Spots news

ရော်နယ်ဒို ပြန်ရောက်ပေမယ့် လာမည့်အပြောင်းအရွေ့အတွက် ဟာလန်းကို အဓိကပစ်မှတ်အဖြစ် မန်ယူ သတ်မှတ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူထားပြီး ဥရုဂွေး တိုက်စစ်မှူး ကာဗာနီလဲ ရှိနေပေမယ့် ဒေါ့မွန် တိုက်စစ်မှုး ဟာလန်းကို လာမယ့် အပြောင်းအရွေ့အတွက် အဓိက ပစ်မှတ်အဖြစ် ဆက်လက်ခေါ်ယူမည် ဖြစ်ကြောင်း သိရပါတယ်။

စာချုပ်ပါ အချက်အလက်ရ လာမည့်ရာသီ အပြောင်းအရွေ့မှာ ဟာလန်း ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို 75 သန်းပဲ ရှိတော့မှာ ဖြစ်ပြီး ဟာလန်းကို ခေါ်ယူဖို့ မန်စီးတီး ၊ ရီးရဲ မက်ဒရစ် ၊ ဘိုင်ယန် မြူးနစ် နဲ့ ပီအက်စ်ဂျီ အသင်းတွေကလဲ ယူနိုက်တက် နဲ့ အပြိုင် ချဉ်းကပ်လာကြဖွယ် ရှိနေပါတယ်။

ရော်နယ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်အတွက် လစာအများကြီး လျော့ယူခဲ့ပေမယ့်  များပြားတဲ့ ပမာဏ အဖြစ်တော့ ရှိနေပါသေးတယ်။ သို့ပေမယ့် ရော်နယ်ဒို အသင်းကိုရောက်ရှိနေပြီး ငွေကြေးသုံးစွဲထားရတာက ယူနိုက်တက် ရဲ့ ဟာလန်း ကို ခေါ်ယူချင်တဲ့ အစီအစဉ်တွေ အပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ယူနိုက်တက် ဟာ 2019-20 ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက ဟာလန်း ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး စာချုပ် ဆိုင်ရာ ဖျက်သိမ်းခွင့် သဘောတူညီချက် ကို ယူနိုက်တက် ဘက်က ထည့်သွင်းပေးနိုင်ခြင်း မရှိတာကြောင့် ဒေါ့မွန်ကို ပြောင်းရွေ့ သွားခဲ့တာ ဖြစ်ပါတယ်။

သို့သော် ဟာလန်း ရဲ့ အသိုင်းအဝိုင်းက လူတွေ နဲ့ ယူနိုက်တက် နည်းပြ ဆိုးရှား တို့အကြား ရှိခဲ့တဲ့ ဆက်ဆံရေးကောင်းတွေဟာ အခုချိန်ထိ ခိုင်မာနေဆဲ ဖြစ်ပါတယ်။ ဟာလန်း ကိုယ်တိုင်လဲ ဆိုးရှား ကိုင်တွယ်နေတဲ့ မိုလ်ဒီ အသင်းမှာ စီနီယာ အသင်းကြီး ကစားခွင့်ကို ဆယ်ကျော်သက် အရွယ်နဲ့ ရရှိခဲ့တာပါ။

ယူနိုက်တက် အတွက် ဟာလန်း ကို ခေါ်ယူချင်တဲ့ ရည်မှန်းချက် ကတော့ မလွယ်ကူပဲ ။ ဟယ်ရီကိန်းကို မရရှိခဲ့တဲ့ မန်စီးတီး၊ လီဝန်ဒေါ့စကီး ရဲ့ နေရာကို အစားထိုးမယ့် ဘိုင်ယန်၊ ဘာပေ ကို ဆုံးရှုံးရမယ့် ပီအက်စ်ဂျီ ၊ ဘာပေကို မရရင် ဟာလန်းကိုခေါ်မယ့် ရီးရဲလ်တို့ကလဲ အတားအဆီး အဖြစ် ရှိနေပါသေးတယ်

သို့ပေမယ့် ယူနိုက်တက်ကတော့ ဆန်ချိုရဲ့ အသင်းဖော်ဟောင်းလဲဖြစ်၊ ဆိုးရှားရဲ့ တပည့်လဲဖြစ်တဲ့ ဟာလန်းကို ခေါ်ယူဖို့ အတွက် လိုအပ်ချက်တဲ့ အချက်အလက်တွေ အားလုံး ပြည့်ပြည့်စုံစုံ ရှိနေတယ်လို့ ယုံကြည်ထားပြီး လာမယ့် အပြောင်းအရွေ့အတွက် ဟာလန်းကို အဓိက ပစ်မှတ်လို့ သတ်မှတ်ထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူထားၿပီး ဥ႐ုေဂြး တိုက္စစ္မႉး ကာဗာနီလဲ ရွိေနေပမယ့္ ေဒါ့မြန္ တိုက္စစ္မႈး ဟာလန္းကို လာမယ့္ အေျပာင္းအေ႐ြ႕အတြက္ အဓိက ပစ္မွတ္အျဖစ္ ဆက္လက္ေခၚယူမည္ ျဖစ္ေၾကာင္း သိရပါတယ္။

