Spots news

ရော်နယ်ဒိုက အသင်းကို အများကြီးလွှမ်းမိုးနိုင်လိမ့်မယ်လို့ မက်ဂွိုင်းယားပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ယခုနွေရာသီ အပြောင်းအရွေ့မှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူနိုက်တက် ကစားသမားတွေကို များစွာ လွှမ်းမိုး နိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ မန်းစီးတီး အသင်းနဲ့ သတင်းထွက်ခဲ့ပေမယ့် ယူနိုက်တက်က ကမ်းလှမ်းလာသည်နဲ့ တပြိုင်နက် ဆွေးနွေးမှု များကို ပယ်ချပြီး ယူနိုက်တက်ကို ပြောင်းရွေ့ခဲ့တာပါ။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ၂ နှစ် +၁ နှစ် သက်တမ်းတိုးခွင့် ဖြင့် ချုပ်ဆိုခဲ့ပြီး ဂျူဗင်တပ်အသင်းထံပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရမှာ ဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ အကောင်းဆုံး တစ်ယောက် ရောက်ရှိလာ‌တာကြောင့် ယူနိုက်တက်အသင်းဟာ ၅ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး မက်ဂွိုင်းယားကလည်း ထာဝရ အကောင်းဆုံး ကစားသမား တဦး အသင်းဆီ သူ ရောက်လာတဲ့ အတွက် ပျော်ရွှင်မိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားက “ အသင်းဆီ သူ ပြန်ရောက်လာတာက တကယ်ကို ကောင်းပါတယ်။ ကျွန်တော့် အတွက် သူက အကောင်းတကာ့ အကောင်းဆုံး ကစားသမားပါ။ အသင်းက သူ့ကို ရလိုက်တာဟာ တကယ်ကို ကောင်းပါတယ်။ ပြီးတော့ သူဟာ အဝတ်လဲခန်းထဲမှာရော ၊ ကွင်းထဲမှာပါ အသင်းအတွက်

သက်ရောက်မှု အများကြီး ပေးစွမ်းနိုင်သူ ဖြစ်ပါတယ်။ ကစားသမား အားလုံးက သူ့ကို ကြည့်ပြီး အတုယူ ကြိုးစားလို့ ရပါတယ်။ ပြီးတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က ကျွန်တော်တို့အသင်းကို တိုးတက်အောင် အကူအညီပေးနိုင်မှာပါ။ ကျွန်တော်က သူနဲ့ လာမယ့် ရက်အနည်းငယ် အတွင်း တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြိုင္းယားက ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာတဲ့ တိုက္စစ္မႉးေဟာင္း ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ယူနိုက္တက္ ကစားသမားေတြကို မ်ားစြာ လႊမ္းမိုး နိုင္လိမ့္မယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ေရာ္နယ္ဒိုဟာ မန္းစီးတီး အသင္းနဲ႕ သတင္းထြက္ခဲ့ေပမယ့္ ယူနိုက္တက္က ကမ္းလွမ္းလာသည္နဲ႕ တၿပိဳင္နက္ ေဆြးေႏြးမႈ မ်ားကို ပယ္ခ်ၿပီး ယူနိုက္တက္ကို ေျပာင္းေ႐ြ႕ခဲ့တာပါ။ ယူနိုက္တက္ဟာ ေရာ္နယ္ဒိုကို ၂ ႏွစ္ +၁ ႏွစ္ သက္တမ္းတိုးခြင့္ ျဖင့္ ခ်ဳပ္ဆိုခဲ့ၿပီး ဂ်ဴဗင္တပ္အသင္းထံေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅သန္း + အပိုဆုေၾကး ယူရို ၈သန္း ေပးေခ်ရမွာ ျဖစ္ပါတယ္။

ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး တစ္ေယာက္ ေရာက္ရွိလာ‌တာေၾကာင့္ ယူနိုက္တက္အသင္းဟာ ၅ ႏွစ္ၾကာ ဖလားလက္မဲ့ ျဖစ္ေနမႈကို အဆုံးသတ္နိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး မက္ဂြိုင္းယားကလည္း ထာဝရ အေကာင္းဆုံး ကစားသမား တဦး အသင္းဆီ သူ ေရာက္လာတဲ့ အတြက္ ေပ်ာ္႐ႊင္မိေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

မက္ဂြိုင္းယားက “ အသင္းဆီ သူ ျပန္ေရာက္လာတာက တကယ္ကို ေကာင္းပါတယ္။ ကြၽန္ေတာ့္ အတြက္ သူက အေကာင္းတကာ့ အေကာင္းဆုံး ကစားသမားပါ။ အသင္းက သူ႕ကို ရလိုက္တာဟာ တကယ္ကို ေကာင္းပါတယ္။ ၿပီးေတာ့ သူဟာ အဝတ္လဲခန္းထဲမွာေရာ ၊ ကြင္းထဲမွာပါ အသင္းအတြက္

သက္ေရာက္မႈ အမ်ားႀကီး ေပးစြမ္းနိုင္သူ ျဖစ္ပါတယ္။ ကစားသမား အားလုံးက သူ႕ကို ၾကည့္ၿပီး အတုယူ ႀကိဳးစားလို႔ ရပါတယ္။ ၿပီးေတာ့ သူ႕ရဲ႕ ဂိုးသြင္းစြမ္းရည္က ကြၽန္ေတာ္တို႔အသင္းကို တိုးတက္ေအာင္ အကူအညီေပးနိုင္မွာပါ။ ကြၽန္ေတာ္က သူနဲ႕ လာမယ့္ ရက္အနည္းငယ္ အတြင္း ေတြ႕ဆုံဖို႔ မေစာင့္နိုင္ေတာ့ပါဘူး” လို႔ ေျပာၾကားခဲ့တာပါ။