Spots news

ကိုယ့်အပြစ်နဲ့ကိုယ် ခံနေရတဲ့ ဆွစ်ဇာလန်ကစားသမား ရှာကာ

Unicode Version

ယခုရက်ပိုင်း အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အာဆင်နယ်ကစားသမား ရှာကာဟာ ကိုဗစ်ကာကွယ်ဆေး ထိုးရန် ငြင်းဆန်ခဲ့သူဖြစ်ကြောင်း ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရှာကာဟာ အာဆင်နယ်အသင်းနဲ့ တစ်ပတ် လုပ်ခလစာ ပေါင် ၁ သိန်းဖြင့် ၃ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ဆွစ်ဇာလန် လက်ရွေးစင် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ရှာကာဟာ ကိုဗစ်ကူးစက်ခံရသဖြင့် နိုင်ငံတကာပွဲများတွင် ပါဝင်ကစားခွင့် မရတော့ပါဘူး။

ရှာကာဟယ PCR ဖြင့် စစ်ဆေးရာတွင် ကိုဗစ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံခဲ့မှု ရှိပါသလားဟု မေးခွန်းများ ထွက်ပေါ်ခဲ့ ခြင်းဖြစ်ပါတယ်။ ထို့နောက် ဆွစ်ဘောလုံးအဖွဲ့ချုပ် ဆက်သွယ်ရေးတာဝန်ခံ အာနိုးက ရှာကာဟာ ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ရှာကာက ကာကွယ်ဆေး ထိုးမထားပါဘူး။ ကာကွယ်ဆေးထိုးဖို့ကိစ္စမှာ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ပါတယ်။ ဆွစ်ဇာလန်မှာရှိတဲ့ ကျန်တဲ့သူတွေ အားလုံးလည်း ဒီအတိုင်းပါပဲ။ အားလုံးဆေးထိုးသင့်တယ်လို့ အကြံပေးတာပဲ ရှိပါတယ်။ ရှာကာရဲ့ ဆုံးဖြတ်ချက်က သူ့သဘောနဲ့သူပါ။ သူ့မှာ ဆေးမထိုးဖို့ အခွင့်အရေးရှိပါတယ်။ ”

“ဆွစ်အသင်းမှာပါတဲ့ တခြားအသင်းသားတွေက ဆေးထိုးထားတာရှိသလို ကိုဗစ်ကနေ ပြန်ကောင်းလာတာလည်း ရှိပါတယ်။ ဒါကြောင့် ဆေးပညာအမြင်အရ သူတို့က အကာအကွယ် ရှိနေပါတယ်။ အခုတော့ ရှာကာ ရောဂါကူးသွားပြီ။ အားကစားဘက်ကကြည့်မယ်ဆိုရင် အရေးကြီးတဲ့အချိန်မှာ ရောဂါကူးသွားလို့ ကျွန်တော်တို့အတွက် မကောင်းပါဘူး”ဟု အာနိုးက ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ယခုရက္ပိုင္း အတြင္းမွာ ကိုဗစ္-၁၉ ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တဲ့ အာဆင္နယ္ကစားသမား ရွာကာဟာ ကိုဗစ္ကာကြယ္ေဆး ထိုးရန္ ျငင္းဆန္ခဲ့သူျဖစ္ေၾကာင္း ဆြစ္ဇာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳ ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။

ရွာကာဟာ အာဆင္နယ္အသင္းနဲ႕ တစ္ပတ္ လုပ္ခလစာ ေပါင္ ၁ သိန္းျဖင့္ ၃ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုထားသူ ျဖစ္ပါတယ္။ဆြစ္ဇာလန္ လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ အျဖစ္ တာဝန္ယူထားတဲ့ ရွာကာဟာ ကိုဗစ္ကူးစက္ခံရသျဖင့္ နိုင္ငံတကာပြဲမ်ားတြင္ ပါဝင္ကစားခြင့္ မရေတာ့ပါဘူး။

ရွာကာဟယ PCR ျဖင့္ စစ္ေဆးရာတြင္ ကိုဗစ္ကူးစက္ခံရေၾကာင္း ေတြ႕ရွိခဲ့ၿပီးေနာက္ ကာကြယ္ေဆး ထိုးႏွံခဲ့မႈ ရွိပါသလားဟု ေမးခြန္းမ်ား ထြက္ေပၚခဲ့ ျခင္းျဖစ္ပါတယ္။ ထို႔ေနာက္ ဆြစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဆက္သြယ္ေရးတာဝန္ခံ အာနိုးက ရွာကာဟာ ကာကြယ္ေဆးထိုးရန္ ျငင္းဆန္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

“ရွာကာက ကာကြယ္ေဆး ထိုးမထားပါဘူး။ ကာကြယ္ေဆးထိုးဖို႔ကိစၥမွာ ကစားသမားေတြရဲ႕ ဆုံးျဖတ္ခ်က္အတိုင္းပဲ လုပ္ပါတယ္။ ဆြစ္ဇာလန္မွာရွိတဲ့ က်န္တဲ့သူေတြ အားလုံးလည္း ဒီအတိုင္းပါပဲ။ အားလုံးေဆးထိုးသင့္တယ္လို႔ အႀကံေပးတာပဲ ရွိပါတယ္။ ရွာကာရဲ႕ ဆုံးျဖတ္ခ်က္က သူ႕သေဘာနဲ႕သူပါ။ သူ႕မွာ ေဆးမထိုးဖို႔ အခြင့္အေရးရွိပါတယ္။ ”

“ဆြစ္အသင္းမွာပါတဲ့ တျခားအသင္းသားေတြက ေဆးထိုးထားတာရွိသလို ကိုဗစ္ကေန ျပန္ေကာင္းလာတာလည္း ရွိပါတယ္။ ဒါေၾကာင့္ ေဆးပညာအျမင္အရ သူတို႔က အကာအကြယ္ ရွိေနပါတယ္။ အခုေတာ့ ရွာကာ ေရာဂါကူးသြားၿပီ။ အားကစားဘက္ကၾကည့္မယ္ဆိုရင္ အေရးႀကီးတဲ့အခ်ိန္မွာ ေရာဂါကူးသြားလို႔ ကြၽန္ေတာ္တို႔အတြက္ မေကာင္းပါဘူး”ဟု အာနိုးက ေျပာဆိုခဲ့ပါတယ္။