Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကျောနံပါတ်ကို တရားဝင် ထုတ်ပြန်ကြေငြာ သွားပြီဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ကျောနံပါတ်ကတော့ ပရိတ်သတ်တွေ မျှော်လင့်ထားခဲ့တဲ့ အတိုင်း သူ့ရဲ့ မူပိုင် ကျောနံပါတ်ကို ပြန်လည်ဝတ်ဆင်ခွင့် ရခဲ့ပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်ဒိုက သူ့ရဲ့ကျောနံပါတ်ဟောင်း ၇ ကိုသာ ပြန်လည်၀တ်ဆင်သွားမှာဖြစ်ပြီး ယခုလက်ရှ်ိ ကျောနံပတ် ၇ ပိုင်ရှင်ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီကတော့ မှာ နိုင်ငံလက်ရွေးစင် ဥရုဂွေးအသင်းမှာ ဝတ်ဆင်တဲ့ ကျောနံပါတ် ၂၁ ကို၀တ်ဆင်သွားမှာ ဖြစ်ပါတယ်။
မူလက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၂၁ ပိုင်ရှင် ဒန်နီရယ်ဂျိမ်းစ်ဟာ လိဒ်ယူနိုက်တက် အသင်းကိုပြောင်း ရွေ့သွားတာ ကြောင့် သူ့ရဲ့ ကျောနံပါတ် ၂၁ ကို ကာဗာနီက ရယူလိုက်တာဖြစ်ပြီး ကာဗာနီဟာလဲ နံပါတ် ၇ကို မူလပိုင်ရှင် ရော်နယ်ဒိုကို ပြန်ပေးဖို့ လိုလိုလားလား ဆန္ဒရှိခဲ့ပါတယ်။
ရော်နယ်ဒိုကလဲ သူအကြိုက်ဆုံး ကျောနံပါတ် ၇ ကို သူ့ကို ဝတ်ဆင်စေခဲ့ပြီး နံပါတ် ၂၁ ကိုသာ ယူခဲ့တဲ့ အသင်းဖော်သစ် တိုက်စစ်မှူး ကာဗာနီကို ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။ပေါ်တူဂီ တိုက်စစ်မှူးဟာ အသင်းတိုင်းမှာ ကျောနံပါတ် ၇ ကိုသာ ဝတ်ဆင်ခဲ့တာဖြစ်ကာ ရီးရဲလ်မှာတုန်းကလည်း ကျောနံပါတ် ၇ ကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက “ကျောနံပါတ် ၇ ကိုနောက်တစ်ကြိမ် ထပ်ဝတ် ရပါ့မလားဆိုတာကို ကျနော် သေချာပေါက် မပြောနိုင်ခဲ့ဘူး။ ဒါကြောင့် ဟောဒီနံပါတ် ၇ ဂျာစီအတွက် ကာဗာနီကိုကျေးဇူးအများကြီး တင်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အံ့ဩဖို့ ကောင်းလောက်အောင်ကိုရက်ရောလွန်းတဲ့ သူ့ရဲ့စိတ်ထား ကိုရောပေါ့” ဟု ပြောကြား ခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့ ကစားသမားေဟာင္း ခရစၥတီယာနို ေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ကို တရားဝင္ ထုတ္ျပန္ေၾကျငာ သြားၿပီျဖစ္ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ကေတာ့ ပရိတ္သတ္ေတြ ေမွ်ာ္လင့္ထားခဲ့တဲ့ အတိုင္း သူ႕ရဲ႕ မူပိုင္ ေက်ာနံပါတ္ကို ျပန္လည္ဝတ္ဆင္ခြင့္ ရခဲ့ပါတယ္။
ျပန္လည္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒိုက သူ႕ရဲ႕ေက်ာနံပါတ္ေဟာင္း ၇ ကိုသာ ျပန္လည္၀တ္ဆင္သြားမွာျဖစ္ၿပီး ယခုလက္ရွ္ိ ေက်ာနံပတ္ ၇ ပိုင္ရွင္ဥ႐ုေဂြး ဝါရင့္ တိုက္စစ္မႉးႀကီး ကာဗာနီကေတာ့ မွာ နိုင္ငံလက္ေ႐ြးစင္ ဥ႐ုေဂြးအသင္းမွာ ဝတ္ဆင္တဲ့ ေက်ာနံပါတ္ ၂၁ ကို၀တ္ဆင္သြားမွာ ျဖစ္ပါတယ္။
မူလက မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ေက်ာနံပါတ္ ၂၁ ပိုင္ရွင္ ဒန္နီရယ္ဂ်ိမ္းစ္ဟာ လိဒ္ယူနိုက္တက္ အသင္းကိုေျပာင္း ေ႐ြ႕သြားတာ ေၾကာင့္ သူ႕ရဲ႕ ေက်ာနံပါတ္ ၂၁ ကို ကာဗာနီက ရယူလိုက္တာျဖစ္ၿပီး ကာဗာနီဟာလဲ နံပါတ္ ၇ကို မူလပိုင္ရွင္ ေရာ္နယ္ဒိုကို ျပန္ေပးဖို႔ လိုလိုလားလား ဆႏၵရွိခဲ့ပါတယ္။
ေရာ္နယ္ဒိုကလဲ သူအႀကိဳက္ဆုံး ေက်ာနံပါတ္ ၇ ကို သူ႕ကို ဝတ္ဆင္ေစခဲ့ၿပီး နံပါတ္ ၂၁ ကိုသာ ယူခဲ့တဲ့ အသင္းေဖာ္သစ္ တိုက္စစ္မႉး ကာဗာနီကို ေက်းဇူးတင္စကား ေျပာၾကားလိုက္ပါတယ္။ေပၚတူဂီ တိုက္စစ္မႉးဟာ အသင္းတိုင္းမွာ ေက်ာနံပါတ္ ၇ ကိုသာ ဝတ္ဆင္ခဲ့တာျဖစ္ကာ ရီးရဲလ္မွာတုန္းကလည္း ေက်ာနံပါတ္ ၇ ကိုဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒိုက “ေက်ာနံပါတ္ ၇ ကိုေနာက္တစ္ႀကိမ္ ထပ္ဝတ္ ရပါ့မလားဆိုတာကို က်ေနာ္ ေသခ်ာေပါက္ မေျပာနိုင္ခဲ့ဘူး။ ဒါေၾကာင့္ ေဟာဒီနံပါတ္ ၇ ဂ်ာစီအတြက္ ကာဗာနီကိုေက်းဇူးအမ်ားႀကီး တင္တယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။ အံ့ဩဖို႔ ေကာင္းေလာက္ေအာင္ကိုရက္ေရာလြန္းတဲ့ သူ႕ရဲ႕စိတ္ထား ကိုေရာေပါ့” ဟု ေျပာၾကား ခဲ့ပါတယ္။