Spots news

ဟာလန်းကြောင့် လက်ကျိုးခဲ့ရတဲ့ ပရီးမီးယားလိဂ်အကောင်းဆုံး နောက်ခံလူဆိုတဲ့ ဗန်ဒိုက်

Unicode Version

ယမန်နေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ နော်ဝေအသင်းနဲ့ နယ်သာလန်အသင်းတို့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ နယ်သာလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ဟာ လက်ချောင်းကျိုး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၃၀အရွယ် နယ်သာလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒူးအရွတ် ပြတ်တောက် ဒဏ်ရာ ရရှိပြီး ကာလရှည် အနားယူခဲ့ရပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ယခင်ကလို ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသထားနိုင်သူပါ။

နော်ဝေအသင်းနဲ့ ပွဲစဉ်မှာလည်း ဗန်ဒိုက်ဟာ နယ်သာလန်အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး သွင်းဂိုး တဂိုး ခွင့်ပြုခဲ့ရပေမယ့် နော်ဝေအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို ပွဲစဉ်တခုလုံး တားဆီးနိုင်ခဲ့ပါသေးတယ်။

နော်ဝေအသင်းနဲ့ ပွဲစဉ်မှာလည်း ဗန်ဒိုက်ဟာ နယ်သာလန်အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး သွင်းဂိုး တဂိုး ခွင့်ပြုခဲ့ရပေမယ့် နော်ဝေအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို ပွဲစဉ်တခုလုံး တားဆီးနိုင်ခဲ့ပါသေးတယ်။

ဗန်ဒိုက် တယောက် လက်ချောင်းကျိုးခဲ့တဲ့ အကြောင်းကို ဟာလန်းက “ကျွန်တော်က ဗန်ဒိုက်ရဲ့ လက်ချောင်းကို ချိုးမိသလို ဖြစ်ခဲ့တယ် ထင်ပါတယ်။ အဲ့ဒါက ဘယ်လို ဖြစ်သွားတာလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဗန်ဒိုက်က သေစမ်း။ မင်း ငါ့လက်ချောင်းကို ချိုးလိုက်တယ် ဆိုပြီး ကျွန်တော့်ကို ပြောခဲ့ပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။

ဗန်ဒိုက်ဟာ လက်ချောင်းကျိုးဒဏ်ရာ ရရှိခဲ့ပေမယ့် ဒဏ်ရာဟာ အနည်းငယ်သာ နာကျင်မှု ရှိတာကြောင့် နယ်သာလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်တွေကို လွဲချော်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Zawgyi Version

ယမန္ေန႕ မနက္အေစာပိုင္းမွာ ကစားခဲ့တဲ့ ေနာ္ေဝအသင္းနဲ႕ နယ္သာလန္အသင္းတို႔ တဖက္ တဂိုးစီ သေရက်ခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္မွာ နယ္သာလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဗာဂ်ယ္ ဗန္ဒိုက္ဟာ လက္ေခ်ာင္းက်ိဳး ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရပါတယ္။

အသက္ ၃၀အ႐ြယ္ နယ္သာလန္အသင္းနဲ႕ လီဗာပူးအသင္းတို႔ရဲ႕ အဓိက ေနာက္ခံလူ ဗာဂ်ယ္ ဗန္ဒိုက္ဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ခံစစ္မႉးေတြထဲက တဦး ျဖစ္ကာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဒူးအ႐ြတ္ ျပတ္ေတာက္ ဒဏ္ရာ ရရွိၿပီး ကာလရွည္ အနားယူခဲ့ရေပမယ့္ ဒဏ္ရာကေန ျပန္လည္ သက္သာလာခ်ိန္မွာ ယခင္ကလို ေျခစြမ္းေကာင္းေတြကို ျပန္လည္ ျပသထားနိုင္သူပါ။

ေနာ္ေဝအသင္းနဲ႕ ပြဲစဥ္မွာလည္း ဗန္ဒိုက္ဟာ နယ္သာလန္အသင္းရဲ႕ ခံစစ္ေၾကာင္းကို အေကာင္းဆုံး ဦးေဆာင္နိုင္ခဲ့ၿပီး သြင္းဂိုး တဂိုး ခြင့္ျပဳခဲ့ရေပမယ့္ ေနာ္ေဝအသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟာလန္းကို ပြဲစဥ္တခုလုံး တားဆီးနိုင္ခဲ့ပါေသးတယ္။

ေနာ္ေဝအသင္းနဲ႕ ပြဲစဥ္မွာလည္း ဗန္ဒိုက္ဟာ နယ္သာလန္အသင္းရဲ႕ ခံစစ္ေၾကာင္းကို အေကာင္းဆုံး ဦးေဆာင္နိုင္ခဲ့ၿပီး သြင္းဂိုး တဂိုး ခြင့္ျပဳခဲ့ရေပမယ့္ ေနာ္ေဝအသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟာလန္းကို ပြဲစဥ္တခုလုံး တားဆီးနိုင္ခဲ့ပါေသးတယ္။

ဗန္ဒိုက္ တေယာက္ လက္ေခ်ာင္းက်ိဳးခဲ့တဲ့ အေၾကာင္းကို ဟာလန္းက “ကြၽန္ေတာ္က ဗန္ဒိုက္ရဲ႕ လက္ေခ်ာင္းကို ခ်ိဳးမိသလို ျဖစ္ခဲ့တယ္ ထင္ပါတယ္။ အဲ့ဒါက ဘယ္လို ျဖစ္သြားတာလဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ ဗန္ဒိုက္က ေသစမ္း။ မင္း ငါ့လက္ေခ်ာင္းကို ခ်ိဳးလိုက္တယ္ ဆိုၿပီး ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္” လို႔ ဖြင့္ဟ ေျပာျပခဲ့တာပါ။

ဗန္ဒိုက္ဟာ လက္ေခ်ာင္းက်ိဳးဒဏ္ရာ ရရွိခဲ့ေပမယ့္ ဒဏ္ရာဟာ အနည္းငယ္သာ နာက်င္မႈ ရွိတာေၾကာင့္ နယ္သာလန္အသင္းနဲ႕ လီဗာပူးအသင္းတို႔ရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္မွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။