Spots news

ရော်နယ်ဒိုထွက်ခွာသွားပြီး ဒိုင်ဘာလာကို စာချုပ်သစ်ကမ်းလှမ်းနေရတဲ့ ဂျူဗင်တပ်

Unicode Version

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့တိုက်စစ်ကစားသမား ဒိုင်ဘာလာကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ယခုတစ်ပတ်အတွင်း ကစားသမာရဲ့ အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း အီတလီအားကစား မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

ဂျူဗင်တပ်အသင်းဟာ အဓိက တိုက်စစ်မှူးဖြစ်သူ ရော်နယ်လ်ဒိုကို ယခုနွေရာသီ အပြောင်းအရွှေ့မှာ မန်ယူနိုက်တက် အသင်းကို ရောင်းချပြီးနောက် ကျန်ရှိနေတဲ့ အဓိက တိုက်စစ်ကစားသမား ဒိုင်ဘာလာကို စာချုပ်သစ် ချုပ်ဆိုရန် အရေးတကြီး ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ ဒိုင်ဘာလာတို့ရဲ့ စာချုပ်ဟာ ၂၀၂၂ ဇွန်လ ၃၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကစားသမားကို စာချုပ်သစ်ချုပ်ဆိုရန် ပြီးခဲ့တဲ့ ရာသီကတည်းက ကြိုးစားနေတာပါ။ ဒိုင်ဘာလာရဲ့ အေးဂျင့်နှင့် ၃ ကြိမ်အထိ ဆွေးနွေးခဲ့ပြီ ဖြစ်ပေမယ့် သဘောတူညီမှုမရသေးကြောင်း သိရပါတယ်

လက်ရှိ ဂျူဗင်တပ်နည်းပြ အယ်လီဂရီမှာလည်း ဒိုင်ဘာလာနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်တာကြောင့် ဒိုင်ဘာလာအနေဖြင့် ဂျူဗင်တပ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက သုံးသပ်ခဲ့ကြပါတယ်။

ဒိုင်ဘာလာဟာ ၂၀၁၅ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပါလာမိုအသင်းကနေ ဂျူဗင်တပ်အသင်းသို့ ယူရို ၃၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့သလို ပြိုင်ပွဲစုံ ၂၅၆ ပွဲတွင် ၁၀၁ ဂိုး သွင်းယူထားနိုင်ပါတယ်။

Zawgyi Version

စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းဟာ အသင္းရဲ႕တိုက္စစ္ကစားသမား ဒိုင္ဘာလာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ ယခုတစ္ပတ္အတြင္း ကစားသမာရဲ႕ ေအးဂ်င့္ျဖစ္သူႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္ေနေၾကာင္း အီတလီအားကစားမီဒီယာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ အဓိက တိုက္စစ္မႉးျဖစ္သူ ေရာ္နယ္လ္ဒိုကို ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ မန္ယူနိုက္တက္အသင္းကို ေရာင္းခ်ၿပီးေနာက္ က်န္ရွိေနတဲ့ အဓိက တိုက္စစ္ကစားသမား ဒိုင္ဘာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ အေရးတႀကီး ျပင္ဆင္လာျခင္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နဲ႕ ဒိုင္ဘာလာတို႔ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၂ ဇြန္လ ၃၀ ရက္မွာ သက္တမ္းကုန္ဆုံးမွာ ျဖစ္ၿပီး ကစားသမားကို  စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ၿပီးခဲ့တဲ့ ရာသီကတည္းက ႀကိဳးစားေနတာပါ။ ဒိုင္ဘာလာရဲ႕ ေအးဂ်င့္ႏွင့္ ၃ ႀကိမ္အထိ ေဆြးေႏြးခဲ့ၿပီ ျဖစ္ေပမယ့္ သေဘာတူညီမႈမရေသးေၾကာင္း သိရပါတယ္။

လက္ရွိ ဂ်ဴဗင္တပ္နည္းျပ အယ္လီဂရီမွာလည္း ဒိုင္ဘာလာႏွင့္ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူ ျဖစ္တာေၾကာင့္ ဒိုင္ဘာလာအေနျဖင့္ ဂ်ဴဗင္တပ္အသင္းႏွင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖြယ္ရွိေနေၾကာင္း အီတလီမီဒီယာမ်ားက သုံးသပ္ခဲ့ၾကပါတယ္။

ဒိုင္ဘာလာဟာ ၂၀၁၅ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ပါလာမိုအသင္းကေန ဂ်ဴဗင္တပ္အသင္းသို႔ ယူရို ၃၂ သန္းျဖင့္ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး အသင္းရဲ႕ အဓိက ကစားသမား ျဖစ္ခဲ့သလို ၿပိဳင္ပြဲစုံ ၂၅၆ ပြဲတြင္ ၁၀၁ ဂိုး သြင္းယူထားနိုင္ပါတယ္။