Spots news

ယူနိုက်တက်မှာ ပျော်ရွှင်နေပြီး ယခုရာသီ ဆုဖလား ရယူနိုင်မည်ဟု ပေါ့ဘာပြော

Unicode Version

မန်ချက်စတာ ယူနိုတက်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာက လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား အင်အားဟာ အသင်းမှာ သူကစားခဲ့တဲ့ ကာလတစ်လျှောက် အတောင့်တင်းဆုံးစုဖွဲ့မှုဖြစ်‌ကြောင်း ပြောကြားခဲ့ပါတယ်။

ပေါ့ဘာဟာ နွေရာသီ အပြောင်းအရွေ့ကာလအတွင်း ပြင်သစ်ကလပ် ပီအက်စ်ဂျီ နဲ့ စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းတို့ အပြောင်းအရွေ့ သတင်းများ ထွက်ပေါ်ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ ကစားသမား အင်အား ဖြည့်တင်းမှုကို ကျေနပ်နေကာ ဖလားလက်မဲ့ ဖြစ်မှုကို အဆုံးသတ်မယ်လို့ ယုံကြည်နေပါတယ်။

ပေါ့ဘာက “ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တောင့်တင်းတဲ့လူစာရင်းက အမြဲရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုလူစာရင်းက ကျွန်တော်ကစားခဲ့တဲ့ ကာလတစ်လျှောက် အတောင့်တင်းဆုံးပါပဲ။ ဒီအသင်းရဲ့ ရည်မှန်းချက် က ဆုဖလားတွေ ဆွတ်ခူးဖို့ဆိုတာ သိသာထင်ရှားပါတယ်။”

“ ကျွန်တော်တို့ မှာ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းရှိနေပြီး ချန်ပီယံတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါက ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ဆုဖလားတွေရယူနိုင်ဖို့ ကျွန်တော်တို့ အစွမ်း ကုန်ကြိုးစားပါလိမ့်မယ် ”ဟု ပေါ့ဘာက ပြောကြားခဲ့ပါတယ်။

ပေါ့ဘာရဲ့ စာချုပ်သက်တမ်းဟာ သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း သိရပါတယ်။ နော်ဝေရုပ်သံ TV2 က ပေါ့ဘာအနေနဲ့ အသင်းရဲ့ လက်ရှိအခြေအနေကြောင့် စာချုပ်သက်တမ်း တိုးဖြစ်မလားဟု မေးမြန်းမှုကို ဖြေကြားရန် ငြင်းဆန်ခဲ့ပါတယ်။

သို့ပေမယ့် ပေါ့ဘာက ပရီးမီးယားလိဂ်မှာ ဘောလုံး ကစားရ‌ နေရတဲ့အတွက်ကို အလွန်ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့ပါတယ်။ထို့ပြင် ပေါ့ဘာက နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ၅ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်မှု အခြေအနေကို အဆုံးသတ်ပေး လိမ့်မည်ဟုလည်း ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုတက္အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာက လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ကစားသမား အင္အားဟာ အသင္းမွာ သူကစားခဲ့တဲ့ ကာလတစ္ေလွ်ာက္ အေတာင့္တင္းဆုံးစုဖြဲ႕မႈျဖစ္‌ေၾကာင္း ကေျပာၾကားခဲ့ပါတယ္။

ေပါ့ဘာဟာ ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလအတြင္း ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီ နဲ႕ စပိန္လာလီဂါ ကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ အေျပာင္းအေ႐ြ႕ သတင္းမ်ား ထြက္ေပၚခဲ့သူ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အသင္းရဲ႕ ကစားသမား အင္အား ျဖည့္တင္းမႈကို ေက်နပ္ေနကာ ဖလားလက္မဲ့ ျဖစ္မႈကို အဆုံးသတ္မယ္လို႔ ယုံၾကည္ေနပါတယ္။

ေပါ့ဘာက “ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ေတာင့္တင္းတဲ့လူစာရင္းက အၿမဲရွိေနခဲ့ပါတယ္။ ဒါေပမဲ့ အခုလူစာရင္းက ကြၽန္ေတာ္ကစားခဲ့တဲ့ ကာလတစ္ေလွ်ာက္ အေတာင့္တင္းဆုံးပါပဲ။ ဒီအသင္းရဲ႕ ရည္မွန္းခ်က္ က ဆုဖလားေတြ ဆြတ္ခူးဖို႔ဆိုတာ သိသာထင္ရွားပါတယ္။”

“ ကြၽန္ေတာ္တို႔ မွာ အင္အားေတာင့္တင္းတဲ့ အသင္းတစ္သင္းရွိေနၿပီး ခ်န္ပီယံေတြလည္း ျဖစ္နိုင္ပါတယ္။ ဒါက ဘယ္ေလာက္ခက္ခဲသလဲဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ ဒါေပမဲ့ ဒီရာသီမွာ ဆုဖလားေတြရယူနိုင္ဖို႔ ကြၽန္ေတာ္တို႔ အစြမ္း ကုန္ႀကိဳးစားပါလိမ့္မယ္ ”ဟု ေပါ့ဘာက ေျပာၾကားခဲ့ပါတယ္။

ေပါ့ဘာရဲ႕ စာခ်ဳပ္သက္တမ္းဟာ သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖြယ္ ရွိ၊ မရွိကို ရွင္းရွင္းလင္းလင္းမရွိေသးေၾကာင္း သိရပါတယ္။ ေနာ္ေဝ႐ုပ္သံ TV2 က ေပါ့ဘာအေနနဲ႕ အသင္းရဲ႕ လက္ရွိအေျခအေနေၾကာင့္ စာခ်ဳပ္သက္တမ္း တိုးျဖစ္မလားဟု ေမးျမန္းမႈကို ေျဖၾကားရန္ ျငင္းဆန္ခဲ့ပါတယ္။

သို႔ေပမယ့္ ေပါ့ဘာက ပရီးမီးယားလိဂ္မွာ ေဘာလုံး ကစားရ‌ ေနရတဲ့အတြက္ကို အလြန္ေပ်ာ္႐ႊင္မိသည္ဟု ေျပာၾကားခဲ့ပါတယ္။ထို႔ျပင္ ေပါ့ဘာက နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ၅ ႏွစ္ၾကာ ဆုဖလားလက္မဲ့ျဖစ္မႈ အေျခအေနကို အဆုံးသတ္ေပး လိမ့္မည္ဟုလည္း ေျပာၾကားခဲ့ပါတယ္။