Spots news

ဗန်ဒီဘိခ်အတွက် အံဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ မန်ယူ

Unicode Version

အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့‌ ပေမယ့် ယူနိုက်တက် အသင်းက ပယ်ချခဲ့ ကြောင်း သိရပါတယ်။ ဗန်ဒီဘိခ်ဟာ နည်းပြ ဆိုးရှားရဲ့ အစီအစဉ်မှာ ပါဝင်‌နေကြောင်း ပြောဆိုခဲ့ပြီး ယူနိုက်တက်ဘက် ငြင်းဆိုခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ထံသို့ ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဗန်ဒီဘိခ်အတွက် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း နည်းပြ ဆိုးရှားက ပြောဆိုထားသော်လည်း ယခုအချိန်အထိ ပွဲထွက်ခွင့် မရသေးတာ ဖြစ်ပါတယ်။

ပေါ့ဘာ နဲ့ ဘရူနိုတို့နောက်မှသာ ပွဲထွက်ခွင့် ရနေတာဖြစ်လို့ အဲဗာတန်သို့ အငှားဖြင့် ပြောင်းရွှေ့ခြင်းဟာ ဗန်ဒီဘိခ်အတွက် ပွဲကစားချိန်ရရန် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်သော်လည်း အဲဗာတန်၏ ကမ်းလှမ်းမှုကို မန်ချက်စတာ ယူနိုက်တက် အသင်းက ငြင်းဆန်ပယ်ချ ခဲ့ပါတယ်။

ဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဖြစ်သူ အယ်ဘားက “အီတလီ၊ ဂျာမနီ၊ အင်္ဂလန်က ကလပ်အသင်းတွေက စိတ်ဝင်စားမှုတွေ ရခဲ့လို့ ဗန်ဒီဘိခ်ရဲ့ အလားအလာက ကောင်းပါတယ်။ ဒါပေမယ့် ကလပ်အသင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ မရခဲ့ဘူး။ သူ့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပေမယ့် အသင်းက လိုချင်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ”

“ ဗန်ဒီဘိခ်ကို ပွဲကစားချိန်နဲ့ အခွင့်အရေး ပေးမယ်လို့ ပြောထားပြီး အချိန်နဲ့အမျှ သိရမှာပါ။ အရင်ကလည်း သူ့ကို ဒီလိုကတိမျိုးတွေ ပေးဖူးပါတယ်။ ဗန်ဒီဘိခ်ကို ပျော်နေသလား၊ စိတ်ညစ်နေသလားလို့ မေးရမှာဆိုရင်တော့ သူ ဘယ်လောက် ဘောလုံးကစားချင်လဲဆိုတာကိုသိရင် အဖြေရှိပါတယ်”ဟု ပြောဆိုခဲ့ပါတယ်။

Zawgyi Version

အဲဗာတန္အသင္းဟာ အေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို အငွားျဖင့္ ေခၚယူရန္ ႀကိဳးပမ္းခဲ့‌ ေပမယ့္ ယူနိုက္တက္ အသင္းက ပယ္ခ်ခဲ့ ေၾကာင္း သိရပါတယ္။ ဗန္ဒီဘိခ္ဟာ နည္းျပ ဆိုးရွားရဲ႕ အစီအစဥ္မွာ ပါဝင္‌ေနေၾကာင္း ေျပာဆိုခဲ့ၿပီး ယူနိုက္တက္ဘက္ ျငင္းဆိုခဲ့တာပါ။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ဗန္ဒီဘိခ္ဟာ ယူနိုက္တက္ထံသို႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၃၅ သန္းျဖင့္ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနသူ ျဖစ္ပါတယ္။ လက္ရွိရာသီမွာ ဗန္ဒီဘိခ္အတြက္ အခြင့္အေရးမ်ား ရရွိမည္ျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက ေျပာဆိုထားေသာ္လည္း ယခုအခ်ိန္အထိ ပြဲထြက္ခြင့္ မရေသးတာ ျဖစ္ပါတယ္။

ေပါ့ဘာ နဲ႕ ဘ႐ူနိုတို႔ေနာက္မွသာ ပြဲထြက္ခြင့္ ရေနတာျဖစ္လို႔ အဲဗာတန္သို႔ အငွားျဖင့္ ေျပာင္းေ႐ႊ႕ျခင္းဟာ ဗန္ဒီဘိခ္အတြက္ ပြဲကစားခ်ိန္ရရန္ အခြင့္အေရးတစ္ရပ္ ျဖစ္လာနိုင္ေသာ္လည္း အဲဗာတန္၏ ကမ္းလွမ္းမႈကို မန္ခ်က္စတာ ယူနိုက္တက္ အသင္းက ျငင္းဆန္ပယ္ခ် ခဲ့ပါတယ္။

ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္ျဖစ္သူ အယ္ဘားက “အီတလီ၊ ဂ်ာမနီ၊ အဂၤလန္က ကလပ္အသင္းေတြက စိတ္ဝင္စားမႈေတြ ရခဲ့လို႔ ဗန္ဒီဘိခ္ရဲ႕ အလားအလာက ေကာင္းပါတယ္။ ဒါေပမယ့္ ကလပ္အသင္းရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတာ့ မရခဲ့ဘူး။ သူ႕အတြက္ စိတ္ပ်က္စရာ ျဖစ္ခဲ့ရေပမယ့္ အသင္းက လိုခ်င္ေနေသးတယ္ဆိုတဲ့ အဓိပၸာယ္ပါ။ ”

“ ဗန္ဒီဘိခ္ကို ပြဲကစားခ်ိန္နဲ႕ အခြင့္အေရး ေပးမယ္လို႔ ေျပာထားၿပီး အခ်ိန္နဲ႕အမွ် သိရမွာပါ။ အရင္ကလည္း သူ႕ကို ဒီလိုကတိမ်ိဳးေတြ ေပးဖူးပါတယ္။ ဗန္ဒီဘိခ္ကို ေပ်ာ္ေနသလား၊ စိတ္ညစ္ေနသလားလို႔ ေမးရမွာဆိုရင္ေတာ့ သူ ဘယ္ေလာက္ ေဘာလုံးကစားခ်င္လဲဆိုတာကိုသိရင္ အေျဖရွိပါတယ္”ဟု ေျပာဆိုခဲ့ပါတယ္။