Spots news

ပြိုင်ဘက်နှစ်ယောက် ပေါင်းစုံရတော့မှာလား

Unicode Version

ပြိုင်ဘက်နှစ်ယောက်ကို ပေါင်းစည်းပေးဖို့ ခြေစွမ်းကောင်းမွန်တဲ့ နာမည်ကျော်ကစား သမားတွေကို ‌ ဈေးကြီးပေး ဝယ်လေ့ရှိတဲ့ အသင်းတစ်သင်းက ကြိုးစားလာခဲ့ပါတယ်။

ရီးရဲ မက်ဒရစ် အသင်းခေါင်းဆောင် ရာမိုစ့် နဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီတို့ကို ပြင်သစ် အခြေစိုက် အသင်းကြီး ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းက ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။

သို့ပေမယ့် ယခုတစ်ခါမှာ စာချုပ်ဖျက်သိမ်းကြေး ပြောင်းရွေ့ကြေးများ ကြီးကြီးမားမား မရှိပဲ ရာမိုစ့် နဲ့ မက်ဆီ တို့နှစ်ယောက်လုံးဟာ ယခုနှစ် ဘောလုံးရာသီ အကုန် မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မက်ဆီဟာ နေမာနဲ့ တွဲကစား ချင်သေးကြောင်း ပြောဆိုထားပြီး ရာမိုစ့်အနေနဲ့လဲ လက်ရှိ ထက်ပိုမို များပြားတဲ့ ငွေကြေးပမာဏ နဲ့ ကမ်းလှမ်းလာပါက ပြောင်းရွေ့ဖို့ များနေပါတယ်။

ရီးရဲ အနေနဲ့ ရာမိုစ့်ကို လက်ရှိ လုပ်ခ အတိုင်း တစ်နှစ် ထပ်တိုး စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပေမယ့် ရာမိုစ့်ကိုယ်တိုင်က ပိုပေးမယ့် အသင်းကို ပြောင်းရွေ့မည် ဖြစ်ကြောင်း ပြောဆိုပြီးသားပါ။

ပီအက်စ်ဂျီ အနေနဲ့ ရာမို့စ်ကို အနည်းဆုံး နှစ်နှစ် သက်တမ်း စာချုပ် ချုပ်ဆိုမှာပဲဖြစ်ပါတယ်။ ဆရာဟောင်း ဖြစ်သူ ဂွါဒီယိုလာ ရဲ့ မန်စီးတီး ကိုပြောင်းရွေ့ဖို့ထက် ပြိုင်ဆိုင်မှူ နည်းတဲ့ ပြင်သစ်ကို ပြောင်းရွေ့ဖို့ မက်ဆီကို နီးစပ်ရာ အသိုင်းအဝိုင်းက တိုက်တွန်း ထားကြောင်း  သတင်းများက ဆိုကြပါတယ်။

ပီအက်စ်ဂျီဟာ မက်ဆီ နဲ့ ရာမိုစ့် ကိုခေါ်ယူရန် အရှိန် အဟုန် မြှင့် ကြိုးပမ်းနေပြီး နှစ်ဦးစလုံးကို အလွတ်ပြောင်းရွေ့ကြေး ဖြင့် ရနိုင်နေတာမို့ နေမာ ၊ ဘာပေ ၊ ရာမိုစ့် ၊မက်ဆီ တို့ရဲ့ အစုအဖွဲ့ ကို မြင်တွေ့ရမည်လား စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။

Zawgyi Version

ပြိုင်ဘက်နှစ်ယောက်ကို ပေါင်းစည်းပေးဖို့ ခြေစွမ်းကောင်းမွန်တဲ့ နာမည်ကျော်ကစား သမားတွေကို ‌ ဈေးကြီးပေး ဝယ်လေ့ရှိတဲ့ အသင်းတစ်သင်းက ကြိုးစားလာပါတယ်။



