Spots news

ယူနိုက်တက်ရဲ့ ဂန္ထဝင်ကျောနံပါတ် ၇ က သူ့အတွက် ဂျာစီတစ်ထည်သာဖြစ်တယ်ဆိုတဲ့ ဒီမာရီယာ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟောင်း ဒီမာရီယာက အိုးထရက်ဖို့ဒ်မှာ သူ ခြေစွမ်းမပြနိုင်ခဲ့တာဟာ နည်းပြဗန်ဟားလ်ကြောင့် ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

နည်းပြဗန်ဟားလ်ကြောင့်သာဖြစ်ပြီး ကျောနံပါတ် ၇ နဲ့ ဘာမှမဆိုင်ဘူးလို့ အာဂျင်တီးနားတောင်ပံကစားသမားက ပြောဆိုခဲ့ရာမှာ အသုံးအနှုန်းကြမ်းကြမ်းနဲ့ သုံးစွဲသွားခဲ့ပါတယ်။

၂၀၁၄ မှာတော့ ဒီမာရီယာကို ယူနိုက်တက်က ပေါင်သန်း ၆၀ အထိပေးကာ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်တင်ခဲ့သလို ကျောနံပါတ် ၇ ကိုလည်း ဝတ်ဆင်စေခဲ့ပြိး အစောပိုင်းမှာတော့ ဒီမာရီယာခြေစွမ်းပြခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပွဲထွက်ခွင့်တောင် ပုံမှန်မရတော့တဲ့အထိ ဖြစ်သွားခဲ့ပြီး ပီအကစ်ဂျီကို ပြောင်းရွှေ့ခဲ့ရကာ ယူနိုက်တက်အတွက် ၃၂ ပွဲသာ ကစားပေးခဲ့ရပြီး ၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

TyC Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ဒီမာရီယာက “ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ကို ကျွန်တော် ေ-ာက်ဂရုမစိုက်ခဲ့ဘူး၊ အစပိုင်းမှာ လူတွေက ဒီကျောနံပါတ်အကြောင်းပဲ ပြောနေတော့တာပဲ၊ အဲဒါက ဂျာစီတစ်ထည်ပဲလေ၊ ဘာမှမှမဟုတ်တာ၊

ယူနိုက်တက်မှာ ကျွန်တော့်အတွက် ပြသနာက နည်းပြဖြစ်ခဲ့တာပါ၊ ဗန်ဟားလ်က ကျွန်တော့်ကစားသမားဘဝမှာ အဆိုးရွားဆုံးပါပဲ၊ ကျွန်တော်ဂိုးသွင်းနိုင်တယ်၊ ဖန်တီးနိုင်တယ်ဆိုရင်တောင် နောက်ရက်မှာ ကျွန်တော်လူပေးမှားတယ်ဆိုပြီး အပြစ်တင်နေတာ”

“နောက်တစ်ရက်ဆို ကျွန်တော့်ကို တခြားနေရာပြောင်းကစားခိုင်းတယ်၊ သူက ကစားသမားတွေကို သူ့ကိုယ်သူလောက် သဘောကျတဲ့သူမဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒါဟာ ယူနိုက်တက်ရဲ့ နာမည်ကျော်ဂျာစီ ၇ က ကျိန်စာသင့်နေတာဆိုတဲ့ စကားတွေကို ဒီမာရီယာက ဆန့်ကျင်ပြောဆိုခဲ့တာဖြစ်ပြီး နည်းပြကြောင့်သာ သူ ခြေစွမ်းမပြနိုင်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းပြခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ေဟာင္း ဒီမာရီယာက အိုးထရက္ဖို႔ဒ္မွာ သူ ေျခစြမ္းမျပနိုင္ခဲ့တာဟာ နည္းျပဗန္ဟားလ္ေၾကာင့္ ျဖစ္တယ္လို႔ ျပစ္တင္ေျပာဆိုလိုက္ပါတယ္။

နည္းျပဗန္ဟားလ္ေၾကာင့္သာျဖစ္ၿပီး ေက်ာနံပါတ္ ၇ နဲ႕ ဘာမွမဆိုင္ဘူးလို႔ အာဂ်င္တီးနားေတာင္ပံကစားသမားက ေျပာဆိုခဲ့ရာမွာ အသုံးအႏႈန္းၾကမ္းၾကမ္းနဲ႕ သုံးစြဲသြားခဲ့ပါတယ္။

၂၀၁၄ မွာေတာ့ ဒီမာရီယာကို ယူနိုက္တက္က ေပါင္သန္း ၆၀ အထိေပးကာ ရီးရဲလ္မက္ဒရစ္ကေန ေခၚယူခဲ့တာျဖစ္ပါတယ္။ ၿဗိတိန္ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္တင္ခဲ့သလို ေက်ာနံပါတ္ ၇ ကိုလည္း ဝတ္ဆင္ေစခဲ့ၿပိး အေစာပိုင္းမွာေတာ့ ဒီမာရီယာေျခစြမ္းျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ပြဲထြက္ခြင့္ေတာင္ ပုံမွန္မရေတာ့တဲ့အထိ ျဖစ္သြားခဲ့ၿပီး ပီအကစ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့ရကာ ယူနိုက္တက္အတြက္ ၃၂ ပြဲသာ ကစားေပးခဲ့ရၿပီး ၄ ဂိုးသြင္းယူေပးနိုင္ခဲ့ပါတယ္။

TyC Sports နဲ႕ ေတြ႕ဆုံခဲ့ရာမွာ ဒီမာရီယာက “ယူနိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ကို ကြၽန္ေတာ္ ေ-ာက္ဂ႐ုမစိုက္ခဲ့ဘူး၊ အစပိုင္းမွာ လူေတြက ဒီေက်ာနံပါတ္အေၾကာင္းပဲ ေျပာေနေတာ့တာပဲ၊ အဲဒါက ဂ်ာစီတစ္ထည္ပဲေလ၊ ဘာမွမွမဟုတ္တာ၊

ယူနိုက္တက္မွာ ကြၽန္ေတာ့္အတြက္ ျပသနာက နည္းျပျဖစ္ခဲ့တာပါ၊ ဗန္ဟားလ္က ကြၽန္ေတာ့္ကစားသမားဘဝမွာ အဆိုး႐ြားဆုံးပါပဲ၊ ကြၽန္ေတာ္ဂိုးသြင္းနိုင္တယ္၊ ဖန္တီးနိုင္တယ္ဆိုရင္ေတာင္ ေနာက္ရက္မွာ ကြၽန္ေတာ္လူေပးမွားတယ္ဆိုၿပီး အျပစ္တင္ေနတာ”

“ေနာက္တစ္ရက္ဆို ကြၽန္ေတာ့္ကို တျခားေနရာေျပာင္းကစားခိုင္းတယ္၊ သူက ကစားသမားေတြကို သူ႕ကိုယ္သူေလာက္ သေဘာက်တဲ့သူမဟုတ္ဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါဟာ ယူနိုက္တက္ရဲ႕ နာမည္ေက်ာ္ဂ်ာစီ ၇ က က်ိန္စာသင့္ေနတာဆိုတဲ့ စကားေတြကို ဒီမာရီယာက ဆန႔္က်င္ေျပာဆိုခဲ့တာျဖစ္ၿပီး နည္းျပေၾကာင့္သာ သူ ေျခစြမ္းမျပနိုင္ခဲ့တာျဖစ္တယ္လို႔ ျပန္လည္ေျဖရွင္းျပခဲ့တာလည္းျဖစ္ပါတယ္။