့် ပွဲထွက်လာဖို့ ရှိနေပါတယ်။

ဘရန်ဖို့ဟာလဲ အကောင်းဆုံးယှဉ်ပြိုင်သွားမာ  ဖြစ်ပေမယ့် နည်းပြမော်ရင်ဟို ရဲ့ စပါး က လူစုံထုတ်လာ နိုင်သည်မို့ မိုက်ကယ်အိုဝင်က စပါးဘက်က ရပ်တည်သွားပါတယ်။

ယူနိုက်တက် ၂ – ၁ စီးတီး

ဇန်နဝါရီ ၇ ရက်နေ့မှာ ယှဉ်ပြိုင်သွားမယ့် ဒီပွဲဟာ အတော်လေး အကြိတ်အနယ် ရှိမယ့်ပွဲပါ ။ လက်ရှိ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၂ မှာ အမှတ်တူ နဲ့ ရပ်တည်နေပြီး အကောင်းဆုံး ပုံစံမှာ ရှိနေသလို စီးတီး ကလဲ နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ယခုပွဲမှာ အနိုင်ရရှိရင် ပရီးမီးယားလိဂ်မှာ လဲ ဦးချိုးထားသလို ဖြစ်စေနိုင်တာ မို့ နှစ်သင်းလုံး အင်အားပြည့် ကစားသွားမှာပါ။ ဖလား တစ်လုံးဟာ လက်တစ်ကမ်း အလိုမှာ ရှိနေသည်မို့ ပေါ့လျော့ လို့မရတဲ့ အနေအထားတွေ ဖြစ်နေကြပါတယ်။

နည်းပြဆိုလ်းရှား လက်ထက် မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့တွေ့ဆုံမှု မှာ မန်ချက်စတာ ယူနိုက်တက်က သုံးပွဲနိုင် တစ်ပွဲ သရေဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိထား ပါတယ်။

မန်စီးတီး အနေနဲ့ အဓိက ကစားသမား ငါးယောက် ကိုဗစ်ကူးစက်ခံရပြီး အနည်းငယ် အင်အားလျော့နည်းနေတာ ဖြစ်လို့
စီးတီးကို အနိုင်ရဖို့ ခြေစွမ်း နဲ့ စိတ်ဓာတ်ပိုင်း အကောင်းဆုံးဖြစ်နေတဲ့ ယူနိုက်တက်ကို ရွေးချယ်ခဲ့ပါတယ်။

Zawgyi Version




စပါး ၃ – ၁ ဘရန်ဘို့ဒ်



ယူနိုက်တက် ၂ – ၁ စီးတီး