စာခ်ဳပ္ပါ အခ်က္အလက္ရ လာမည့္ရာသီ အေျပာင္းအေ႐ြ႕မွာ ဟာလန္း ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးဟာ ယူရို 75 သန္းပဲ ရွိေတာ့မွာ ျဖစ္ၿပီး ဟာလန္းကို ေခၚယူဖို႔ မန္စီးတီး ၊ ရီးရဲ မက္ဒရစ္ ၊ ဘိုင္ယန္ ျမဴးနစ္ နဲ႕ ပီအက္စ္ဂ်ီ အသင္းေတြကလဲ ယူနိုက္တက္ နဲ႕ အၿပိဳင္ ခ်ဥ္းကပ္လာၾကဖြယ္ ရွိေနပါတယ္။

ေရာ္နယ္ဒိုဟာ အသင္းေဟာင္း ယူနိုက္တက္အတြက္ လစာအမ်ားႀကီး ေလ်ာ့ယူခဲ့ေပမယ့္  မ်ားျပားတဲ့ ပမာဏ အျဖစ္ေတာ့ ရွိေနပါေသးတယ္။ သို႔ေပမယ့္ ေရာ္နယ္ဒို အသင္းကိုေရာက္ရွိေနၿပီး ေငြေၾကးသုံးစြဲထားရတာက ယူနိုက္တက္ ရဲ႕ ဟာလန္း ကို ေခၚယူခ်င္တဲ့ အစီအစဥ္ေတြ အေပၚ သက္ေရာက္မႈ မရွိခဲ့ဘူးလို႔ သိရပါတယ္။

ယူနိုက္တက္ ဟာ 2019-20 ေဘာလုံးရာသီ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလမွာ ကတည္းက ဟာလန္း ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးၿပီး စာခ်ဳပ္ ဆိုင္ရာ ဖ်က္သိမ္းခြင့္ သေဘာတူညီခ်က္ ကို ယူနိုက္တက္ ဘက္က ထည့္သြင္းေပးနိုင္ျခင္း မရွိတာေၾကာင့္ ေဒါ့မြန္ကို ေျပာင္းေ႐ြ႕ သြားခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္ ဟာလန္း ရဲ႕ အသိုင္းအဝိုင္းက လူေတြ နဲ႕ ယူနိုက္တက္ နည္းျပ ဆိုးရွား တို႔အၾကား ရွိခဲ့တဲ့ ဆက္ဆံေရးေကာင္းေတြဟာ အခုခ်ိန္ထိ ခိုင္မာေနဆဲ ျဖစ္ပါတယ္။ ဟာလန္း ကိုယ္တိုင္လဲ ဆိုးရွား ကိုင္တြယ္ေနတဲ့ မိုလ္ဒီ အသင္းမွာ စီနီယာ အသင္းႀကီး ကစားခြင့္ကို ဆယ္ေက်ာ္သက္ အ႐ြယ္နဲ႕ ရရွိခဲ့တာပါ။

ယူနိုက္တက္ အတြက္ ဟာလန္း ကို ေခၚယူခ်င္တဲ့ ရည္မွန္းခ်က္ ကေတာ့ မလြယ္ကူပဲ ။ ဟယ္ရီကိန္းကို မရရွိခဲ့တဲ့ မန္စီးတီး၊ လီဝန္ေဒါ့စကီး ရဲ႕ ေနရာကို အစားထိုးမယ့္ ဘိုင္ယန္၊ ဘာေပ ကို ဆုံးရႈံးရမယ့္ ပီအက္စ္ဂ်ီ ၊ ဘာေပကို မရရင္ ဟာလန္းကိုေခၚမယ့္ ရီးရဲလ္တို႔ကလဲ အတားအဆီး အျဖစ္ ရွိေနပါေသးတယ္

သို႔ေပမယ့္ ယူနိုက္တက္ကေတာ့ ဆန္ခ်ိဳရဲ႕ အသင္းေဖာ္ေဟာင္းလဲျဖစ္၊ ဆိုးရွားရဲ႕ တပည့္လဲျဖစ္တဲ့ ဟာလန္းကို ေခၚယူဖို႔ အတြက္ လိုအပ္ခ်က္တဲ့ အခ်က္အလက္ေတြ အားလုံး ျပည့္ျပည့္စုံစုံ ရွိေနတယ္လို႔ ယုံၾကည္ထားၿပီး လာမယ့္ အေျပာင္းအေ႐ြ႕အတြက္ ဟာလန္းက အဓိက ပစ္မွတ္လို႔ သတ္မွတ္ထားပါတယ္။