Spots news

ဗင်နီဆီယပ်စ် ကို‌အငှားခေါ်မည့် အာဆင်နယ် နှင့် မနက်ခင်း သတင်းတိုများ

Unicode Version

အာဆင်နယ်အသင်း နည်းပြ အာတီတာကတော့ အခု ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဗင်နီဆီယပ်စ်ဂျူနီယာကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ကြိုးစားသွားမည် ဖြစ်ကြောင်း သိရပါတယ်။

အက်သလက်တီကိုနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ တိုက်စစ်မှူးကော်စတာ ဟာ ပရီးမီးယာလိဂ်ပြန်လာဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟထားပါတယ်။အသက် 32 နှစ် ရှိပြီဖြစ်တဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ ရှရှားတူရကီလိဂ်တွေကနေ ကမ်းလှမ်းမှုရှိနေပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြန်လာဖို့စိတ်အား ထက်သန်နေတယ် လို့သိရပါတယ်။

တောင်အမေရိက ကစားသမားများ အစည်းအရုံး ဟာ တိုက်စစ်မှုး Edinson Cavani ၏ လူမျိုးရေးခွဲခြားမှု အဖြစ် အမြင်လွဲမှားစွာ စွပ်စွဲခံထားရသည့် ကိစ္စရပ်အပေါ် အ​ပြင်းအထန်ရှုံ့ချကြောင်း နှင့် ချမှတ်ထားသော ပြစ်ဒဏ်များကို ပယ်ဖျက်ပေးရန် ကြေညာချက် ထုတ်ပြန်ကာလူသိရှင်ကြား တောင်းဆိုသွားခဲ့ပါတယ်။

အင်္ဂလန်မှာ ကိုဗစ် 19 ရောဂါ ကာကွယ်ရေးအတွက် lockdown များချထားပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲများကို မရပ်နားပဲ ဆက်လက်ကျင်းပ သွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဝန်ထမ်းများမှာလဲ ကိုဗစ် positive အယောက် 40 ထပ်မံ တွေ့ရှိခဲ့ပါတယ်။

နယူးကာဆယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဘရန်ဒန် ဝီလျံနဲ့ ပတ်သက်တဲ့ အဓိကအချက်တွေကို ယူနိုက်တက် နဲ့ ဒီလအတွင်း အပြီးသတ်သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ရာသီကုန်အထိ အငှားခေါ်ယူမှာ ဖြစ်ပြီး ညာတောင်ပံခံစစ်မှာ ဝမ်ဘစ်ဆာကာ ရဲ့ အရံအဖြစ်တော့ နော်ဝစ်ခ်ျ အသင်းရဲ့ အေရွန် ကိုတော့ မန်ချက်စတာ ယူနိုက်တက်တို့ ချိတ်ဆက်ထားပါတယ်။

Zawgyi Version

အာဆင္နယ္အသင္း နည္းျပ အာတီတာကေတာ့ အခု ဇန္နဝါရီလ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဗင္နီဆီယပ္စ္ဂ်ဴနီယာကို ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႕ ေခၚယူသြားဖို႔ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

အက္သလက္တီကိုနဲ႕ စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့ တိုက္စစ္မႉးေကာ္စတာ ဟာ ပရီးမီးယာလိဂ္ျပန္လာဖို႔ ဆႏၵရွိတယ္လို႔ ဖြင့္ဟထားပါတယ္။အသက္ 32 ႏွစ္ ရွိၿပီျဖစ္တဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဒီေယဂိုေကာ္စတာဟာ ရွရွားတူရကီလိဂ္ေတြကေန ကမ္းလွမ္းမႈရွိေနေပမယ့္ ကစားသမားကိုယ္တိုင္က ပရီးမီးယားလိဂ္ကိုျပန္လာဖို႔စိတ္အားထက္သန္ေနတယ္လို႔သိရပါတယ္။

ေတာင္အေမရိက ကစားသမားမ်ား အစည္းအ႐ုံး ဟာ တိုက္စစ္မႈး Edinson Cavani ၏ လူမ်ိဳးေရးခြဲျခားမႈ အျဖစ္ အျမင္လြဲမွားစြာ စြပ္စြဲခံထားရသည့္ ကိစၥရပ္အေပၚ အ​ျပင္းအထန္ရႈံ႕ခ်ေၾကာင္း ႏွင့္ ခ်မွတ္ထားေသာ ျပစ္ဒဏ္မ်ားကို ပယ္ဖ်က္ေပးရန္ ေၾကညာခ်က္ ထုတ္ျပန္ကာလူသိရွင္ၾကား ေတာင္းဆိုသြားခဲ့ပါတယ္။

အဂၤလန္မွာ ကိုဗစ္ 19 ေရာဂါ ကာကြယ္ေရးအတြက္ lockdown မ်ားခ်ထားေပမယ့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမ်ားကို မရပ္နားပဲ ဆက္လက္က်င္းပ သြားမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ဝန္ထမ္းမ်ားမွာလဲ ကိုဗစ္ positive အေယာက္ 40 ထပ္မံေတြ႕ရွိခဲ့ပါတယ္။

နယူးကာဆယ္ အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ ေနာက္ခံလူ ဘရန္ဒန္ ဝီလ်ံနဲ႕ ပတ္သက္တဲ့ အဓိကအခ်က္ေတြကို ယူနိုက္တက္ နဲ႕ ဒီလအတြင္း အၿပီးသတ္သေဘာတူညီမႈ ရရွိဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။

ရာသီကုန္အထိ အငွားေခၚယူမွာ ျဖစ္ၿပီး ညာေတာင္ပံခံစစ္မွာ ဝမ္ဘစ္ဆာကာ ရဲ႕ အရံအျဖစ္ေတာ့ ေနာ္ဝစ္ခ္် အသင္းရဲ႕ ေအ႐ြန္ ကိုေတာ့ မန္ခ်က္စတာ ယူနိုက္တက္တို႔ ခ်ိတ္ဆက္ထားပါတယ္။