Spots news

ဗန်ပါစီ နဲ့ နစ္စတယ်ရွိုင်း နှစ်‌ယောက်ပေါင်းထားတဲ့ခြေစွမ်းလို့ ချီးကျူးခံရတဲ့ ဂရင်းဝုဒ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ဟာ ယခင် ယူနိုက်တက်ရဲ့ ထိပ်ထိပ်ကြဲ ဂိုးသွင်း မုဆိုး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ နစ္စတယ်ရွိုင်း နဲ့ ရော်ဘင် ဗန်ပါစီတို့ပေါင်းစပ်ထားတဲ့ တိုက်စစ်မှူး ဖြစ်နေကြောင်း အသင်းရဲ့ ဂန္တဝင် နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။

အဂ်လန် လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ဟာ အသက် ၁၉ နှစ်ပဲ ရှိသေးပတဲ့ ဆယ်ကျော်သက်ကစားသမားတစ်ဦးဖြစ်ပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပါတယ် ဆိုတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာ ယခုရာသီ ယူနိုက်တက်အတွက် သူဟာ ၃ပွဲကစား သွင်းဂိုး ၃ဂိုး ရယူထားနိုင်ပါတယ်။

ဒါ့အပြင် အချက်အလက် မှတ်တမ်းတွေအရ ဂရင်းဝုဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ရယူထားနိုင်တဲ့ ရမှတ် ၇မှတ်စလုံးကို ရယူပေးထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း သိရပါတယ်။

ဂရင်းဝုဒ်ဟာ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှ အသက် ၂၀ ပြည့်မှာ ဖြစ်ပေမယ့် အသက်အငယ်ဆုံး လိဂ် ဂိုး ၂၀ ပြည့်တဲ့ ကစားသမားအဖြစ် ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဖောင်လာ၊အိုဝင် ၊ ရွန်းနီတို့နဲ့အတူ ရပ်တည်နေသလို ဖောင်လာနောက်ပိုင်း ပွဲဦးထွက် ၃ ပွဲမှာ ၃ ဂိုးသွင်းတဲ့ စံချိန်ကိုလဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန်က “ ဂရင်းဝုဒ်ကို မြင်ရတာ ဗန်ပါစီ့ကို ကြည့်နေရသလိုပါပဲ။ သူ့ရဲ့ ဘောလုံးလက်ခံပုံ နဲ့ ကန်သွင်းတဲ့ စတိုင်တွေက ဗန်ပါစီလို့ ခံစားရစေပါတယ်။ ပြီးတော့ သူ့ရဲ့ အဆုံးသတ်။ နေရာမရွေး ၊

ဘယ်ညာမရွေးဘဲ ကြုံသလို အဆုံးသတ်နေတာဟာ တစ်ယောက်ယောက်နဲ့ သွားတူနေပြန်ပါတယ်။ အဲ့တာ နစ္စတယ်ရွိုင်းပဲ ။ဒါကြောင့် ဂရင်းဝုဒ် လေးဟာ ဗန်ပါစီ နဲ့ နစ္စတယ်ရွိုင်းတို့ ပေါင်းစပ်ထားသလို ပါပဲ ” လို့ ချီးကျူးခဲ့ပါတယ်

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ လူငယ္ ၾကယ္ပြင့္ တိုက္စစ္မႉး ေမဆင္ ဂရင္းဝုဒ္ဟာ ယခင္ ယူနိုက္တက္ရဲ႕ ထိပ္ထိပ္ႀကဲ ဂိုးသြင္း မုဆိုး တိုက္စစ္မႉးေတြ ျဖစ္ၾကတဲ့ နစၥတယ္႐ြိုင္း နဲ႕ ေရာ္ဘင္ ဗန္ပါစီတို႔ေပါင္းစပ္ထားတဲ့ တိုက္စစ္မႉး ျဖစ္ေနေၾကာင္း အသင္းရဲ႕ ဂႏၲဝင္ ေနာက္ခံလူေဟာင္းႀကီး ရီယို ဖာဒီနန္က ခ်ီးက်ဴးလိုက္ပါတယ္။

အဂ္လန္ လူငယ္ၾကယ္ပြင့္ ဂရင္းဝုဒ္ဟာ အသက္ ၁၉ ႏွစ္ပဲ ရွိေသးပတဲ့ ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းပါတယ္ ဆိုတဲ့ ပရီးမီးယားလိဂ္ ေဘာလုံးၿပိဳင္ပြဲမွာ ယခုရာသီ ယူနိုက္တက္အတြက္ သူဟာ ၃ပြဲကစား သြင္းဂိုး ၃ဂိုး ရယူထားနိုင္ပါတယ္။

ဒါ့အျပင္ အခ်က္အလက္ မွတ္တမ္းေတြအရ ဂရင္းဝုဒ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္း ရယူထားနိုင္တဲ့ ရမွတ္ ၇မွတ္စလုံးကို ရယူေပးထားနိုင္တဲ့ ကစားသမား တဦး ျဖစ္ေၾကာင္း သိရပါတယ္။

ဂရင္းဝုဒ္ဟာ လာမယ့္ ေအာက္တိုဘာ ၁ ရက္ေန႕မွ အသက္ ၂၀ ျပည့္မွာ ျဖစ္ေပမယ့္ အသက္အငယ္ဆုံး လိဂ္ ဂိုး ၂၀ ျပည့္တဲ့ ကစားသမားအျဖစ္ ဂႏၲဝင္ကစားသမားေတြျဖစ္တဲ့ ေဖာင္လာ၊အိုဝင္ ၊ ႐ြန္းနီတို႔နဲ႕အတူ ရပ္တည္ေနသလို ေဖာင္လာေနာက္ပိုင္း ပြဲဦးထြက္ ၃ ပြဲမွာ ၃ ဂိုးသြင္းတဲ့ စံခ်ိန္ကိုလဲ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဖာဒီနန္က “ ဂရင္းဝုဒ္ကို ျမင္ရတာ ဗန္ပါစီ့ကို ၾကည့္ေနရသလိုပါပဲ။ သူ႕ရဲ႕ ေဘာလုံးလက္ခံပုံ နဲ႕ ကန္သြင္းတဲ့ စတိုင္ေတြက ဗန္ပါစီလို႔ ခံစားရေစပါတယ္။ ၿပီးေတာ့ သူ႕ရဲ႕ အဆုံးသတ္။ ေနရာမေ႐ြး ၊

ဘယ္ညာမေ႐ြးဘဲ ႀကဳံသလို အဆုံးသတ္ေနတာဟာ တစ္ေယာက္ေယာက္နဲ႕ သြားတူေနျပန္ပါတယ္။ အဲ့တာ နစၥတယ္႐ြိုင္းပဲ ။ဒါေၾကာင့္ ဂရင္းဝုဒ္ ေလးဟာ ဗန္ပါစီ နဲ႕ နစၥတယ္႐ြိုင္းတို႔ ေပါင္းစပ္ထားသလို ပါပဲ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္