Spots news

အတွဲညီခဲ့တဲ့ ဂျိမ်းစ်အတွက် သတိရကြောင်းဆုတောင်းပေးခဲ့တဲ့ မာရှယ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ နွေရာသီ အပြောင်းအရွေ့ မပိတ်ခင်မှာပဲ လိဒ်ယူနိုက်တက် အသင်းသို့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းဖော် ဒန်နီရယ်ဂျိမ်းစ်ကို အသင်းသစ်မှာ အဆင်ပြေပါစေကြောင်း နှုတ်ဆက် ဆုတောင်းခဲ့ပါတယ်။

လူငယ် တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက်မှာ လိဒ်ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ယူနိုက်တက်အသင်းက လက်ခံခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်နဲ့ သဘောတူညီမှု ရရှိခဲ့သူပါ။

ယူနိုက်တက် အသင်းဟာ ဝေးလ်တောင်ပံ လူငယ် ကြယ်ပွင့် ဂျိမ်းစ်ကို ၂၀၁၉ခုနှစ်မှာ ဆွမ်ဆီးအသင်း ကနေ ပေါင် ၁၅သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး မန်ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇၂ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး နဲ့ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက် အသင်းဟာ ဂျိမ်းစ်ကို ဆွမ်ဆီးအသင်းမှာ ရှိစဉ်ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ထိုစဉ်က ယူနိုက်တက်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ကစားသမားဟောင်း ရော်နယ်ဒို နဲ့ တောင်ပံ ကစားသမား ဆန်ချိုတို့ကို ယခုနွေရာသီမှာ ခေါ်ယူနိုင်ခဲ့ပြီး လူငယ်ကစားသမား ဂျိမ်းစ်ကို လက်လွတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ယူနိုက်တက်အသင်းမှာ ကစားစဉ်က သူနဲ့ အတွဲညီဖူးတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကတော့ အသင်းသစ်မှာ ဒန်နီရယ်ဂျိမ်းစ်အနေနဲ့ အောင်မြင်မှု များစွာ ရရှိပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ မာရှယ်ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ ဂျိမ်းစ်ကို Mention ခေါ်ပြီး အရာအားလုံးမှာ အကောင်းဆုံးပဲ ဖြစ်ပါစေ ညီအစ်ကိုရေ လို့ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး အန္သိုနီ မာရွယ္ကေတာ့ ေႏြရာသီ အေျပာင္းအေ႐ြ႕ မပိတ္ခင္မွာပဲ လိဒ္ယူနိုက္တက္ အသင္းသို႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အသင္းေဖာ္ ဒန္နီရယ္ဂ်ိမ္းစ္ကို အသင္းသစ္မွာ အဆင္ေျပပါေစေၾကာင္း ႏႈတ္ဆက္ ဆုေတာင္းခဲ့ပါတယ္။

လူငယ္ ေတာင္ပံ ကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံး ေန႕ရက္မွာ လိဒ္ယူနိုက္တက္ရဲ႕ ကမ္းလွမ္းခ်က္ကို ယူနိုက္တက္အသင္းက လက္ခံခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅သန္း + အပိုဆုေၾကး ေပါင္ ၅သန္းနဲ႕ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၅ႏွစ္သက္တမ္း ရွိတဲ့ စာခ်ဳပ္နဲ႕ သေဘာတူညီမႈ ရရွိခဲ့သူပါ။

ယူနိုက္တက္ အသင္းဟာ ေဝးလ္ေတာင္ပံ လူငယ္ ၾကယ္ပြင့္ ဂ်ိမ္းစ္ကို ၂၀၁၉ခုႏွစ္မွာ ဆြမ္ဆီးအသင္း ကေန ေပါင္ ၁၅သန္း ဝန္းက်င္နဲ႕ ေခၚယူခဲ့တာ ျဖစ္ၿပီး မန္ယူနိုက္တက္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၇၂ပြဲ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၉ဂိုး နဲ႕ ဂိုးဖန္တီးမႈ ၉ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။

လိဒ္ယူနိုက္တက္ အသင္းဟာ ဂ်ိမ္းစ္ကို ဆြမ္ဆီးအသင္းမွာ ရွိစဥ္ကတည္းက ေခၚယူဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ထိုစဥ္က ယူနိုက္တက္အသင္းက လက္ဦးမႈ ရယူနိုင္ခဲ့တာပါ။ ယူနိုက္တက္အသင္းဟာ ကစားသမားေဟာင္း ေရာ္နယ္ဒို နဲ႕ ေတာင္ပံ ကစားသမား ဆန္ခ်ိဳတို႔ကို ယခုေႏြရာသီမွာ ေခၚယူနိုင္ခဲ့ၿပီး လူငယ္ကစားသမား ဂ်ိမ္းစ္ကို လက္လြတ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ယူနိုက္တက္အသင္းမွာ ကစားစဥ္က သူနဲ႕ အတြဲညီဖူးတဲ့ တိုက္စစ္မႉး အန္သိုနီ မာရွယ္ကေတာ့ အသင္းသစ္မွာ ဒန္နီရယ္ဂ်ိမ္းစ္အေနနဲ႕ ေအာင္ျမင္မႈ မ်ားစြာ ရရွိပါေစလို႔ ဆုေတာင္းေပးခဲ့ပါတယ္။ မာရွယ္ဟာ သူ႕ရဲ႕ အင္စတာဂရမ္မွာ ဂ်ိမ္းစ္ကို Mention ေခၚၿပီး အရာအားလုံးမွာ အေကာင္းဆုံးပဲ ျဖစ္ပါေစ ညီအစ္ကိုေရ လို႔ ဆုေတာင္းေပးခဲ့တာပဲ ျဖစ္ပါတယ္။