Spots news

Ballon d’Or ဆုကို ကွင်းလယ်လူ ဂျော်ဂျင်ဟို ရရှိသင့်သည်ဟု မန်စီနီ သုံးသပ်ပြောကြား

Unicode Version

အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြ မန်စီနီက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆု(Ballon d’Or)ကို ချယ်လ်ဆီးနှင့် အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ရရှိသင့်သည်ဟု သုံးသပ် ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရှိ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို၊ အီတလီလက်ရွေးစင်အသင်းနှင့်လည်း ယူရို-၂၀၂၀ ချန်ပီယံဆုကိုလဲ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီး အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားဟာ  ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ ချီးမြှင့်တဲ့ ၂၀၂၀-၂၁ ရာသီအတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတိခူးနိုင်ခဲ့ ပါသေးတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ယခုနှစ် Ballon d’Or ဆုကို ဂျော်ဂျင်ဟို ရသင့်သလားဟု မေးမြန်းမှုကို မန်စီနီက ”ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒီဆုအတွက် သူ့ကိုပဲ ကျွန်တော် ရွေးချယ်ချင်ပါတယ်။ သူက ဒီရာသီမှာ အရာအားလုံးကို အောင်နိုင်ခဲ့သူဖြစ်တာကြောင့် ဒီဆုက သူနဲ့ ထိုက်တန်ပါတယ်”ဟု ပြောကြားခဲ့ ပါတယ်။

Ballon d’Or ဆုကို လာလီဂါကစားသမားများသာ ရရှိနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကစားသမားများထဲမှ နောက်ဆုံးရရှိခဲ့သူမှာ ၂၀၀၈ ခုနှစ်က မန်ယူနိုက်တက် အသင်းမှာ ကစားပြီး ရရှိခဲ့တဲ့ ရော်နယ်လ်ဒို ဖြစ်ပါတယ်။

အီတလီလက်ရွေးစင် ကစားသမားများထဲမှ နောက်ဆုံးရရှိခဲ့သူမှာ ကင်နာဗာရို ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် မက်ဆီ၊ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟို၊ ကွန်တေနှင့် ဒီဘရိုင်း တို့ အပြိုင်လုရဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားကြပါတယ်။

Zawgyi Version

အီတလီလက္ေ႐ြးစင္အသင္းရဲ႕ နည္းျပ မန္စီနီက ၂၀၂၁ ခုႏွစ္အတြက္ ကမာၻ႔အေကာင္းဆုံးေဘာလုံး သမားဆု(Ballon d’Or)ကို ခ်ယ္လ္ဆီးႏွင့္ အီတလီကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟို ရရွိသင့္သည္ဟု သုံးသပ္ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ရွိ ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ခ်ယ္လ္ဆီးအသင္းႏွင့္ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့သလို၊ အီတလီလက္ေ႐ြးစင္အသင္းႏွင့္လည္း ယူရို-၂၀၂၀ ခ်န္ပီယံဆုကိုလဲ ရရွိခဲ့ပါတယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီး အသင္းရဲ႕ အဓိက ကြင္းလယ္ ကစားသမားဟာ  ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)မွ ခ်ီးျမႇင့္တဲ့ ၂၀၂၀-၂၁ ရာသီအတြက္ အေကာင္းဆုံး ကစားသမားဆုကိုလည္း ဆြတိခူးနိုင္ခဲ့ ပါေသးတယ္။

ကမာၻ႔ဖလားေျခစစ္ပြဲအႀကိဳ ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ယခုႏွစ္ Ballon d’Or ဆုကို ေဂ်ာ္ဂ်င္ဟို ရသင့္သလားဟု ေမးျမန္းမႈကို မန္စီနီက ”ကြၽန္ေတာ္လည္း အဲဒီလိုပဲ ထင္ပါတယ္။ ဒီဆုအတြက္ သူ႕ကိုပဲ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခ်င္ပါတယ္။ သူက ဒီရာသီမွာ အရာအားလုံးကို ေအာင္နိုင္ခဲ့သူျဖစ္တာေၾကာင့္ ဒီဆုက သူနဲ႕ ထိုက္တန္ပါတယ္”ဟု ေျပာၾကားခဲ့ ပါတယ္။

Ballon d’Or ဆုကို လာလီဂါကစားသမားမ်ားသာ ရရွိေနခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ကစားသမားမ်ားထဲမွ ေနာက္ဆုံးရရွိခဲ့သူမွာ ၂၀၀၈ ခုႏွစ္က မန္ယူနိုက္တက္ အသင္းမွာ ကစားၿပီး ရရွိခဲ့တဲ့ ေရာ္နယ္လ္ဒို ျဖစ္ပါတယ္။

အီတလီလက္ေ႐ြးစင္ ကစားသမားမ်ားထဲမွ ေနာက္ဆုံးရရွိခဲ့သူမွာ ကင္နာဗာရို ျဖစ္ၿပီး ၂၀၀၆ ခုႏွစ္မွာ ရရွိခဲ့ ပါတယ္။ ၂၀၂၁ ခုႏွစ္အတြက္ မက္ဆီ၊ လီဝန္ေဒါစကီး၊ ေဂ်ာ္ဂ်င္ဟို၊ ကြန္ေတႏွင့္ ဒီဘရိုင္း တို႔ အၿပိဳင္လုရဖြယ္ရွိေၾကာင္း ေလ့လာသူမ်ားက သုံးသပ္ထားၾကပါတယ္။