Unicode Version
မန်ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို အခုရာသီမှာ ကျောနံပါတ် ၇ ပေးနိုင်ဖို့အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ အထူးခွင့်ပြုချက် တောင်းဆိုလိုက်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူးဟာ အသင်းတိုင်းမှာ ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်ခဲ့တာဖြစ်ကာ ရီးရဲလ်မှာတုန်းကလည်း ကျောနံပါတ် ၇ ကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ် အသင်းထံသို့ ပြောင်းရွေ့ကြေး ပေါင်သန်း ၂၀ ကျော်ပေးချေ ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့လစာမှာ တစ်ပတ်လျှင် ပေါင် ၄၈၀,၀၀၀ ခန့် ရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ကျောနံပါက် ၇ ကို ကာဗာနီက ဝတ်ဆင်နေတာ ဖြစ်ပြီး တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် အသင်းပြောင်းတာ ကြောင့် သူ့ရဲ့ ကျောနံပါတ် ၂၁ ကလစ်လပ်နေပါတယ်။ ကာဗာနီဟာလဲ နံပါတ် ၇ကို မူလပိုင်ရှင် ရော်နယ်ဒိုကို ပြန်ပေးဖို့ လိုလိုလားလား ဆန္ဒရှိ နေတာပဲ ဖြစ်ပါတယ်။
ထို့ကြောင့် ကာဗာနီဟာ ဂျိမ်းစ်ရဲ့ ကျောနံပါတ် ၂၁ ကိုဝတ်ဆင်သွားမှာ ဖြစ်ပြီး ကာဗာနီဟာ ကျောနံပါတ်၂၁ကို ဥရုဂွေးအသင်း အတွက် ပါဝင် ကစားပေးတဲ့ ပွဲစဉ်တွေမှာ ဝတ်ဆင်ဖူးပါတယ်။ ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲတွေအပြီး နယူးကာဆယ်နဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်ကစားဖွယ်ရှိနေပါတယ်။
လက်ရှိ အချိန်မှာ ယူနိုက်တက်ဟာ ရော်နယ်ဒိုကျောနံပါတ်အတွက် ကျောနံပါတ်လဲလှယ်ခွင့်ကို ပရီးမီးယားလိဂ်အဖွဲ့ထံ အထူး အခွင့်အရေး တစ်ရပ် အနေနဲ့ တောင်းဆိုထားတာဖြစ်ပြီး ခွင့်ပြုပေးဖွယ်လဲ ရှိနေပါတယ်။ယူနိုက်တက်ဟာ ၃ ပွဲကစားပြီးချိန်မှာ ၇ မှတ် ရရှိထားပါတယ်။
Zawgyi Version
မန္ယူနိုက္တက္အသင္းဟာ ေရာ္နယ္ဒိုကို အခုရာသီမွာ ေက်ာနံပါတ္ ၇ ေပးနိုင္ဖို႔အတြက္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ထံ အထူးခြင့္ျပဳခ်က္ ေတာင္းဆိုလိုက္ပါတယ္။ ေပၚတူဂီ တိုက္စစ္မႉးဟာ အသင္းတိုင္းမွာ ေက်ာနံပါတ္ ၇ ကိုသာ ဝတ္ဆင္ခဲ့တာျဖစ္ကာ ရီးရဲလ္မွာတုန္းကလည္း ေက်ာနံပါတ္ ၇ ကိုဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ေရာ္နယ္ဒိုအတြက္ ဂ်ဴဗင္တပ္ အသင္းထံသို႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၂၀ ေက်ာ္ေပးေခ် ခဲ့ရပါတယ္။ ေရာ္နယ္ဒိုရဲ႕လစာမွာ တစ္ပတ္လွ်င္ ေပါင္ ၄၈၀,၀၀၀ ခန႔္ ရွိမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္မည္ျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။
လက္ရွိအခ်ိန္မွာ ယူနိုက္တက္ရဲ႕ ေက်ာနံပါက္ ၇ ကို ကာဗာနီက ဝတ္ဆင္ေနတာ ျဖစ္ၿပီး ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ အသင္းေျပာင္းတာ ေၾကာင့္ သူ႕ရဲ႕ ေက်ာနံပါတ္ ၂၁ ကလစ္လပ္ေနပါတယ္။ ကာဗာနီဟာလဲ နံပါတ္ ၇ကို မူလပိုင္ရွင္ ေရာ္နယ္ဒိုကို ျပန္ေပးဖို႔ လိုလိုလားလား ဆႏၵရွိ ေနတာပဲ ျဖစ္ပါတယ္။
ထို႔ေၾကာင့္ ကာဗာနီဟာ ဂ်ိမ္းစ္ရဲ႕ ေက်ာနံပါတ္ ၂၁ ကိုဝတ္ဆင္သြားမွာ ျဖစ္ၿပီး ကာဗာနီဟာ ေက်ာနံပါတ္၂၁ကို ဥ႐ုေဂြးအသင္း အတြက္ ပါဝင္ ကစားေပးတဲ့ ပြဲစဥ္ေတြမွာ ဝတ္ဆင္ဖူးပါတယ္။ ေရာ္နယ္ဒိုဟာ နိုင္ငံတကာပြဲေတြအၿပီး နယူးကာဆယ္နဲ႕ပြဲမွာ ပြဲဦးထြက္ ပါဝင္ကစားဖြယ္ရွိေနပါတယ္။
လက္ရွိ အခ်ိန္မွာ ယူနိုက္တက္ဟာ ေရာ္နယ္ဒိုေက်ာနံပါတ္အတြက္ ေက်ာနံပါတ္လဲလွယ္ခြင့္ကို ပရီးမီးယားလိဂ္အဖြဲ႕ထံ အထူး အခြင့္အေရး တစ္ရပ္ အေနနဲ႕ ေတာင္းဆိုထားတာျဖစ္ၿပီး ခြင့္ျပဳေပးဖြယ္လဲ ရွိေနပါတယ္။ယူနိုက္တက္ဟာ ၃ ပြဲကစားၿပီးခ်ိန္မွာ ၇ မွတ္ ရရွိထားပါတယ္။