Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မာရှယ်ဟာနွေရာသီအပြောင်း အရွှေ့ ဈေးကွက်မပိတ်ခင် လိုင်ယွန်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် သူက ငြင်းဆန်ပယ်ချခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ ပစ်မှတ်ထားနေပါတယ်။
မာရှယ်ဟာ ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံခဲ့ရပြီး ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒိုပြန်ရောက်လာပြီဖြစ်တာကြောင့် မာရှယ်ရဲ့ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ချက်က မသေချာဖြစ်လာတဲ့အတွက် လိုင်ယွန် အသင်းကသူ့ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ဟာ လူငယ် ကစားသမားဘဝတုန်းက လိုင်ယွန်အသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး အဲဒီနောက်မှ မိုနာကိုအသင်းဆီ ပေါင်(၄.၂)သန်းနဲ့ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းဟောင်း လိုင်ယွန်အသင်းက ပြန်လည် ကမ်းလှမ်းခဲ့ပေမယ့်
မာရှယ်က အဲဒီအခွင့်အရေးကို ငြင်းဆန်ခဲ့ပြီး ယူနိုက်တက် အသင်းမှာပဲ ဆက်ကစားဖို့ဆုံးဖြတ်ခဲ့တာပါ။ မာရှယ်ဟာ ယူနိုက်တက် အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ(၃)နှစ် စာချုပ် သက်တမ်းကျန်ရှိနေပြီး တကယ်လို့ အဲဒီစာချုပ်သက်တမ်းကုန်သွားရင် နောက်ထပ်(၁)နှစ် သက်တမ်းတိုးမယ်ဆိုတဲ့ သဘော တူညီချက်လည်း ပါဝင်ခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္ကစားသမား မာရွယ္ဟာေႏြရာသီအေျပာင္း အေ႐ႊ႕ ေဈးကြက္မပိတ္ခင္ လိုင္ယြန္အသင္းဆီ အငွားနဲ႕ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အေရးရခဲ့ေပမယ့္ သူက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္သြားဖို႔ ပစ္မွတ္ထားေနပါတယ္။
မာရွယ္ဟာ ေဆာက္သမ္တန္နဲ႕ သေရက်ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ေျခစြမ္းမျပနိုင္လို႔ ေဝဖန္ခံခဲ့ရၿပီး ယူနိုက္တက္အသင္းကို စီေရာ္နယ္လ္ဒိုျပန္ေရာက္လာၿပီျဖစ္တာေၾကာင့္ မာရွယ္ရဲ႕ပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္က မေသခ်ာျဖစ္လာတဲ့အတြက္ လိုင္ယြန္ အသင္းကသူ႕ကို တစ္ရာသီအငွားနဲ႕ ေခၚယူဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။
မာရွယ္ဟာ လူငယ္ ကစားသမားဘဝတုန္းက လိုင္ယြန္အသင္းမွာ စတင္ကစားခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွ မိုနာကိုအသင္းဆီ ေပါင္(၄.၂)သန္းနဲ႕ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ အသင္းေဟာင္း လိုင္ယြန္အသင္းက ျပန္လည္ ကမ္းလွမ္းခဲ့ေပမယ့္
မာရွယ္က အဲဒီအခြင့္အေရးကို ျငင္းဆန္ခဲ့ၿပီး ယူနိုက္တက္ အသင္းမွာပဲ ဆက္ကစားဖို႔ဆုံးျဖတ္ခဲ့တာပါ။ မာရွယ္ဟာ ယူနိုက္တက္ အသင္းနဲ႕ ၂၀၂၄ ခုႏွစ္အထိ(၃)ႏွစ္ စာခ်ဳပ္ သက္တမ္းက်န္ရွိေနၿပီး တကယ္လို႔ အဲဒီစာခ်ဳပ္သက္တမ္းကုန္သြားရင္ ေနာက္ထပ္(၁)ႏွစ္ သက္တမ္းတိုးမယ္ဆိုတဲ့ သေဘာတူညီခ်က္လည္း ပါဝင္ခဲ့ပါတယ္။