Spots news

ရော်နယ်ဒို မန်ယူသို့ ပြောင်းမှာကို သိပြီးသားလို့ ဆိုလာတဲ့ တိုက်ခိုက်ရေးသမား ခါဘစ်

Unicode Version

UFC ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမားဟောင်း ခါဘစ်က ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ့်အကြောင်း လွန်ခဲ့တဲ့တစ်လကတည်းက သူ့ကိုပြောဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

MMA ပွဲတွေမှာ ရှုံးပွဲမရှိစံချိန်ကို ရယူပြီး UFC ရဲ့ ဂန္ထဝင်ဖိုက်တာတစ်ဦးအဖြစ်နဲ့ အနားယူခဲ့တဲ့ ခါဘစ်ဟာ ရော်နယ်ဒိုနဲ့ တော်တော်လေးခင်မင်ရင်းနှီးသူလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုက သူ့ရဲ့သားဖြစ်သူအနာဂတ်အတွက် ခါဘစ်နဲ့ မကြာခဏဆိုသလိုပြောဆိုဆွေးနွေးလေ့ရှိသူဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ

အသင်းဟောင်းယူနိုက်တက်ကို အံ့အားသင့်ဖွယ်ရာပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရိသတ်တွေကို အလွန်အမင်းပျော်ရွှင်စေခဲ့ပေမယ့်လည်း ခါဘစ်ကတော့ ဒီအကြောင်းကို အစောကြီးကတည်းက သိထားနှင့်ခဲ့ပြီဖြစ်ပါတယ်။

ရုရှားသတင်းဌာန RT News နဲ့ တွေ့ဆုံခဲ့ရာမှာ ခါဘစ်က “ပြီးခဲ့တဲ့တစ်လကတည်းက သူ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုတာ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ ဒီအပြောင်းအရွှေ့ဖြစ်လာမယ်လို့လည်း

ကျွန်တော်မျှော်လင့်ခဲ့ပါတယ်၊ ဂျူဗင်တပ်စ်ထက်စာရင် ယူနိုက်တက်က သူ့အတွက် ပိုပြီးတော့သင့်တော်တယ်လို့လည်း ကျွန်တော်ထင်တယ်၊ ကျွန်တော့်အတွက်တော့ သူ့ရဲ့အလှည့်အပြောင်းက အံ့သြစရာမရှိခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အားပေးမှုတွေလည်း ရှိနေခဲ့ကြပါတယ်။ ဂေ့ဂျီနဲ့ ထိုးသတ်ခဲ့တဲ့ UFC 254 ပွဲစဉ်မှာလည်း အင်စတာဂရမ်ကနေ ရော်နယ်ဒိုက အားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

သက်ဆိုင်ရာအားကစားနယ်ပယ်တွေမှာ ပြိုင်ဘက်မရှိတဲ့ ချန်ပီယံတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးက မကြာခဏဆိုသလို တွေ့ဆုံလေ့ရှိကြပြီး အချိန်ဖြုန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version

UFC ရဲ႕ နာမည္ေက်ာ္တိုက္ခိုက္ေရးသမားေဟာင္း ခါဘစ္က ေရာ္နယ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕မယ့္အေၾကာင္း လြန္ခဲ့တဲ့တစ္လကတည္းက သူ႕ကိုေျပာဆိုခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

MMA ပြဲေတြမွာ ရႈံးပြဲမရွိစံခ်ိန္ကို ရယူၿပီး UFC ရဲ႕ ဂႏၳဝင္ဖိုက္တာတစ္ဦးအျဖစ္နဲ႕ အနားယူခဲ့တဲ့ ခါဘစ္ဟာ ေရာ္နယ္ဒိုနဲ႕ ေတာ္ေတာ္ေလးခင္မင္ရင္းႏွီးသူလည္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုက သူ႕ရဲ႕သားျဖစ္သူအနာဂတ္အတြက္ ခါဘစ္နဲ႕ မၾကာခဏဆိုသလိုေျပာဆိုေဆြးေႏြးေလ့ရွိသူျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ

အသင္းေဟာင္းယူနိုက္တက္ကို အံ့အားသင့္ဖြယ္ရာေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကို အလြန္အမင္းေပ်ာ္႐ႊင္ေစခဲ့ေပမယ့္လည္း ခါဘစ္ကေတာ့ ဒီအေၾကာင္းကို အေစာႀကီးကတည္းက သိထားႏွင့္ခဲ့ၿပီျဖစ္ပါတယ္။

႐ုရွားသတင္းဌာန RT News နဲ႕ ေတြ႕ဆုံခဲ့ရာမွာ ခါဘစ္က “ၿပီးခဲ့တဲ့တစ္လကတည္းက သူ မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေ႐ႊ႕မယ္ဆိုတာ ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္၊ ဒီအေျပာင္းအေ႐ႊ႕ျဖစ္လာမယ္လို႔လည္း

ကြၽန္ေတာ္ေမွ်ာ္လင့္ခဲ့ပါတယ္၊ ဂ်ဴဗင္တပ္စ္ထက္စာရင္ ယူနိုက္တက္က သူ႕အတြက္ ပိုၿပီးေတာ့သင့္ေတာ္တယ္လို႔လည္း ကြၽန္ေတာ္ထင္တယ္၊ ကြၽန္ေတာ့္အတြက္ေတာ့ သူ႕ရဲ႕အလွည့္အေျပာင္းက အံ့ၾသစရာမရွိခဲ့ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

သူတို႔ႏွစ္ဦးဟာ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္အားေပးမႈေတြလည္း ရွိေနခဲ့ၾကပါတယ္။ ေဂ့ဂ်ီနဲ႕ ထိုးသတ္ခဲ့တဲ့ UFC 254 ပြဲစဥ္မွာလည္း အင္စတာဂရမ္ကေန ေရာ္နယ္ဒိုက အားေပးမႈေတြျပဳလုပ္ခဲ့ပါတယ္။

သက္ဆိုင္ရာအားကစားနယ္ပယ္ေတြမွာ ၿပိဳင္ဘက္မရွိတဲ့ ခ်န္ပီယံေတြျဖစ္ခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးက မၾကာခဏဆိုသလို ေတြ႕ဆုံေလ့ရွိၾကၿပီး အခ်ိန္ျဖဳန္းေလ့ရွိတယ္လို႔လည္း သိရပါတယ္။