Spots news

အာဆင်နယ်ကို ပြောင်းရွေ့ကစားဖွယ်ရှိနေတဲ့ နောက်ခံလူ အော်ရီယာ

Unicode Version

စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အသင်းလက်မဲ့ ဖြစ်‌နေတဲ့ နောက်ခံကစားသမား ဆာဂျီအော်ရီယာဟာ အသင်းသစ်ကို ပြောင်းရွေ့ဖို့ ပြင်ဆင်နေပြီး အသင်းဟောင်းစပါးရဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အော်ရီယာဟာ နွေရာသီ အပြောင်းအရွေ့  မှာပဲ စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရကာသူ့ကို ခေါ်ယူချင်နေတဲ့ ဥရောပ ကလပ်အသင်းတွေ များစွာရှိနေပေမယ့် ပရီးမီးယားလိဂ် မှာသာ ဆက်လက် ကစားလိုတာကြောင့် စပါးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလဲ ညာနောက်ခံလူ ဘယ်လာရင်ကို ဘက်တစ်အသင်းဆီ အငှားချခဲ့ပြီး ဂျပန်နောက်ခံလူ တိုမီယာစုကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် ညာခြမ်းမှာက စီဒရစ်နဲ့ ချမ်ဘာတို့သာ ရှိနေတာကြောင့် အော်ရီယာလို အတွေ့အကြုံမြင့် ညာခြမ်း ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။

စပါးနဲ့ အာဆင်နယ်အသင်းတို့ဟာ လန်ဒန်မြို့ခံအသင်းတွေ ဖြစ်ပေမယ့် နှစ်သင်းကြားအပြောင်းအရွှေ့တွေ ဖြစ်ခဲ့ဖူးပြီး အဒီဘာယော ဂါးလက်စ် ဆိုးကမ်းဘဲလ် အစရှိတဲ့ နာမည်ကျော် ကစားသမားကို နှစ်သင်းကြား အပြောင်းအရွှေ့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အော်ရီယာကို ပြင်သစ် ရုရှားနဲ့ တူရကီ ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စား နေပြီး အာဆင်နယ်အသင်းဟာ အပြောင်းအရွေ့ကာလမှာ ငွေကြေး အမြောက်အများအသုံးပြုထားပေမယ့် အသင်းရဲ့ ရလဒ်တွေ ဆိုးရွားလျက် ရှိနေတာကြောင့် အလွတ်နဲ့ ရရှိမယ့် အော်ရီယာလို အတွေ့အကြုံရင့် ကစားသမားကို ခေါ်ယူဖွယ်ရှိနေပါတယ်။

Zawgyi Version

စပါးအသင္းနဲ႕ စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းလက္မဲ့ ျဖစ္‌ေနတဲ့ ေနာက္ခံကစားသမား ဆာဂ်ီေအာ္ရီယာဟာ အသင္းသစ္ကို ေျပာင္းေ႐ြ႕ဖို႔ ျပင္ဆင္ေနၿပီး အသင္းေဟာင္းစပါးရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းျဖစ္တဲ့ အာဆင္နယ္အသင္းဆီကို ေျပာင္းေ႐ႊ႕ကစားဖို႔ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ေအာ္ရီယာဟာ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေနာက္ဆုံးရက္ မွာပဲ စပါးအသင္းနဲ႕ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး အသင္းလက္မဲ့ ျဖစ္သြားခဲ့ရကာသူ႕ကို ေခၚယူခ်င္ေနတဲ့ ဥေရာပ ကလပ္အသင္းေတြ မ်ားစြာရွိေနေပမယ့္ ပရီးမီးယားလိဂ္ မွာသာ ဆက္လက္ ကစားလိုတာေၾကာင့္ စပါးရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ေနတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းကလဲ ညာေနာက္ခံလူ ဘယ္လာရင္ကို ဘက္တစ္အသင္းဆီ အငွားခ်ခဲ့ၿပီး ဂ်ပန္ေနာက္ခံလူ တိုမီယာစုကို ျပန္လည္ေခၚယူခဲ့ေပမယ့္ ညာျခမ္းမွာက စီဒရစ္နဲ႕ ခ်မ္ဘာတို႔သာ ရွိေနတာေၾကာင့္ ေအာ္ရီယာလို အေတြ႕အႀကဳံျမင့္ ညာျခမ္း ခံစစ္ကစားသမားတစ္ဦးကို ေခၚယူဖို႔ လိုအပ္ေနပါတယ္။

စပါးနဲ႕ အာဆင္နယ္အသင္းတို႔ဟာ လန္ဒန္ၿမိဳ႕ခံအသင္းေတြ ျဖစ္ေပမယ့္ ႏွစ္သင္းၾကားအေျပာင္းအေ႐ႊ႕ေတြ ျဖစ္ခဲ့ဖူးၿပီး အဒီဘာေယာ ဂါးလက္စ္ ဆိုးကမ္းဘဲလ္ အစရွိတဲ့ နာမည္ေက်ာ္ ကစားသမားကို ႏွစ္သင္းၾကား အေျပာင္းအေ႐ႊ႕ လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေအာ္ရီယာကို ျပင္သစ္ ႐ုရွားနဲ႕ တူရကီ ကလပ္အသင္းေတြကေန ေခၚယူသြားဖို႔ စိတ္ဝင္စား ေနၿပီး အာဆင္နယ္အသင္းဟာ အေျပာင္းအေ႐ြ႕ကာလမွာ ေငြေၾကး အေျမာက္အမ်ားအသုံးျပဳထားေပမယ့္ အသင္းရဲ႕ ရလဒ္ေတြ ဆိုး႐ြားလ်က္ ရွိေနတာေၾကာင့္ အလြတ္နဲ႕ ရရွိမယ့္ ေအာ္ရီယာလို အေတြ႕အႀကဳံရင့္ ကစားသမားကို ေခၚယူဖြယ္ရွိေနပါတယ္။