Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ရော်နယ်ဒိုဟာ ယနေ့မှာ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဆီသို့ လာရောက် ပူးပေါင်းဖို့ အတွက် မန်ချက်စတာကို ရောက်ရှိလာမည် ဖြစ်ကြောင်းသိရပါတယ်။ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ သူ့ရဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အိုင်ယာလန်အသင်းကို ၂ဂိုး ၁ဂိုးနဲ့အနိင်ရရှိခဲ့တဲ့ Come Backပွဲစဥ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးပြီးနောက် ဂျာစီချွတ်ကာ အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။
ထို့ကြောင့် ပွဲပယ်ပြစ်ဒဏ် ရရှိခဲ့ပြီး ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ ရှေ့လာမယ့်ပွဲစဥ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။ ထို့အတွက်ပေါ်တူဂီအသင်းမှ ရော်နယ်ဒိုကို စောစီးစွာ ပြန်လည်စေလွှတ်ခဲ့ပြီလို့ သိရပါတယ်။
သတင်းတွေအရတော့ ရော်နယ်ဒိုဟာ ယနေ့မှာပဲ မန်ချက်စတာမြို့ကို ထွက်ခွာလာမယ်လို့ ဆိုပါတယ်။ မန်ချက်စတာမြို့ကို ရောက်ရှိရင်တော့ ရော်နယ်ဒိုဟာ ကွာရန်တင်း ၅ရက်ဝင်ရဦးမယ်လို့လည်း သိရပါတယ်။
ယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိခဲ့တဲ့ ရော််နယ်ဒိုဟာ ယမန်နေ့က အိုင်ယာလန် အသင်းနဲ့ ပွဲစဥ်မှာ သွင်းဂိုး ၂ဂိုးသွင်းယူပြီး သမိုင်းတစ်လျှောက် နိုင်ငံလက်ရွေးစင်သွင်းဂိုး အများဆုံးသွင်းယူနိင်သူအဖြစ် သွင်းဂိုး ၁၁၁ ဂိုးနဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
Zawgyi Version
ယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ယမန်နေ့က အိုင်ယာလန် အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုးသွင်းယူပြီး သမိုင်းတစ်လျှောက် နိုင်ငံလက်ရွေးစင်သွင်းဂိုး အများဆုံးသွင်းယူနိင်သူအဖြစ် သွင်းဂိုး ၁၁၁ ဂိုးနဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။