Spots news

အိုင်ယာလန်နဲ့ပွဲမှာ ကြီးမားတဲ့စံချိန်သစ် ရယူပြီး မအိုသေးကြောင်း သက်သေပြနေဆဲ ရော်နယ်ဒို

Unicode Version

မနေ့ညက ကစားခဲ့တဲ့ ဥရောပဇုန်၊ ကမ္ဘာဖလားခြေစစ်ပွဲပထမအဆင့်အုပ်စုပွဲစဉ်မှာတော့ ပေါ်တူဂီက အိုင်ယာလန်ကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီအနေနဲ့ ရော်နယ်ဒိုရဲ့ ပွဲပြီးခါနီးချေပဂိုး၊

နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးတွေကြောင့် အိမ်ကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပြီး ပင်နယ်တီလွဲချော်ထားခဲ့တဲ့ ရော်နယ်ဒိုက သူ့ရဲ့အမှားအတွက် အသင်းကို ပြန်လည်ပြီးကယ်တင်ပေးနိုင်ခဲ့ပါတယ်။

 

ဒီသွင်းဂိုးနှစ်ဂိုးကြောင့်လည်း ရော်နယ်ဒိုဟာ အလီဒါယေးရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ၂ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၀၉ ဂိုးချင်းတူညီစွာ ထိပ်ဆုံးမှာရပ်တည်နေရာကနေ

ရော်နယ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်လို့ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ပြီဖြစ်ကာ ကစားသမားဘဝမှာ အထူးခြားဆုံးစံချိန်မှတ်တမ်းနဲ့ သူ့ရဲ့ဆန္ဒကိုပါ ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲကစားချိန် ၁၅ မိနစ်မှာ ပေါ်တူဂီတို့ ပင်နယ်တီရရှိခဲ့ပေမယ့် ရော်နယ်ဒိုကန်သွင်းယူခဲ့ရာမှာတော့ လွဲချော်ခဲ့ရပါတယ်။ ဒီမတိုင်ခင် အိုင်ယာလန်ကစားသမားအိုရှေးက အနှောင့်အယှက်ပေးခဲ့လို့

ရော်နယ်ဒိုက ဖြတ်ရိုက်ခဲ့ပြီး ပြသနာတက်ခဲ့ပါသေးတယ်။ ပင်နယ်တီမဝင်ခဲ့ဘဲရှိခဲ့ပြီးနောက် ၄၅ မိနစ်မှာ အိုင်ယာလန်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၈၉ မိနစ်မှာမှ ရော်နယ်ဒိုက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ အသင်းအနိုင်ရရှိစေမယ့်ဂိုးကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပြီး ရယူပေးခဲ့ပါတယ်။ သမိုင်းဝင်စံချိ်န်ကို ရယူနိုင်ခဲ့လို့ ရော်နယ်ဒိုအတွက် ကျေနပ်စရာဖြစ်ခဲ့သလို အနိုင်ဂိုးသွင်းယူအပြီးမှာလည်း ဂျာစီချွတ်ကာ

အားပါးတရအောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ့် ရော်နယ်ဒိုရဲ့ ခြေစွမ်းကတော့ ယူနိုက်တက်ပရိသတ်တွေကို တော်တော်လေးကျေနပ်နေစေမှာလည်းဖြစ်ပါတယ်။

Zawgyi Version

မေန႕ညက ကစားခဲ့တဲ့ ဥေရာပဇုန္၊ ကမာၻဖလားေျခစစ္ပြဲပထမအဆင့္အုပ္စုပြဲစဥ္မွာေတာ့ ေပၚတူဂီက အိုင္ယာလန္ကို ၂-၁ နဲ႕ အနိုင္ရရွိသြားခဲ့ပါတယ္။ ေပၚတူဂီအေနနဲ႕ ေရာ္နယ္ဒိုရဲ႕ ပြဲၿပီးခါနီးေခ်ပဂိုး၊

နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ အနိုင္ဂိုးေတြေၾကာင့္ အိမ္ကြင္းမွာ အနိုင္ရခဲ့တာျဖစ္ၿပီး ပင္နယ္တီလြဲေခ်ာ္ထားခဲ့တဲ့ ေရာ္နယ္ဒိုက သူ႕ရဲ႕အမွားအတြက္ အသင္းကို ျပန္လည္ၿပီးကယ္တင္ေပးနိုင္ခဲ့ပါတယ္။

ဒီသြင္းဂိုးႏွစ္ဂိုးေၾကာင့္လည္း ေရာ္နယ္ဒိုဟာ အလီဒါေယးရဲ႕ နိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ၂ ဂိုးအသာနဲ႕ ေက်ာ္ျဖတ္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ ၁၀၉ ဂိုးခ်င္းတူညီစြာ ထိပ္ဆုံးမွာရပ္တည္ေနရာကေန

ေရာ္နယ္ဒိုက ဂိုးသြင္းယူနိုင္ခဲ့ၿပီျဖစ္လို႔ လြတ္လြတ္ကြၽတ္ကြၽတ္ဦးေဆာင္နိုင္ၿပီျဖစ္ကာ ကစားသမားဘဝမွာ အထူးျခားဆုံးစံခ်ိန္မွတ္တမ္းနဲ႕ သူ႕ရဲ႕ဆႏၵကိုပါ ျဖည့္ဆည္းနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၁၅ မိနစ္မွာ ေပၚတူဂီတို႔ ပင္နယ္တီရရွိခဲ့ေပမယ့္ ေရာ္နယ္ဒိုကန္သြင္းယူခဲ့ရာမွာေတာ့ လြဲေခ်ာ္ခဲ့ရပါတယ္။ ဒီမတိုင္ခင္ အိုင္ယာလန္ကစားသမားအိုေရွးက အေႏွာင့္အယွက္ေပးခဲ့လို႔

ေရာ္နယ္ဒိုက ျဖတ္ရိုက္ခဲ့ၿပီး ျပသနာတက္ခဲ့ပါေသးတယ္။ ပင္နယ္တီမဝင္ခဲ့ဘဲရွိခဲ့ၿပီးေနာက္ ၄၅ မိနစ္မွာ အိုင္ယာလန္က ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ၈၉ မိနစ္မွာမွ ေရာ္နယ္ဒိုက ျပန္လည္ေခ်ပနိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ အသင္းအနိုင္ရရွိေစမယ့္ဂိုးကို ေရာ္နယ္ဒိုက ေခါင္းတိုက္သြင္းယူၿပီး ရယူေပးခဲ့ပါတယ္။ သမိုင္းဝင္စံခ်ိ္န္ကို ရယူနိုင္ခဲ့လို႔ ေရာ္နယ္ဒိုအတြက္ ေက်နပ္စရာျဖစ္ခဲ့သလို အနိုင္ဂိုးသြင္းယူအၿပီးမွာလည္း ဂ်ာစီခြၽတ္ကာ

အားပါးတရေအာင္ပြဲခံခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ယူနိုက္တက္ကို ေျပာင္းေ႐ႊ႕ေတာ့မယ့္ ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းကေတာ့ ယူနိုက္တက္ပရိသတ္ေတြကို ေတာ္ေတာ္ေလးေက်နပ္ေနေစမွာလည္းျဖစ္ပါတယ္။