Spots news

ရော်နယ်ဒိုဆီကနေ သင်ယူစရာ‌တွေ များစွာ ကျန်ရှိ နေသေးတယ်ဆိုတဲ့ ဗာရန်း

Unicode Version

ယူနိုက်တက် နောက်တန်း ကစားသမား ဗာရန်း သည် ရီးရဲမှာ အတူလက်တွဲခဲ့ဖူးတဲ့ ရော်နယ်ဒို ယူနိုက်တက် အသင်းဆီ ရောက်လာတဲ့အတွက် ကြိုဆိုလိုက်ပြီး အသင်းက ကစားသမားတွေအနေနဲ့ ရော်နယ်ဒို ဆီကနေသင်ယူစရာတွေ များစွာကျန်နေသေးတယ် လို့ ပြောကြား ခဲ့ပါတယ် ။

ယူနိုက်တက်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိကစားခဲ့သူ ရော်နယ်ဒို သည် (၁၂)နှစ်အကြာမှာ ယူနိုက်တက် အသင်းကိုပြောင်းရွေ့လာခဲ့ကာ ပေါ်တူဂီနိုင်ငံ၊ စပို့တင်းလစ်စဘွန်းမြို့မှာ ဆေးစစ်မှု ခံယူခဲ့ပြီးတဲ့နောက် မကြာခင် ယူနိုက်တက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ (၂)နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်သလို

စာချုပ်သက်တမ်းပြည့်ရင် နောက်ထပ်(၁)နှစ် သက်တမ်းတိုးဘို့နှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့အချက်လည်းပါဝင်ခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ဗာရန်းတို့ဟာ ရီးရဲမက်ဒရစ်အသင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ လက်တွဲခဲ့ဖူးပြီး ဆုဖလားအောင်မြင်မှုတွေအများကြီး ရယူနိုင်ခဲ့ကြ တာဖြစ်ပါတယ်။

ဗာရန်းက “ ရော်နယ်ဒို ရောက်ရှိလာလို့ ကျွန်တော် အရမ်းပျော်မိပါတယ်။ သူဟာ ဘောလုံးလောကရဲ့ဂန္ထဝင်တစ်ဦးဖြစ်ပြီး ရော်နယ်ဒို နဲ့တွဲဖက်ကစားပြီး သူ့ဆီကအေတွေ့အကြုံကောင်းတွေကို သင်ယူနိုင်မှာပဲဖြစ်ပါတယ်။

ရော်နယ်ဒို သည် ဂရင်းဝုဒ်ခြေစွမ်းတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေသလို သူက ဂိုးတွေလည်း ဆက်တိုက်သွင်းယူနေတာကြောင့် အသင်းအတွက်လည်း အကျိုးရှိစေမှာပါ”လို့ပြောကြားခဲ့ပါတယ်။

Zawgyi Version




