Spots news

သူသွားမယ့်လမ်းကို ပိတ်ခဲ့တဲ့ ပီအက်စ်ဂျီကို ပညာပြန်ပေးနေတဲ့ အမ်ဘာပေ

Unicode Version

မြင့်မားတဲ့ တစ်နှစ်လုပ်ခ ယူရို ၄၅ သန်းနဲ့ ပီအက်စ်ဂျီအသင်း ဘက်ကနေ ကမ်းလှမ်းခဲ့ပေမယ့်လည်း အမ်ဘာပေကတော့ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လာမယ့်နွေမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဘာပေဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာပဲ စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွေ့ ချင်နေတာဖြစ်ပြီး ရီးရဲလ်ဘက်ကနေလဲ သူတို့ရဲ့ ပစ်မှတ်ကစားသမား အတွက် စံချိန်တင် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ်ပြုလုပ် ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ပယ်ချခဲ့တာ ကြောင့် ဘာပေက အလိုမကျ ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ ဘာပေကို ကမ္ဘာ့ဘောလုံးလောကမှာ လစာအကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်စေမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဘာပေကတော့ စိတ်ပြောင်းလဲခြင်းမရှိပဲ ငြင်းဆန်ခဲ့ပါတယ်။

ရီးရဲလ်ဟာ ဘာပေအတွက် နောက်ဆုံး ယူရိုသန်း ၂၀၀ အထိ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းကတော့ ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုကို အကြောင်းမပြန်ခဲ့ပဲ သူတို့ကစားသမားကိုသာ မက်လောက်စရာ လစာတစ်ရပ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် ဘာပေကတော့ ရီးရဲလ်ဆီ မရောင်းချခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် သဘောမကျတဲ့အတွက် ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုပါ ပယ်ချထားခဲ့ပြီး ရာသီအကုန်မှသာ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မပါဝင်ပဲ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

Zawgyi Version

ျမင့္မားတဲ့ တစ္ႏွစ္လုပ္ခ ယူရို ၄၅ သန္းနဲ႕ ပီအက္စ္ဂ်ီအသင္း ဘက္ကေန ကမ္းလွမ္းခဲ့ေပမယ့္လည္း အမ္ဘာေပကေတာ့ ဒီကမ္းလွမ္းခ်က္ကို ျငင္းဆန္ပယ္ခ်သြားခဲ့ၿပီး အသင္းနဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ လာမယ့္ေႏြမွာ အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာသြားမွာ ျဖစ္ပါတယ္။

ဘာေပဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာပဲ စပိန္အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းကို ေျပာင္းေ႐ြ႕ ခ်င္ေနတာျဖစ္ၿပီး ရီးရဲလ္ဘက္ကေနလဲ သူတို႔ရဲ႕ ပစ္မွတ္ကစားသမား အတြက္ စံခ်ိန္တင္ ကမ္းလွမ္းမႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ ခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက ပယ္ခ်ခဲ့တာ ေၾကာင့္ ဘာေပက အလိုမက် ျဖစ္ခဲ့ပါတယ္။

ဒီႏွစ္ေဘာလုံးရာသီအကုန္မွာပဲ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းဘက္ကေန ဘာေပကို ကမာၻ႔ေဘာလုံးေလာကမွာ လစာအေကာင္းဆုံး ကစားသမားတစ္ေယာက္ ျဖစ္လာနိုင္ေစမယ့္ ကမ္းလွမ္းမႈမ်ိဳးနဲ႕ ကမ္းလွမ္းခဲ့ေပမယ့္လည္း ဘာေပကေတာ့ စိတ္ေျပာင္းလဲျခင္းမရွိပဲ ျငင္းဆန္ခဲ့ပါတယ္။

ရီးရဲလ္ဟာ ဘာေပအတြက္ ေနာက္ဆုံး ယူရိုသန္း ၂၀၀ အထိ ကမ္းလွမ္းခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းကေတာ့ ရီးရဲလ္ရဲ႕ ကမ္းလွမ္းမႈကို အေၾကာင္းမျပန္ခဲ့ပဲ သူတို႔ကစားသမားကိုသာ မက္ေလာက္စရာ လစာတစ္ရပ္နဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ဘာေပကေတာ့ ရီးရဲလ္ဆီ မေရာင္းခ်ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ဆုံးျဖတ္ခ်က္အေပၚ သေဘာမက်တဲ့အတြက္ ပီအက္စ္ဂ်ီရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပါ ပယ္ခ်ထားခဲ့ၿပီး ရာသီအကုန္မွသာ ရီးရဲလ္အသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကး တစ္ျပားတစ္ခ်ပ္မွ မပါဝင္ပဲ ေျပာင္းေ႐ႊ႕ဖြယ္ ရွိေနပါတယ္။