Spots news

ယူရိုဖလား မယူပဲ ကမ္ဘာ့ဖလားယူမယ့် ခြေစွမ်းနဲ့ ဟန်ဂေရီကို အနိုင်ယူပြခဲ့တဲ့ အင်္ဂလန်

Unicode Version

ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကတော့ အဝေးကွင်းမှာ ဟန်ဂေရီကို ၀-၄ ဖြင့် အနိုင်ယူပြီး ကာတာ ကမ္ဘာ့ဖလား အုပ်စု (I) မှာ ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီး ခြေစစ်ပွဲအောင်မြင်ဖို့ သေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။

ပထမပိုင်းမှာ ခြိမ်းခြောက်မှုတွေ သိပ်မလုပ်နိုင်ခဲ့ ပေမယ့် ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ မောင့်ရဲ့ ပေးပို့မှုကနေတဆင့် စတားလင်းက အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ စတားလင်းကို ဟန်ဂေရီပရိသတ်တွေက ပလပ်စတစ်ခွက်တွေနဲ့ ကွင်းထဲအထိရောက်အောင် ပစ်ပေါက်ခဲ့ပါသေးတယ်။

အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းမှာ အင်္ဂလန်ဟာ ဘောလုံးပေးပို့မှု ပိုမိုမြန်ဆန်လာပြီး ကစားပုံပိုသွက်လာပါတယ်။ ပထမဂိုးလည်းရပြီးနောက် အင်္ဂလန်ရဲ့ အသင်းလိုက် ဟန်ချက်ပိုကောင်းသွားပြီး အတွဲအဖက် မိလာခဲ့သလို ဟန်ဂေရီအသင်းရဲ့ ခံစစ်လည်း ပြိုဆင်သွားပါတယ်။

နောက်ထပ် ၆၃ မိနစ်မှာ စတားလင်းရဲ့ ဖြတ်တင်ဘောကနေ ဟယ်ရီကိန်းက လှလှပပ ခေါင်းတိုက်ဂိုးသွင်းပြခဲ့ပါတယ်။ ဂရီးလစ်ရှ် ၊ စတားလင်း နဲ့ ဟယ်ရီကိန်းတို့ရဲ့ အတွဲအဖက်က ဟန်ဂေရီ နောက်တန်းကို အတော် ဗြာများစေခဲ့ပြီး အင်္ဂလန်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုလဲ သိသိသာသာ အသာစီးရလာပါတယ်။

 

တတိယဂိုးကို မက်ဂွိုင်းယားက ခေါင်းတိုက်ပြီး ပွဲချိန် ၆၉ မိနစ်မှာ သွင်းယူခဲ့သလို ပွဲချိန် ၈၇ မိနစ်မှာ ဒယ်ကလန်ရိုက်စ်က ၄ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လူငယ်များစွာနဲ့ တက်ကြွမြန်ဆန်တဲ့ အသင်းတစ်သင်းအဖြစ် ခြေစွမ်းပြ ကစားနေပါပြီ။

Zawgyi Version

ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းကေတာ့ အေဝးကြင္းမွာ ဟန္ေဂရီကို ၀-၄ ျဖင့္ အနိုင္ယူၿပီး ကာတာ ကမာၻ႔ဖလား အုပ္စု (I) မွာ ၄ ပြဲကစား ၄ ပြဲနိုင္ ၁၂ မွတ္နဲ႕ အုပ္စုထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ေျခစစ္ပြဲေအာင္ျမင္ဖို႔ ေသခ်ာတဲ့ အေနအထားမွာ ရွိေနပါတယ္။

ပထမပိုင္းမွာ ၿခိမ္းေျခာက္မႈေတြ သိပ္မလုပ္နိုင္ခဲ့ ေပမယ့္ ဒုတိယပိုင္း ၅၅ မိနစ္မွာေတာ့ ေမာင့္ရဲ႕ ေပးပို႔မႈကေနတဆင့္ စတားလင္းက အဖြင့္ဂိုးသြင္းနိုင္ခဲ့ပါတယ္။ ဂိုးသြင္းၿပီး ေအာင္ပြဲခံတဲ့ စတားလင္းကို ဟန္ေဂရီပရိသတ္ေတြက ပလပ္စတစ္ခြက္ေတြနဲ႕ ကြင္းထဲအထိေရာက္ေအာင္ ပစ္ေပါက္ခဲ့ပါေသးတယ္။

အဂၤလန္အသင္းဟာ ဒုတိယပိုင္းမွာ အဂၤလန္ဟာ ေဘာလုံးေပးပို႔မႈ ပိုမိုျမန္ဆန္လာၿပီး ကစားပုံပိုသြက္လာပါတယ္။ ပထမဂိုးလည္းရၿပီးေနာက္ အဂၤလန္ရဲ႕ အသင္းလိုက္ ဟန္ခ်က္ပိုေကာင္းသြားၿပီး အတြဲအဖက္ မိလာခဲ့သလို ဟန္ေဂရီအသင္းရဲ႕ ခံစစ္လည္း ၿပိဳဆင္သြားပါတယ္။

ေနာက္ထပ္ ၆၃ မိနစ္မွာ စတားလင္းရဲ႕ ျဖတ္တင္ေဘာကေန ဟယ္ရီကိန္းက လွလွပပ ေခါင္းတိုက္ဂိုးသြင္းျပခဲ့ပါတယ္။ ဂရီးလစ္ရွ္ ၊ စတားလင္း နဲ႕ ဟယ္ရီကိန္းတို႔ရဲ႕ အတြဲအဖက္က ဟန္ေဂရီ ေနာက္တန္းကို အေတာ္ ျဗာမ်ားေစခဲ့ၿပီး အဂၤလန္တို႔ဟာ ေဘာလုံးပိုင္ဆိုင္မႈလဲ သိသိသာသာ အသာစီးရလာပါတယ္။

တတိယဂိုးကို မက္ဂြိုင္းယားက ေခါင္းတိုက္ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာ သြင္းယူခဲ့သလို ပြဲခ်ိန္ ၈၇ မိနစ္မွာ ဒယ္ကလန္ရိုက္စ္က ၄ ဂိုးေျမာက္ဂိုးကို သြင္းယူခဲ့ပါတယ္။ အဂၤလန္အသင္းဟာ လူငယ္မ်ားစြာနဲ႕ တက္ႂကြျမန္ဆန္တဲ့ အသင္းတစ္သင္းအျဖစ္ ေျခစြမ္းျပ ကစားေနပါၿပီ။